လှည်းတန်းခုံးကျော်တံတားပေါ်တွင် အိမ်စီးကားနှင့် Hijet ကားမျက်နှာချင်းဆိုင်တိုက်မိရာ လူတစ်ဦးပွဲချင်းပြီးသေဆုံး

 1161

သန့်ဇင် (NP News) - ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားပေါ်တွင် အိမ်စီးကားနှင့် Hijet ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဧပြီလ ၈ရက်)၊ မွန်းလွဲ ၃နာရီ ၃၅မိနစ်အချိန်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Hijet က မြေနီကုန်းကတက်လာမှာ လမ်းပြောင်းပြန်ရောက်ပြီးတော့ ကန်လမ်းကတက်လာတဲ့ အိမ်စီးကားကို ဝင်တိုက်တာ။ အဲဒီမှာ Hijet ကားက ပက်လက်လန်ပြီးမှောက်သွားတာမှာ ယာဉ်မောင်းက ကားခေါင်းထဲမှာညပ်ပြီးဆုံးသွားတယ်”ဟု ပြည်သူ+လူရွှင်တော်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၂၀)နှစ်ဝန်းကျင်အရွယ် ယာဉ်မောင်းအမျိုးသားမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ “ဆုံးသွားတဲ့ ယာဉ်မောင်းက အသက်ငယ်ငယ်လေးပါ။ အိမ်စီးကားလေးပေါ်မှာက (၂)ယောက်ပါတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူတို့ကတော့ ထိခိုက်ဒဏ်ရာလောက်ပဲရတယ်။ အရင်က အဲဒီခုံးတံတားပေါ်မှာ အဲဒီလို ဖြစ်စဉ်တော့ ရှိပေမယ့် အခုလိုဆိုးဆိုးရွားရွားတော့မဖြစ်ဘူး။ အခုဟာက တော်တော်ဆိုးတယ်။ ကားကခေါင်းပါပျောက်သွားတာ”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ပြည်သူ+လူရွှင်တော်ပရဟိအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
လွည္းတန္းခုံးေက်ာ္တံတားေပၚတြင္ အိမ္စီးကားႏွင့္ Hijet ကားမ်က္ႏွာခ်င္းဆိုင္တိုက္မိရာ လူတစ္ဦးပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဧၿပီ ၈

ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ လွည္းတန္းခုံးေက်ာ္တံတားေပၚတြင္ အိမ္စီးကားႏွင့္ Hijet ကားတို႔မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဧၿပီလ ၈ရက္)၊ မြန္းလြဲ ၃နာရီ ၃၅မိနစ္အခ်ိန္တြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ လွည္းတန္းခုံးေက်ာ္တံတားေပၚ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“Hijet က ေျမနီကုန္းကတက္လာမွာ လမ္းေျပာင္းျပန္ေရာက္ၿပီးေတာ့ ကန္လမ္းကတက္လာတဲ့ အိမ္စီးကားကို ဝင္တိုက္တာ။ အဲဒီမွာ Hijet ကားက ပက္လက္လန္ၿပီးေမွာက္သြားတာမွာ ယာဥ္ေမာင္းက ကားေခါင္းထဲမွာညပ္ၿပီးဆုံးသြားတယ္”ဟု ျပည္သူ+လူ႐ႊင္ေတာ္ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ Hijet ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၂၀)ႏွစ္ဝန္းက်င္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားမွာ ေနရာတြင္ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ “ဆုံးသြားတဲ့ ယာဥ္ေမာင္းက အသက္ငယ္ငယ္ေလးပါ။ အိမ္စီးကားေလးေပၚမွာက (၂)ေယာက္ပါတယ္။ အမ်ိဳးသားတစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ေပါ့။ သူတို႔ကေတာ့ ထိခိုက္ဒဏ္ရာေလာက္ပဲရတယ္။ အရင္က အဲဒီခုံးတံတားေပၚမွာ အဲဒီလို ျဖစ္စဥ္ေတာ့ ရွိေပမယ့္ အခုလိုဆိုးဆိုး႐ြား႐ြားေတာ့မျဖစ္ဘူး။ အခုဟာက ေတာ္ေတာ္ဆိုးတယ္။ ကားကေခါင္းပါေပ်ာက္သြားတာ”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ျပည္သူ+လူ႐ႊင္ေတာ္ပရဟိအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.