အင်းစိန်မြို့နယ်တွင် ကွန်တိန်နာကားမှ ဝက်တင်ကားကိုဝင်တိုက်ခဲ့ရာ အမျိုးသား(၃)ဦးထိခိုက်ဒဏ်ရာရ

 1656

သန့်ဇင်(NP News) - ဧပြီ ၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကွန်တိန်နာကားမှ ဝက်တင်ကားကိုဝင်တိုက်ခဲ့ရာ အမျိုးသား(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဧပြီလ ၉ရက်)၊ ည ၁၁နာရီ ၁၅မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ပေါက်တောဝ မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လှိုင်သာယာဘက်ကနေမောင်းလာတဲ့ ဝက်တွေတင်လာတဲ့ ဒိုင်နာကားကို ဘုရင့်နောင်ဘက်ကမောင်းလာတဲ့ ကွန်တိန်နားကားက ဝင်တိုက်တာ။ အဲဒီမှာ ဝက်တင်ကား(ဒိုင်နာ)ကမှောက်သွားတာပါ။ ကွန်တိန်နာကားကလည်း ကွန်တိန်နာကြီး ပြုတ်ကျပြီး ယာဉ်မောင်းက ထွက်ပြေး သွားတယ်”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဝက်တင်ကား(ဒိုင်နာ)ပေါ်တွင်လိုက်ပါလာသည့် အသက်(၃၀)နှစ်အရွယ် အမျိုးသား(၃)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဝက်တင်ကား(ဒိုင်နာ)က အမျိုးသား(၃)ယောက်က ဒဏ်ရာရတယ်။ ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာနည်းနည်းပြင်းထန်တယ်။ အဲဒီနားမှာ ယာဉ်တိုက်မှုက အရင်ကဖြစ်လေ့ရှိပေမယ့် ခဏခဏဖြစ်တာတော့မဟုတ်ဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၃)ဦးကို တွဲလက်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းတို့ပူးပေါင်းကာ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕နယ္တြင္ ကြန္တိန္နာကားမွ ဝက္တင္ကားကိုဝင္တိုက္ခဲ့ရာ အမ်ိဳးသား(၃)ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္(NP News) - ဧၿပီ ၉

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ကြန္တိန္နာကားမွ ဝက္တင္ကားကိုဝင္တိုက္ခဲ့ရာ အမ်ိဳးသား(၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဧၿပီလ ၉ရက္)၊ ည ၁၁နာရီ ၁၅မိနစ္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္းမႀကီး၊ ေပါက္ေတာဝ မီးပြိဳင့္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လႈိင္သာယာဘက္ကေနေမာင္းလာတဲ့ ဝက္ေတြတင္လာတဲ့ ဒိုင္နာကားကို ဘုရင့္ေနာင္ဘက္ကေမာင္းလာတဲ့ ကြန္တိန္နားကားက ဝင္တိုက္တာ။ အဲဒီမွာ ဝက္တင္ကား(ဒိုင္နာ)ကေမွာက္သြားတာပါ။ ကြန္တိန္နာကားကလည္း ကြန္တိန္နာႀကီး ျပဳတ္က်ၿပီး ယာဥ္ေမာင္းက ထြက္ေျပး သြားတယ္”ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဝက္တင္ကား(ဒိုင္နာ)ေပၚတြင္လိုက္ပါလာသည့္ အသက္(၃၀)ႏွစ္အ႐ြယ္ အမ်ိဳးသား(၃)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ဝက္တင္ကား(ဒိုင္နာ)က အမ်ိဳးသား(၃)ေယာက္က ဒဏ္ရာရတယ္။ ယာဥ္ေမာင္းကေတာ့ ထိခိုက္ဒဏ္ရာနည္းနည္းျပင္းထန္တယ္။ အဲဒီနားမွာ ယာဥ္တိုက္မႈက အရင္ကျဖစ္ေလ့ရွိေပမယ့္ ခဏခဏျဖစ္တာေတာ့မဟုတ္ဘူး”ဟု ၎ကဆက္လက္ေျပာသည္။

ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသား(၃)ဦးကို တြဲလက္လူမႈကူညီေရးအသင္းႏွင့္ ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းတို႔ပူးေပါင္းကာ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.