မဏ္ဍပ်ပေါင်း (၂၀ဝ)ကျော်၊ လမ်းလျှောက်သင်္ကြန် (၂)ခုရှိထားသည့် ရန်ကုန်သင်္ကြန်အတွက်လုံခြုံရေးပိုင်း အထူးတိုးမြှင့်ထား

 5659

မြူနစ်(NP News) - ဧပြီ ၈

ရန်ကုန်တိုင်းအတွင်း၌ မဏ္ဍပ်ပေါင်း (၂၀ဝ)ကျော်၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ပြီး လုံခြုံရေးပိုင်းကို တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့ရက်အထိ တစ်နိုင်ငံလုံးတွင် ကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ကျင်းပရာတွင် ရန်ကုန်တိုင်းအတွင်း၌ ဌာနဆိုင်ရာရေကစားမဏ္ဍပ် (၁၀)ခု၊ လမ်းလျှောက် သင်္ကြန် (၁)ခု၊ ဖျော်ဖြေရေး မဏ္ဍပ် (၁)ခု၊ မြို့တော် ခန်းမတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်(၁)ခုတို့ကို ထည့်သွင်း ကျင်း ပသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က အသိပေးထားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်/မြို့ နယ်များတွင်လည်း ဗဟိုမဏ္ဍပ် (၄၃)ခု၊ ရေကစားမဏ္ဍပ် (၁၇၆)ခုကို တည်ဆောက်ကာ မဟာသင်္ကြန် ပွဲတော်ကို ဆင်နွှဲသွားရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

"လမ်းလျှောက်သင်္ကြန်ပါတယ်။ အဲဒီအတွက် မဏ္ဍပ်တွေပြင်နေပါပြီ။ မဟာဗန္ဓုလပန်းခြံ ဘေးမှာပေါ့။ မဟာဗန္ဓုလမ်းနဲ့ ကုန်သည်လမ်းကြား လမ်းတစ်လျှောက်လုံးမှာ ယခင်နှစ်အတိုင်းပဲ sprinklerတွေနဲ့ ရေပန်းရေမွှားလျှောက်လမ်း၊ နောက်ပြီး တော့ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ အရောင်းဆိုင်ခန်းတွေ အဲဒါတွေကို ပြင်နေပါတယ်။ ပြည်သူ့ရင်ပြင်မှာလည်း ဖျော်ဖြေရေးမဏ္ဍပ်ရော၊ မဏ္ဍပ်ကြီးတွေရောပါတယ်။ အဲဒီမှာလည်း လမ်းလျှောက်သင်္ကြန်ပုံစံမျိုးsprinkler နဲ့လမ်းတွေ လုပ်ထားမယ်။ အဲဒါတွေကို ပြည်သူ့ရင်ပြင်မှာ ပြင်လည်းပြင်နေပါပြီ"ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးတိုးအောင်က NP News ကို ပြောသည်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြင့် မကျင်းပနိုင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ ပြီးခဲ့သော ၂၀၂၃ ခုနှစ် သင်္ကြန်ပွဲတော်ကာလအထိပင် ဖြစ်သည်။

နိုင်ငံတော်အာဏာကို တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရယူခဲ့ပြီးနောက် ပိုင်းတွင် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ၊ ဖောက်ခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဉ် များ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရသည်။ အဆိုပါပဋိပက္ခများအနက် ရန်ကုန်မြို့၌ NUG လက်အောက်ခံ PDF အဖွဲ့အစည်းများသည် ဖောက်ခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများစွာ ကျူးလွန်ထားမှုကိုလည်း ဖြစ်စဉ်များအရ တွေ့ရှိရသည်။

မကြာခင်ကျင်းပမည့် မဟာသင်္ကြန် ပွဲတော်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့၌ သင်္ကြန်မဏ္ဍပ် တည်ဆောက်ပြင်ဆင်နေစဉ် အနီး၌ မပေါက်ကွဲသေးသည့် အဝေးထိန်းလက်လုပ်ဗုံး (၂)လုံးကို မတ် ၂၄ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

