Disney ရဲ့ Toy Story 5၊ ၂၀၂၆ ခုနှစ်မှ ရုံတင်ဖို့ ခန့်မှန်းထား

 177

ရောင်နီ (NP News) - ဧပြီ ၉

Disney ရဲ့ဖန်တီးမှုတွေထဲက တစ်ခုဖြစ်တဲ့ Toy Story 5 ကာတွန်းရုပ်ရှင်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ထွက်ရှိဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

Pixar နဲ့ Disney ပူးပေါင်းဖန်တီးထားတဲ့ Toy Story 1 ဟာ ၁၉၉၅ ခုနှစ်က စတင်ထွက်ရှိခဲ့ပြီး အခုအချိန်ထိအတွင်း စတုတ္ထမြောက်ဇာတ်ကား Toy Story 4 ထိ ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။

အခု ပဉ္စမမြောက်ဇာတ်ကားကိုတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိမယ်လို့ ကြော်ငြာထားပါတယ်။ အခုအချိန်အထိ ထွက်ရှိပြီးသား ရုပ်ရှင်လေးကားစလုံးမှာ အဓိက ကာရိုက်တာတွေဖြစ်တဲ့ Woody အဖြစ် တွမ်ဟန့်စ်၊ Buzz Lightyear အဖြစ် အီအဲလန် တို့က ပါဝင်ထားပါတယ်။

အခုလည်း ဇာတ်ရုပ်တွေအတွက်လည်း ပြန်ရိုက်ဖို့ တွမ် နဲ့ အီ ဆီကို လှမ်းဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

Disney စီအီးအို ဘော့အီဂါက Toy Story 5 ထွက်ရှိမယ်လို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကတည်းက ကြေညာခဲ့တာဖြစ်ပါတယ်။ အခုတော့ ထွက်ရှိ၊ ရုံတင်မယ့် ရက်အတိအကျပါ သိလာရပြီဖြစ်ပါတယ်။

Toy Story 5 ဟာ Toy Story 4 ရဲ့အဆက်အနေနဲ့ ထွက်မှာဖြစ်ပြီး ဇာတ်လမ်းပါဝင်မယ့် အသေးစိတ်အချက်အလက်တွေကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Zawgyi Version;
Disney ရဲ႕ Toy Story 5၊ ၂၀၂၆ ခုႏွစ္မွ ႐ုံတင္ဖို႔ ခန္႔မွန္းထား
ေရာင္နီ (NP News) - ဧၿပီ ၉

Disney ရဲ႕ဖန္တီးမႈေတြထဲက တစ္ခုျဖစ္တဲ့ Toy Story 5 ကာတြန္း႐ုပ္ရွင္ကို ၂၀၂၆ ခုႏွစ္ ဇြန္လ ၁၉ ရက္မွာ ထြက္ရွိဖို႔ ခန္႔မွန္းထားတယ္လို႔ သိရပါတယ္။

Pixar နဲ႔ Disney ပူးေပါင္းဖန္တီးထားတဲ့ Toy Story 1 ဟာ ၁၉၉၅ ခုႏွစ္က စတင္ထြက္ရွိခဲ့ၿပီး အခုအခ်ိန္ထိအတြင္း စတုတၳေျမာက္ဇာတ္ကား Toy Story 4 ထိ ထြက္ရွိခဲ့ၿပီျဖစ္ပါတယ္။

အခု ပၪၥမေျမာက္ဇာတ္ကားကိုေတာ့ ၂၀၂၆ ခုႏွစ္မွာ ထြက္ရွိမယ္လို႔ ေၾကာ္ျငာထားပါတယ္။ အခုအခ်ိန္အထိ ထြက္ရွိၿပီးသား ႐ုပ္ရွင္ေလးကားစလုံးမွာ အဓိက ကာ႐ိုက္တာေတြျဖစ္တဲ့ Woody အျဖစ္ တြမ္ဟန္႔စ္၊ Buzz Lightyear အျဖစ္ အီအဲလန္ တို႔က ပါဝင္ထားပါတယ္။

အခုလည္း ဇာတ္႐ုပ္ေတြအတြက္လည္း ျပန္႐ိုက္ဖို႔ တြမ္ နဲ႔ အီ ဆီကို လွမ္းဆက္သြယ္ထားတယ္လို႔ ဆိုပါတယ္။

Disney စီအီးအို ေဘာ့အီဂါက Toy Story 5 ထြက္ရွိမယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ကတည္းက ေၾကညာခဲ့တာျဖစ္ပါတယ္။ အခုေတာ့ ထြက္ရွိ၊ ႐ုံတင္မယ့္ ရက္အတိအက်ပါ သိလာရၿပီျဖစ္ပါတယ္။

Toy Story 5 ဟာ Toy Story 4 ရဲ႕အဆက္အေနနဲ႔ ထြက္မွာျဖစ္ၿပီး ဇာတ္လမ္းပါဝင္မယ့္ အေသးစိတ္အခ်က္အလက္ေတြကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.