တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှလွဲ၍ ကျန်အတန်းများ၏ အောင်စာရင်းများကို ဧပြီလ ၂၇ ရက်နေ့တွင် ကြေညာမည်

 391

စော (NP News) - ဧပြီ ၈

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှလွဲ၍ ကျန်အတန်းများ၏ အောင်စာရင်းများကို ဧပြီလ ၂၇ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade 1 မှ Grade 11 အထိ စာမေးပွဲအောင်စာရင်းများကို လာမည့် ဧပြီလ (၂၇)ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

“၂၇ ရက်နေ့ကို ကျောင်းတိုင်းမှာ ကပ်ပေးမှာ။ ဖွင့်လို့ရတဲ့ကျောင်းတွေတော့ပါမှာပေါ့။ ဖွင့်လို့မရတဲ့ကျောင်းတွေတော့မပါဘူး။ အဲဒီလိုရှိတာပေါ့”ဟု အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦး NP News ကိုပြောသည်။

အဆိုပါ အောင်စာရင်းထွက်ရှိရာတွင် ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ မပါဝင်ကြောင်း လတ်တလောသတင်းများအရ သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများအနေဖြင့် ကျောင်းအပ်နှံသူ (၈၁၀၈၂၂၇) ဦးရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၆၇၆၇၇၆၃) ဦးသာ ကျောင်းတက်ခဲ့ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရန် ပျက်ကွက်သူ (၁၃၄၀၄၆၄) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ပျက်ကွက်သည့်ဒေသများသည် ကရင်ပြည်နယ်ရှိ ဒေသအချို့၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့ဖြစ်ကြောင်း သိရသည်။

zawgyi version
တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမွလြဲ၍ က်န္အတန္းမ်ား၏ ေအာင္စာရင္းမ်ားကို ဧၿပီလ ၂၇ ရက္ေန႔တြင္ ေၾကညာမည္
ေစာ (NP News) - ဧၿပီ ၈

တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမွလြဲ၍ က်န္အတန္းမ်ား၏ ေအာင္စာရင္းမ်ားကို ဧၿပီလ ၂၇ ရက္ေန႔တြင္ ေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္၊ Grade 1 မွ Grade 11 အထိ စာေမးပြဲေအာင္စာရင္းမ်ားကို လာမည့္ ဧၿပီလ (၂၇)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။

“၂၇ ရက္ေန႔ကို ေက်ာင္းတိုင္းမွာ ကပ္ေပးမွာ။ ဖြင့္လို႔ရတဲ့ေက်ာင္းေတြေတာ့ပါမွာေပါ့။ ဖြင့္လို႔မရတဲ့ေက်ာင္းေတြေတာ့မပါဘူး။ အဲဒီလိုရွိတာေပါ့”ဟု အေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာမတစ္ဦး NP News ကိုေျပာသည္။

အဆိုပါ ေအာင္စာရင္းထြက္ရွိရာတြင္ ကယားျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔ မပါဝင္ေၾကာင္း လတ္တေလာသတင္းမ်ားအရ သိရသည္။ ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္အတြင္း ႏိုင္ငံတစ္ဝန္းလုံးရွိ အေျခခံေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းအပ္ႏွံသူ (၈၁၀၈၂၂၇) ဦးရွိခဲ့ၿပီး ေက်ာင္းသား/ေက်ာင္းသူ (၆၇၆၇၇၆၃) ဦးသာ ေက်ာင္းတက္ခဲ့ေၾကာင္း သိရသည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းတက္ရန္ ပ်က္ကြက္သူ (၁၃၄၀၄၆၄) ဦးရွိၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၁၆ ဒသမ ၅၃ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။ ပ်က္ကြက္သည့္ေဒသမ်ားသည္ ကရင္ျပည္နယ္ရွိ ေဒသအခ်ိဳ႕၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ ရခိုင္ျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေဒသတို႔ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.