ရန်ကုန်မြို့တော်သင်္ကြန်မဏ္ဍပ်အနီးတွင် မသင်္ကာဖွယ်ရာ ကျောပိုးအိတ်အမည်းတစ်လုံးအတွင်း မှ အချင်း ၃ လက်မ၊ အရှည် ၈ လက်မခန့်ရှိ PVC ပိုက်ပြာ ၂လုံးအတွင်း ယမ်းထည့်ထားပြီး ဂက်စ်ဘူး နှစ်ဘူး၊ ဓာတ်ဆီ ၁ လီတာဝင် ပလတ်စတစ်ဘူး နှစ် ဘူး၊ ၇၇၇ တံဆိပ်ပါ ၉ ဗို့ ဓာတ်ခဲ လေးလုံးဖြင့် တွဲဆက် ပြုလုပ်ထားသော အဝေးထိန်း လက်လုပ်ဗုံး ၂ လုံးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ သင်္ကြန်မဏ္ဍပ်ကို အဝေးထိန်း လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် Dark Shadow (မြို့ပြပျောက်ကျားအဖွဲ့)မှ တာဝန်ခံဆိုသူ ချမ်းငြိမ်းသူ(ခ)ပန်ဒါလေးက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့တော်ခန်းမနှင့် သင်္ကြန်မဏ္ဍပ်ကို ဖောက်ခွဲတိုက်ခိုက်ရန် သွားရာတွင် Jammer စက် ကြောင့် အောင်မြင်မှုမရှိခဲ့သည့်အပြင် CCTV မှတ်တမ်းကြောင့် အမြန်ဆုတ်ခွာခဲ့ရပြီး လွတ်မြောက် နယ်မြေသို့ ရောက်ရှိနေပြီဟုလည်းDark Shadow အဖွဲ့မှ တာဝန်ခံဆိုသူ ပန်ဒါလေးက ၎င်း၏ လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် မတ် ၂၅ ရက်တွင် ထုတ် ဖော်အသိပေးထားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့၌ ပြီးခဲ့သောရက်ပိုင်းများ အတွင်းတွင်လည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး ထိုကဲ့သို့ ဖောက်ခွဲ တိုက်ခိုက်မှုများကိုDark Shadow အဖွဲ့အပါအဝင် အခြားသော UG အဖွဲ့(၂)အဖွဲ့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်စဉ်များကြောင့် ရန် ကုန်မြို့၌ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲရန်အတွက် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုအချို့ ရှိနေသည်ကိုလည်း တွေ့ရသည်။ "အဲဒီတုန်းက မဏ္ဍပ်က urgent လုပ်နေရတဲ့ အချိန်ဆိုတဲ့အခါကျတော့ ဝင်လိုက်ထွက်လိုက်တွေများတယ်။ အခုကတော့ ပြီးသလောက်လည်း ဖြစ်သွားပြီဆိုတော့ မဏ္ဍပ်ပိုင်းကို လုံလုံခြုံခြုံ ပြန် လုပ်ပြီးတော့ လုံခြုံရေးကို အရင်ထက်ပိုချထားပါတယ်။ လုံခြုံရေးပိုင်းကတော့ ပူပန်မှုတော့ မရှိပါဘူး။ သင်္ကြန်ကာလကတော့ လုံခြုံရေးကို တိုးမြှင့်ပြီး လုပ်ထားပါတယ်။ လုံခြုံရေးကတော့ ပိုပြီးတော့ ဆောင်ရွက်ထားတယ်။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင်လည်း လုံခြုံရေးဘက်က စိစစ် ပြီးတော့ ပြင်ဆင်ထားပါတယ်။ လုံခြုံရေးက စိတ်ချရပါတယ်။ မပူရပါဘူး။ ပြည်သူတွေ အန္တရာယ်ကင်းရှင်း အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ထားပါတယ်။ သက်ဆိုင်ရာလုံခြုံရေးဆပ်ကော်မတီတွေကတော့ လုံ ခြုံရေးကို အရင်ထက်ပိုပြီးတော့ ဂရုစိုက်ပြီးတော့ လုပ်ပေးနေကြပါတယ်။ လူကြီးတွေကလည်း ဒါတွေ ကို ကြပ်ကြပ်မတ်မတ်မှာထားပါတယ်"ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုညွှန်ချုပ်ဦး တိုးအောင်က ပြောသည်။

