စစ်ပွဲများကြောင့်ဆီဆိုင်မြို့၏ (၇၀)ရာခိုင်နှုန်း ပျက်စီးခဲ့ရ၊ ရှမ်းပြည်တောင်ပိုင်းတွင် စစ်ပွဲများ ကင်းစင်ရေးတပ်မတော်နှင့် PNO အဖွဲ့ကြိုးပမ်းနေ

 4118

မြူနစ် (NP News) - ဧပြီ ၈

စစ်ပွဲများကြောင့် ဆီဆိုင်မြို့၏ (၇၀)ရာခိုင်နှုန်းသည် ပျက်စီးဆုံးခဲ့ရပြီး ရှမ်းပြည်တောင်ပိုင်းအတွင်း၌ စစ်ပွဲများကင်းစင်ရေးအတွက် တပ်မတော်နှင့် PNO အဖွဲ့က ပူးပေါင်းကြိုးပမ်းနေကြောင်း သိရသည်။

PNLO, KNDF နှင့် PDF ပူးပေါင်းအဖွဲ့များက ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှစတင်ကာ ရှမ်းပြည် နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ(၆) အတွင်းရှိ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများကို စတင်ဖော်ဆောင်ခဲ့သည်။

ထိုသို့ တိုက်ပွဲဖော်ဆောင်မှုကြောင့် ဆီဆိုင်မြို့ နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် တပ်မတော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပူးပေါင်းအဖွဲ့များကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ သည်။

‘အခုက တင်းမာနေတဲ့ အနေအထားကတော့ မရှိဘူး။ သူတို့(PNLO)လည်း လူအင်အားတွေ သိပ် မရှိလောက်တော့ဘူးထင်တယ်။ နေရာကွက်ကြားမှာ တော့ ရှိနေသေးတာပေါ့။ မနေ့က(ဧပြီ ၄ ရက်)တော့ PDF နဲ့ (PNLO) တို့ ထိန်းချုပ်ထားတဲ့ လွယ်ပွတ်နဲ့ ပင်တရားကျေးရွာကို ကျွန်တော်တို့ (PNO) နဲ့ တပ်တို့ က ပြန်သိမ်းပိုက်နိုင်ခဲ့တယ်’ဟု(PNO) မှ ထိပ်ပိုင်း အရာရှိတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် (PNO) အဖွဲ့တို့သည် ဆီဆိုင်မြို့အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာ ဒေသများကို ပြန်လည်ထိန်းချုပ်နိုင်နေသည့် အနေအထားရှိပြီး ဆီဆိုင်မြို့အရှေ့ဘက် ကျေးရွာ(၅)ရွာခန့်တွင် ရှိနေသော PNLO, KNDF, PDF အဖွဲ့ဝင်များကို ဆက်လက်ထိုးစစ်ဆင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။ 'ကျွန်တော်တို့ကတော့ ဒီအထူးဒေသ (၆)ကို အားလုံးပြန်ထိန်းချုပ်နိုင်အောင်တော့ ဆက်ပြီးကြိုးစားသွားမှာ။ အဲဒီတော့ လက်ရှိရနေတဲ့ နေရာကို မိုင်းရှင်းလင်းရေးတွေလုပ်နေတယ်။ ဗုံးရှင်း လင်းရေးတွေ လုပ်နေတယ်။ အဲဒါတွေ ပြီးသွားပြီဆိုရင် ပြန်လည်ထူထောင်ရေးကိစ္စအတွက် ဆက်လုပ်မယ်။ ပြီးရင် ကျွန်တော်တို့ ဆက်တိုက်ရမယ့်နေရာ တွေကို ဆက်တိုက်မယ်’ဟု PNO မှ ထိပ်ပိုင်းအရာရှိက ဆက်လက်ပြောသည်။

ထိုသို့ PNLO, KNDF, PDF ပူးပေါင်းအဖွဲ့များရှိနေသည့် ကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင် မည်ဆိုပါက ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ချုပ်ငြိမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြို့၏ (၇၀)ရာခိုင် နှုန်းခန့်သည် ပျက်စီးဆုံးရှုံးသွားပြီဖြစ်ကြောင်း သိရသည်။

