မြန်မာပဋိပက္ခတွင် ထိုင်းနိုင်ငံက ကြားနေအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

 1173

Pika (NP News) - ဧပြီ ၉

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံပဋိပက္ခတွင် ကြားနေအဖြစ် ဆက်လက်ရပ်တည်နေပြီး တိုက်ပွဲများကြောင့် ရွှေ့ပြောင်းနေထိုင်ရသူပေါင်း(၁)သိန်းအထိ လက်ခံထားပေးနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara က ဧပြီလ(၉)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာပဋိပက္ခတွင်ပါဝင်ပတ်သက်နေသူအားလုံးကို ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရန် Parnpree Bahiddha-nukara ကတိုက်တွန်းခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံအတွင်း၌ ပဋိပက္ခများ ပြင်းထန်လာမှုကို ဆွေးနွေးရန်အတွက် ကျင်းပမည့် ထိုင်းအစိုးရအဖွဲ့၏ အစည်းအဝေးမတိုင်မီ Parnpree Bahiddha-nukara က ယခုကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ဆာရက်တာသာဗီဆင်က 'မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးပါတယ်။ ထိုင်းအစိုးရဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ဖန်တီးဖို့အတွက် မြန်မာပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ အသင့်ရှိနေပါတယ်'ဟု ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာအစိုးရသည် အင်အားတောင့်တင်းမှု လျော့နည်းလာပြီဖြစ်ကြောင်း နှင့် လက်ရှိအချိန်သည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများလုပ်ဆောင်ရန် အကောင်းဆုံးအချိန်တစ်ချိန်ဖြစ်ကြောင်း ဆာရက်တာသာဗီဆင်က မကြာသေးမီက အင်တာဗျူးတစ်ခုအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ထိစပ်နေသော နယ်စပ်တစ်လျှောက်သည် ကီလိုမီတာ(၂၀၀၀)ကျော် ရှည်လျားကြောင်းသိရသည်။ ဆာရက်တာသာဗီဆင်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများစွာကို လုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။

zawgyi version
ျမန္မာပဋိပကၡတြင္ ထိုင္းႏိုင္ငံက ၾကားေနအျဖစ္ ဆက္လက္ရပ္တည္ေနဆဲျဖစ္ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ဧၿပီ ၉

ထိုင္းႏိုင္ငံသည္ ျမန္မာႏိုင္ငံပဋိပကၡတြင္ ၾကားေနအျဖစ္ ဆက္လက္ရပ္တည္ေနၿပီး တိုက္ပြဲမ်ားေၾကာင့္ ေ႐ႊ႕ေျပာင္းေနထိုင္ရသူေပါင္း(၁)သိန္းအထိ လက္ခံထားေပးႏိုင္ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Parnpree Bahiddha-nukara က ဧၿပီလ(၉)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔ျပင္ ျမန္မာပဋိပကၡတြင္ပါဝင္ပတ္သက္ေနသူအားလုံးကို ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္ရန္ Parnpree Bahiddha-nukara ကတိုက္တြန္းခဲ့ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံအတြင္း၌ ပဋိပကၡမ်ား ျပင္းထန္လာမႈကို ေဆြးေႏြးရန္အတြက္ က်င္းပမည့္ ထိုင္းအစိုးရအဖြဲ႕၏ အစည္းအေဝးမတိုင္မီ Parnpree Bahiddha-nukara က ယခုကဲ့သို႔ တိုက္တြန္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္တာသာဗီဆင္က 'ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ထိုင္းႏိုင္ငံအတြက္ အေရးႀကီးပါတယ္။ ထိုင္းအစိုးရဟာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးတို႔ကို ဖန္တီးဖို႔အတြက္ ျမန္မာပဋိပကၡမွာ ပါဝင္ပတ္သက္ေနတဲ့ အဖြဲ႕ေတြအားလုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ျမႇင့္တင္ဖို႔ အသင့္ရွိေနပါတယ္'ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ျမန္မာအစိုးရသည္ အင္အားေတာင့္တင္းမႈ ေလ်ာ့နည္းလာၿပီျဖစ္ေၾကာင္း ႏွင့္ လက္ရွိအခ်ိန္သည္ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ရန္ အေကာင္းဆုံးအခ်ိန္တစ္ခ်ိန္ျဖစ္ေၾကာင္း ဆာရက္တာသာဗီဆင္က မၾကာေသးမီက အင္တာဗ်ဴးတစ္ခုအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံၾကား ထိစပ္ေနေသာ နယ္စပ္တစ္ေလွ်ာက္သည္ ကီလိုမီတာ(၂၀၀၀)ေက်ာ္ ရွည္လ်ားေၾကာင္းသိရသည္။ ဆာရက္တာသာဗီဆင္သည္ ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လတြင္ ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ယူခဲ့ၿပီးေနာက္ပိုင္းကတည္းက ျမန္မာႏိုင္ငံႏွင့္ ထိေတြ႕ဆက္ဆံမႈမ်ားစြာကို လုပ္ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.