မကြာခင်ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နေပြည်တော်၊ ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် နစကအစိုးရက စီစဉ်ပြင်နေလျက်ရှိသည်။

"မြို့ကတော့ သူ့ဟာနဲ့သူ အေးချမ်းနေတာ ပဲ။ အေးချမ်းနေတဲ့အတိုင်းပဲ လုံခြုံရေးက ပုံမှန်အ တိုင်းပဲ ဆောင်ရွက်နေတာပေါ့လေ။ အဲဒီတော့ သင်္ကြန်နဲ့ပတ်သက်လို့ရှိရင်လည်း ပျော်ပျော်ရွှင်ရွှင်၊ စည် စည်ကားကား ဖြစ်နိုင်အောင်လည်း အကုန်လုံးက စီ စဉ်နေတာပေါ့။ အထူးသဖြင့်တော့ မြို့တော်ခန်းမနဲ့ ရင်ပြင်တို့အပါအဝင် ခရိုင်တွေ၊ မြို့နယ်တွေမှာလည်း ဒီနှစ်မဏ္ဍပ်တွေ ထိုးကြတယ်။ အဲဒါတွေ နဲ့ပတ်သက် လို့လည်း သက်ဆိုင်ရာ၊ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့ တွေကတော့ သူတို့နဂိုစီမံချက်အ တိုင်းပဲ အားလုံးက ဆောင်ရွက်နေတာရှိပါတယ်"ဟု ရန်ကုန်တိုင်း အစိုး ရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးဌေးအောင်က NP News ကို ပြောသည်။

ရန်ကုန်မြို့တွင် မဟာင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းအစိုးရအဖွဲ့က ကြိုးစားပြင်ဆင်နေလျက်ရှိကြောင်း တွေ့ရှိရသည်။ ပြည် ထောင်စုအစိုးရအဖွဲ့ရုံးစိုက်ရာ နေ ပြည်တော်တွင်လည်း သင်္ကြန်မဏ္ဍပ်များ တည်ဆောက်နေမှုနှင့်အတူ ကိုရီးယားနိုင်ငံမှ K-Pop အဆိုတော်များဖြင့် ဖျော်ဖြေကျင်းပသွားရန် ပြင်ဆင် နေလျက်ရှိသည်။

zawgyi version
မ႑ပ္ေပါင္း (၂၀ဝ)ေက်ာ္၊ လမ္းေလွ်ာက္သၾကၤန္ (၂)ခုရွိထားသည့္ ရန္ကုန္သၾကၤန္အတြက္လုံၿခဳံေရးပိုင္း အထူးတိုးျမႇင့္ထား
ျမဴနစ္(NP News) - ဧၿပီ ၈

ရန္ကုန္တိုင္းအတြင္း၌ မ႑ပ္ေပါင္း (၂၀ဝ)ေက်ာ္၊ လမ္းေလွ်ာက္သၾကၤန္ (၂)ခုတို႔ျဖင့္ သၾကၤန္ပြဲေတာ္ကို က်င္းပသြားမည္ျဖစ္ၿပီး လုံၿခဳံေရးပိုင္းကို တိုးျမႇင့္ထားေၾကာင္း သတင္းရရွိသည္။ ျမန္မာ့႐ိုးရာမဟာသၾကၤန္ပြဲေတာ္ကို ဧၿပီ ၁၃ ရက္မွ ၁၆ ရက္ေန႔ရက္အထိ တစ္ႏိုင္ငံလုံးတြင္ က်င္းပသြားမည္ျဖစ္သည္။

ထိုသို႔က်င္းပရာတြင္ ရန္ကုန္တိုင္းအတြင္း ၌ ဌာနဆိုင္ရာေရကစားမ႑ပ္ (၁၀)ခု၊ လမ္းေလွ်ာက္ သၾကၤန္ (၁)ခု၊ ေဖ်ာ္ေျဖေရး မ႑ပ္ (၁)ခု၊ ၿမိဳ႕ေတာ္ ခန္းမတြင္ ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္ႏွင့္ လမ္းေလွ်ာက္သၾကၤန္ (၁)ခုတို႔ကို ထည့္သြင္း က်င္း ပသြားမည္ျဖစ္ေၾကာင္း တိုင္းအစိုးရအဖြဲ႕က အသိေပးထားသည္။
ထို႔ျပင္ ရန္ကုန္တိုင္းအတြင္းရွိ ခ႐ိုင္/ၿမိဳ႕ နယ္မ်ားတြင္လည္း ဗဟိုမ႑ပ္ (၄၃)ခု၊ ေရကစားမ႑ပ္ (၁၇၆)ခုကို တည္ေဆာက္ကာ မဟာသၾကၤန္ ပြဲေတာ္ကို ဆင္ႏႊဲသြားရန္ ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။