‘ဆီဆိုင်မြို့ကိုတော့ ဒရုန်းနဲ့ ရိုက်ထားတာရှိတယ်။ ဒါပေမဲ့ ပျက်စီးမှုစာရင်းကတော့ မရသေးဘူး။ ခန့်မှန်းခြေပြောရမယ်ဆိုရင်တော့ အဓိကတော့ ရပ်ရွာဘက်က သိပ်ပြီးတော့ ပျက်စီးတာမရှိဘူး။ ဆီဆိုင်မြို့ ပေါ်ကတော့ (၇၀)ရာခိုင်နှုန်းလောက်ကတော့ ပျက်စီးဖို့များသွားပါပြီ။ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီး သွားတယ်။ ဈေးတွေလည်း ပျက်စီးသွားတယ်။ အဲဒီနားက ရပ်ကွက်တွေလည်း တော်တော်လေးပျက်စီးသွား တယ်။ မြို့ပေါ်ကတော့ တော်တော်လေးကို ပျက်စီးသွားပြီ။ လက်နက်ကြီး မှန်တာတွေလည်းပါတယ်။ ဈေးကတော့ မီးရှို့ ခံရတာပေါ့’ဟု PNO မှ ထိပ်ပိုင်းအရာရှိက ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အရပ်သား (၅၅)ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရ သည့် ဒေသခံလူထုသည်လည်း (၆၀ဝဝဝ)ကျော်ရှိ နေကြောင်း သိရသည်။ တပ်မတော်နှင့် PNO အဖွဲ့တို့သည် လက်ရှိတွင် ၎င်းတို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် ရှမ်းပြည် တောင်ပိုင်းရှိဒေသများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
စစ္ပြဲမ်ားေၾကာင့္ဆီဆိုင္ၿမိဳ႕၏ (၇၀)ရာခိုင္ႏႈန္း ပ်က္စီးခဲ့ရ၊ ရွမ္းျပည္ေတာင္ပိုင္းတြင္ စစ္ပြဲမ်ား ကင္းစင္ေရးတပ္မေတာ္ႏွင့္ PNO အဖြဲ႕ႀကိဳးပမ္းေန
ျမဴနစ္ (NP News) - ဧၿပီ ၈

စစ္ပြဲမ်ားေၾကာင့္ ဆီဆိုင္ၿမိဳ႕၏ (၇၀)ရာခိုင္ႏႈန္းသည္ ပ်က္စီးဆုံးခဲ့ရၿပီး ရွမ္းျပည္ေတာင္ပိုင္းအတြင္း၌ စစ္ပြဲမ်ားကင္းစင္ေရးအတြက္ တပ္မေတာ္ႏွင့္ PNO အဖြဲ႕က ပူးေပါင္းႀကိဳးပမ္းေနေၾကာင္း သိရသည္။

PNLO, KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက ယခုႏွစ္ ဇန္နဝါရီလ ၂၄ ရက္မွစတင္ကာ ရွမ္းျပည္ နယ္ ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အထူးေဒသ(၆)အတြင္းရွိ ဆီဆိုင္ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ားကို စတင္ေဖာ္ေဆာင္ခဲ့သည္။

ထိုသို႔ တိုက္ပြဲေဖာ္ေဆာင္မႈေၾကာင့္ ဆီဆိုင္ၿမိဳ႕ နယ္၊ ဟိုပုံးၿမိဳ႕နယ္ႏွင့္ ပင္ေလာင္းၿမိဳ႕နယ္တို႔တြင္ တပ္မေတာ္၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ႏွင့္ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) ပူးေပါင္းအဖြဲ႕မ်ားၾကားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ သည္။
‘အခုက တင္းမာေနတဲ့ အေနအထားကေတာ့ မရွိဘူး။ သူတို႔(PNLO)လည္း လူအင္အားေတြ သိပ္ မရွိေလာက္ေတာ့ဘူးထင္တယ္။ ေနရာကြက္ၾကားမွာ ေတာ့ ရွိေနေသးတာေပါ့။ မေန႔က(ဧၿပီ ၄ ရက္)ေတာ့ PDF နဲ႔ (PNLO) တို႔ ထိန္းခ်ဳပ္ထားတဲ့ လြယ္ပြတ္နဲ႔ ပင္တရားေက်း႐ြာကို ကြၽန္ေတာ္တို႔ (PNO) နဲ႔ တပ္တို႔ က ျပန္သိမ္းပိုက္ႏိုင္ခဲ့တယ္’ဟု(PNO) မွ ထိပ္ပိုင္း အရာရွိတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ တပ္မေတာ္ႏွင့္ (PNO) အဖြဲ႕တို႔သည္ ဆီဆိုင္ၿမိဳ႕အပါအဝင္ တိုက္ပြဲျဖစ္ပြားရာေနရာ ေဒသမ်ားကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ေနသည့္ အေနအထားရွိၿပီး ဆီဆိုင္ၿမိဳ႕အေရွ႕ဘက္ ေက်း႐ြာ(၅)႐ြာခန႔္တြင္ ရွိေနေသာ PNLO, KNDF, PDF အဖြဲ႕ဝင္မ်ားကို ဆက္လက္ထိုးစစ္ဆင္ရန္ က်န္ရွိေနေသးေၾကာင္း သိရသည္။ 'ကြၽန္ေတာ္တို႔ကေတာ့ ဒီအထူးေဒသ (၆)ကို အားလုံးျပန္ထိန္းခ်ဳပ္ႏိုင္ေအာင္ေတာ့ ဆက္ၿပီးႀကိဳးစားသြားမွာ။ အဲဒီေတာ့ လက္ရွိရေနတဲ့ ေနရာကို မိုင္းရွင္းလင္းေရးေတြလုပ္ေနတယ္။ ဗုံးရွင္း လင္းေရးေတြ လုပ္ေနတယ္။ အဲဒါေတြ ၿပီးသြားၿပီဆိုရင္ ျပန္လည္ထူေထာင္ေရးကိစၥအတြက္ ဆက္လုပ္မယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ ဆက္တိုက္ရမယ့္ေနရာ ေတြကို ဆက္တိုက္မယ္'ဟု PNO မွ ထိပ္ပိုင္းအရာ ရွိက ဆက္လက္ေျပာသည္။

ထိုသို႔ PNLO, KNDF, PDF ပူးေပါင္းအဖြဲ႕မ်ားရွိေနသည့္ ေက်း႐ြာမ်ားကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ မည္ဆိုပါက ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ တိုက္ပြဲမ်ား ခ်ဳပ္ၿငိမ္းသြားမည္ျဖစ္ေၾကာင္းလည္း ၎က ထပ္မံေျပာသည္။ လက္ရွိတြင္ ရွမ္းျပည္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕၏ (၇၀)ရာခိုင္ ႏႈန္းခန႔္သည္ ပ်က္စီးဆုံးရႈံးသြားၿပီျဖစ္ေၾကာင္း သိရသည္။

‘ဆီဆိုင္ၿမိဳ႕ကိုေတာ့ ဒ႐ုန္းနဲ႔ ႐ိုက္ထားတာရွိတယ္။ ဒါေပမဲ့ ပ်က္စီးမႈစာရင္းကေတာ့ မရေသးဘူး။ ခန႔္မွန္းေျခေျပာရမယ္ဆိုရင္ေတာ့ အဓိကေတာ့ ရပ္႐ြာဘက္က သိပ္ၿပီးေတာ့ ပ်က္စီးတာမရွိဘူး။ ဆီဆိုင္ၿမိဳ႕ ေပၚကေတာ့ (၇၀)ရာခိုင္ႏႈန္းေလာက္ကေတာ့ ပ်က္စီးဖို႔မ်ားသြားပါၿပီ။ ဘုန္းႀကီးေက်ာင္းေတြလည္း ပ်က္စီး သြားတယ္။ ေဈးေတြလည္း ပ်က္စီးသြားတယ္။ အဲဒီနားက ရပ္ကြက္ေတြလည္း ေတာ္ေတာ္ေလးပ်က္စီးသြားတယ္။ ၿမိဳ႕ေပၚကေတာ့ ေတာ္ေတာ္ေလးကို ပ်က္စီးသြားၿပီ။ လက္နက္ႀကီး မွန္တာေတြလည္းပါတယ္။ ေဈးကေတာ့ မီးရႈိ႕ ခံရတာေပါ့’ဟု PNO မွ ထိပ္ပိုင္းအရာရွိက ဆိုသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းအတြင္း ျဖစ္ပြားသည့္ တိုက္ပြဲမ်ားေၾကာင့္ အရပ္သား (၅၅)ဦးထက္မနည္း ေသဆုံးခဲ့ရၿပီး ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရ သည့္ ေဒသခံလူထုသည္လည္း (၆၀ဝဝဝ)ေက်ာ္ရွိ ေနေၾကာင္း သိရသည္။ တပ္မေတာ္ႏွင့္ PNO အဖြဲ႕တို႔သည္ လက္ရွိတြင္ ၎တို႔ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ ရွမ္းျပည္ ေတာင္ပိုင္းရွိေဒသမ်ားတြင္ မိုင္းရွင္းလင္းေရးလုပ္ငန္း၊ ျပန္လည္ထူေထာင္ေရးလုပ္ ငန္းမ်ားကို စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Picture

李文早

09/04/2024 00:20

မြို့သာပျက်ဆီးသွာတာအကြမ်းဖည်အဖွဲ့တွေကိုတော့တစ်ဖွဲ့မှချုပ်ငြိမ်းအောင်မလုပ်နိင်ခဲ့တော့အဲ့ဒီနယ်မြေတွေမှာရှိတဲ့အကြမ်းဖက်တွေဟာလူအင်အားလက်နပ်အင်အားစုကာမကြာခဏခုလိုဘဲဆက်ပြီးလာတိုက်နေကြအုံးမှာဘဲမို့အကြမ်းဖက်တွေကိုပြိုကွဲအောင်မလုပ်နိင်သရွှေ့တော့အဲ့ဒီအနီးကနယ်မြေတွေဟာဘယ်တော့မှအေးချမ်းတည်ငြိမ်မှု့ကိုရရှိနိင်မှာမဟုတ်ဘူးဗျ!

Related news

© 2021. All rights reserved.