"လမ္းေလွ်ာက္သၾကၤန္ပါတယ္။ အဲဒီအတြက္ မ႑ပ္ေတြျပင္ေနပါၿပီ။ မဟာဗႏၶဳလပန္းၿခံ ေဘးမွာေပါ့။ မဟာဗႏၶဳလမ္းနဲ႔ ကုန္သည္လမ္းၾကား လမ္းတစ္ေလွ်ာက္လုံးမွာ ယခင္ႏွစ္အတိုင္းပဲ sprin klerေတြနဲ႔ ေရပန္းေရမႊားေလွ်ာက္လမ္း၊ ေနာက္ၿပီး ေတာ့ ေဖ်ာ္ေျဖေရးမ႑ပ္ေတြ၊ အေရာင္းဆိုင္ခန္းေတြ အဲဒါေတြကို ျပင္ေနပါတယ္။ ျပည္သူ႔ရင္ျပင္မွာလည္း ေဖ်ာ္ေျဖေရးမ႑ပ္ေရာ၊ မ႑ပ္ႀကီးေတြေရာပါတယ္။ အဲဒီမွာလည္း လမ္းေလွ်ာက္သၾကၤန္ပုံစံမ်ိဳးsprin kler နဲ႔လမ္းေတြ လုပ္ထားမယ္။ အဲဒါေတြကို ျပည္သူ႔ရင္ျပင္မွာ ျပင္လည္းျပင္ေနပါၿပီ"ဟု ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ဒုတိယၫႊန္ၾကားေရး မႉးခ်ဳပ္ ဦးတိုးေအာင္က NP News ကို ေျပာသည္။

ျမန္မာ့႐ိုးရာသၾကၤန္ပြဲေတာ္ကို စည္စည္ကားကားျဖင့္ မက်င္းပႏိုင္ခဲ့သည္မွာ ၂၀၂၀ ျပည့္ႏွစ္ ကိုဗစ္-၁၉ ကပ္ေရာဂါစတင္ ျဖစ္ပြားခ်ိန္မွစ၍ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ သၾကၤန္ပြဲေတာ္ကာလအထိပင္ ျဖစ္သည္။

ႏိုင္ငံေတာ္အာဏာကို တပ္မေတာ္က ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ရယူခဲ့ၿပီးေနာက္ ပိုင္းတြင္ ျပည္တြင္း၌ လက္နက္ကိုင္ပဋိပကၡမ်ား၊ ေဖာက္ခြဲတိုက္ခိုက္မႈမ်ား၊ ပစ္ခတ္သတ္ျဖတ္မႈ ျဖစ္စဥ္ မ်ား ျဖစ္ေပၚလာခဲ့သည္ကို ေတြ႕ရသည္။ အဆိုပါပဋိပကၡမ်ားအနက္ ရန္ကုန္ၿမိဳ႕၌ NUG လက္ေအာက္ခံ PDF အဖြဲ႕အစည္းမ်ားသည္ ေဖာက္ခြဲတိုက္ခိုက္မႈမ်ား၊ ပစ္ခတ္သတ္ျဖတ္မႈမ်ားစြာ က်ဴးလြန္ထားမႈကိုလည္း ျဖစ္စဥ္မ်ားအရ ေတြ႕ရွိရသည္။
မၾကာခင္က်င္းပမည့္ မဟာသၾကၤန္ ပြဲေတာ္အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕၌ သၾကၤန္မ႑ပ္ တည္ေဆာက္ျပင္ဆင္ေနစဥ္ အနီး၌ မေပါက္ကြဲေသးသည့္ အေဝးထိန္းလက္လုပ္ဗုံး (၂)လုံးကို မတ္ ၂၄ ရက္တြင္ စစ္ေဆးေတြ႕ရွိခဲ့ရသည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

ရန္ကုန္ၿမိဳ႕ေတာ္သၾကၤန္မ႑ပ္အနီးတြင္ မသကၤာဖြယ္ရာ ေက်ာပိုးအိတ္အမည္းတစ္လုံးအတြင္း မွ အခ်င္း ၃ လက္မ၊ အရွည္ ၈ လက္မခန႔္ရွိ PVC ပိုက္ျပာ ၂လုံးအတြင္း ယမ္းထည့္ထားၿပီး ဂက္စ္ဘူး ႏွစ္ဘူး၊ ဓာတ္ဆီ ၁ လီတာဝင္ ပလတ္စတစ္ဘူး ႏွစ္ ဘူး၊ ၇၇၇ တံဆိပ္ပါ ၉ ဗို႔ ဓာတ္ခဲ ေလးလုံးျဖင့္ တြဲဆက္ ျပဳလုပ္ထားေသာ အေဝးထိန္း လက္လုပ္ဗုံး ၂ လုံးကို စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

အဆိုပါ သၾကၤန္မ႑ပ္ကို အေဝးထိန္း လက္လုပ္ဗုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ရန္ Dark Shadow (ၿမိဳ႕ျပေပ်ာက္က်ားအဖြဲ႕)မွ တာဝန္ခံဆိုသူ ခ်မ္းၿငိမ္းသူ(ခ)ပန္ဒါေလးက စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕ေတာ္ခန္းမႏွင့္ သၾကၤန္မ႑ပ္ကို ေဖာက္ခြဲတိုက္ခိုက္ရန္ သြားရာတြင္ Jammer စက္ ေၾကာင့္ ေအာင္ျမင္မႈမရွိခဲ့သည့္အျပင္ CCTV မွတ္တမ္းေၾကာင့္ အျမန္ဆုတ္ခြာခဲ့ရၿပီး လြတ္ေျမာက္ နယ္ေျမသို႔ ေရာက္ရွိေနၿပီဟုလည္းDark Shadow အဖြဲ႕မွ တာဝန္ခံဆိုသူ ပန္ဒါေလးက ၎၏ လူမႈကြန္ ရက္စာမ်က္ႏွာမွတစ္ဆင့္ မတ္ ၂၅ ရက္တြင္ ထုတ္ ေဖာ္အသိေပးထားသည္ကို ေတြ႕ရသည္။
ရန္ကုန္ၿမိဳ႕၌ ၿပီးခဲ့ေသာရက္ပိုင္းမ်ား အတြင္းတြင္လည္း ေဖာက္ခြဲတိုက္ခိုက္မႈ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည္ကို ေတြ႕ရွိရၿပီး ထိုကဲ့သို႔ ေဖာက္ခြဲ တိုက္ခိုက္မႈမ်ားကိုDark Shadow အဖြဲ႕အပါအဝင္ အျခားေသာ UG အဖြဲ႕(၂)အဖြဲ႕က ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ျဖစ္စဥ္မ်ားေၾကာင့္ ရန္ ကုန္ၿမိဳ႕၌က်င္းပမည့္ မဟာသၾကၤန္ပြဲေတာ္တြင္ ပါ ဝင္ဆင္ႏႊဲရန္အတြက္ ျပည္သူလူထုအေနျဖင့္ စိုးရိမ္ပူပန္မႈအခ်ိဳ႕ ရွိေနသည္ကိုလည္း ေတြ႕ရသည္။

"အဲဒီတုန္းက မ႑ပ္က urgent လုပ္ေနရတဲ့ အခ်ိန္ဆိုတဲ့အခါက်ေတာ့ ဝင္လိုက္ထြက္လိုက္ေတြမ်ားတယ္။ အခုကေတာ့ ၿပီးသေလာက္လည္း ျဖစ္သြားၿပီဆိုေတာ့ မ႑ပ္ပိုင္းကို လုံလုံၿခဳံၿခဳံ ျပန္ လုပ္ၿပီးေတာ့ လုံၿခဳံေရးကို အရင္ထက္ပိုခ်ထားပါတယ္။ လုံၿခဳံေရးပိုင္းကေတာ့ ပူပန္မႈေတာ့ မရွိပါဘူး။ သၾကၤန္ကာလကေတာ့ လုံၿခဳံေရးကို တိုးျမႇင့္ၿပီး လုပ္ထားပါတယ္။ လုံၿခဳံေရးကေတာ့ ပိုၿပီးေတာ့ ေဆာင္႐ြက္ထားတယ္။ ဒါေပမဲ့ လြတ္လြတ္လပ္လပ္ သြားလာႏိုင္ေအာင္လည္း လုံၿခဳံေရးဘက္က စိစစ္ ၿပီးေတာ့ ျပင္ဆင္ထားပါတယ္။ လုံၿခဳံေရးက စိတ္ခ်ရပါတယ္။ မပူရပါဘူး။ ျပည္သူေတြ အႏၲရာယ္ကင္းရွင္း ေအာင္ အတတ္ႏိုင္ဆုံး ေဆာင္႐ြက္ထားပါတယ္။ သက္ဆိုင္ရာလုံၿခဳံေရးဆပ္ေကာ္မတီေတြကေတာ့ လုံ ၿခဳံေရးကို အရင္ထက္ပိုၿပီးေတာ့ ဂ႐ုစိုက္ၿပီးေတာ့ လုပ္ေပးေနၾကပါတယ္။ လူႀကီးေတြကလည္း ဒါေတြ ကို ၾကပ္ၾကပ္မတ္မတ္မွာထားပါတယ္"ဟု ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ဒုၫႊန္ခ်ဳပ္ဦး တိုးေအာင္က ေျပာသည္။

မၾကာခင္က်င္းပမည့္ ၂၀၂၄ ခုႏွစ္ ျမန္မာ့ ႐ိုးရာမဟာသၾကၤန္ပြဲေတာ္ကို ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕အပါအဝင္ တိုင္းႏွင့္ျပည္နယ္မ်ား၌ စည္ကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ရန္ နစကအစိုးရက စီစဥ္ျပင္ေနလ်က္ရွိသည္။

"ၿမိဳ႕ကေတာ့ သူ႔ဟာနဲ႔သူ ေအးခ်မ္းေနတာ ပဲ။ ေအးခ်မ္းေနတဲ့အတိုင္းပဲ လုံၿခဳံေရးက ပုံမွန္အ တိုင္းပဲ ေဆာင္႐ြက္ေနတာေပါ့ေလ။ အဲဒီေတာ့ သၾကၤန္နဲ႔ပတ္သက္လို႔ရွိရင္လည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္၊ စည္ စည္ကားကား ျဖစ္ႏိုင္ေအာင္လည္း အကုန္လုံးက စီ စဥ္ေနတာေပါ့။ အထူးသျဖင့္ေတာ့ ၿမိဳ႕ေတာ္ခန္းမနဲ႔ ရင္ျပင္တို႔အပါအဝင္ ခ႐ိုင္ေတြ၊ ၿမိဳ႕နယ္ေတြမွာလည္း ဒီႏွစ္မ႑ပ္ေတြ ထိုးၾကတယ္။ အဲဒါေတြ နဲ႔ပတ္သက္ လို႔လည္း သက္ဆိုင္ရာ၊ ေဒသဆိုင္ရာ လုံၿခဳံေရးအဖြဲ႕ ေတြကေတာ့ သူတို႔နဂိုစီမံခ်က္အ တိုင္းပဲ အားလုံးက ေဆာင္႐ြက္ေနတာရွိပါတယ္"ဟု ရန္ကုန္တိုင္း အစိုး ရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဥပေဒခ်ဳပ္ ဦးေဌးေအာင္က NP News ကို ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ မဟာၾကၤန္ပြဲေတာ္ကို စည္စည္ကားကားျဖင့္ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ တိုင္းအစိုးရအဖြဲ႕က ႀကိဳးစားျပင္ဆင္ေနလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။ ျပည္ ေထာင္စုအစိုးရအဖြဲ႕႐ုံးစိုက္ရာ ေန ျပည္ေတာ္တြင္လည္း သၾကၤန္မ႑ပ္မ်ား တည္ေဆာက္ေနမႈႏွင့္အတူ ကိုရီးယားႏိုင္ငံမွ K-Pop အဆိုေတာ္မ်ားျဖင့္ ေဖ်ာ္ေျဖက်င္းပသြားရန္ ျပင္ဆင္ ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.