လင်းလက်ဝါရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ်ဆင်ကာ ဓားပြတိုက် လုယက်သူ (၇)ဦးကို ဖမ်းဆီးရမိ

 1684

စော (NP News) - ဧပြီ ၉

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါ‌ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ်ဆင်ကာ ဓားပြတိုက် လုယက်သူ (၇)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၂၂လမ်း နှင့် ၈၉လမ်းထောင့်ရှိ ရွှေပန်းတိမ်ဆိုင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပုံသဏ္ဌာန်အသွင် ယူဝတ်ဆင်ထားသည့် အမျိုးသားလေးဦးသည် အဖြူရောင်ယာဉ်တစ်စီးနှင့်အတူရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်အတွင်းသို့ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိသည်ဟု ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ်အပေါ်ထပ်ရှိ အခန်းများကို ပြသခိုင်းကာ တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာကို ဖွင့်ခိုင်း၍ မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း (၁)သောင်း‌ကျော်တန်ဖိုးရှိသော ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် (၂)ပိဿာခွဲခန့် လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မရဲ စခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်ခဲ့ရာ ပြစ်မှုကျူးလွန်သူ အမျိုး သား(၄)ဦးအနက် ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်နေ မြတ်သူအောင် (၂၄)နှစ်ကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့၊ ည၁၂နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြတ်သူအောင်၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ နတ် စိမ်းကျေးရွာနေ ပန်တိမ်လုပ်ငန်းလုပ်ကိုင်သူ စိုးမိုးဦး (၂၄)နှစ်၊ တစ်ရွာတည်းနေ ကျဘမ်းလုပ်ကိုင်သူ ညီထူးအောင်(ခ)ညီညီ (၂၃)နှစ်၊ ကံကွဲကျေးရွာနေ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ မျိုးကို(ခ)မျိုးကိုကို(ခ)အား‌ကွေ့ (၂၅)နှစ်အား ယမန်နေ့ ဧပြီလ ၈ ရက်နေ့က ၎င်းတို့၏ နေ အိမ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ “လင်းလက်ဝါ” ရွှေပန်းထိမ်ဆိုင်အား လုယက်ဓားပြတိုက်ရန် သတင်းပေးခဲ့သူ အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ အကွက် (၂၁)၊ ဘုရားငါးဆူဝန်းနေ ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ ကိုကိုနိုင်(ခ)ကိုနိုင် (၄၂)နှစ်ကို ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေထည်ပစ္စည်းများအား ကော်ခွာခြင်း၊ ရွှေအရည်ကျိုခြင်းများ ကူညီလုပ်ကိုင်ပေးသူ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာနေ လက်သမားလုပ်ကိုင်သူ မင်းမင်းစိုး(ခ)တုတ်ကြီး (၂၃)နှစ် နှင့် ဓားပြတိုက်ရန်အတွက် ကိုကိုနိုင်(ခ)ကိုနိုင်ကို မြတ်သူအောင်နှင့် ချိတ်ဆက်တွေ့ဆုံပေးပြီး လိုင်စင်မဲ့မော်တော်ယာဉ် နှင့် သေနတ်ဝယ်ယူပေးသူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ကားအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့ကို ၎င်းတို့၏နေအိမ်အသီးသီး၌ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ မြတ်သူအောင်၊ စိုးမိုးဦး၊ ညီထူးအောင်(ခ)ညီညီ၊ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့၊ မင်းမင်းစိုး(ခ)တုတ်ကြီး၊ ကိုကိုနိုင်(ခ)ကိုနိုင်နှင့် ထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့(၇)ဦးတို့ကို (၁၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ရွှေထည်ပစ္စည်းများ နှင့် Mark II 99 အဖြူရောင်မော်တော်ယာဉ်တစ်စီး၊ ပစ္စတိုသေနတ်တစ်လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
လင္းလက္ဝါေ႐ႊပန္းတိမ္ဆိုင္ကို ရဲယူနီေဖာင္းဝတ္ဆင္ကာ ဓားျပတိုက္ လုယက္သူ (၇)ဦးကို ဖမ္းဆီးရမိ
ေစာ (NP News) - ဧၿပီ ၉

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ လင္းလက္ဝါ‌ေ႐ႊပန္းတိမ္ဆိုင္ကို ရဲယူနီေဖာင္းဝတ္ဆင္ကာ ဓားျပတိုက္ လုယက္သူ (၇)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ မတ္လ ၂၈ ရက္ေန႔၊ ညေန (၅)နာရီဝန္းက်င္အခ်ိန္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၂၂လမ္း ႏွင့္ ၈၉လမ္းေထာင့္ရွိ ေ႐ႊပန္းတိမ္ဆိုင္ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပုံသဏၭာန္အသြင္ ယူဝတ္ဆင္ထားသည့္ အမ်ိဳးသားေလးဦးသည္ အျဖဴေရာင္ယာဥ္တစ္စီးႏွင့္အတူေရာက္ရွိလာၿပီး ေနအိမ္အတြင္းသို႔ ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။

အဆိုပါေနအိမ္အတြင္းသို႔ ဧည့္စာရင္းစစ္ရန္ႏွင့္ လူမ်ားစစ္ေဆးရန္ရွိသည္ဟု ေျပာဆို၍ အိမ္ရွင္မ်ားအား တြန္းထိုး႐ိုက္ႏွက္ၿပီး ေနအိမ္အေပၚထပ္ရွိ အခန္းမ်ားကို ျပသခိုင္းကာ တတိယထပ္ရွိ ေ႐ႊထည္ပစၥည္းမ်ားထားသည့္ မီးခံေသတၱာကို ဖြင့္ခိုင္း၍ မီးခံေသတၱာအတြင္းမွ ေငြက်ပ္သိန္း (၁)ေသာင္း‌ေက်ာ္တန္ဖိုးရွိေသာ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ အေလးခ်ိန္ (၂)ပိႆာခြဲခန႔္ လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိႏိုင္ေရးအတြက္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္(၅)ၿမိဳ႕မရဲ စခန္းတြင္ ရာဇသတ္ႀကီး ပုဒ္မ ၃၉၄/၁၁၄ ျဖင့္ အမႈေရးဖြင့္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူ အမ်ိဳး သား(၄)ဦးအနက္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေအာင္သုခရပ္ကြက္ေန ျမတ္သူေအာင္ (၂၄)ႏွစ္ကို ၿပီးခဲ့သည့္ ဧၿပီလ ၇ ရက္ေန႔၊ ည၁၂နာရီခြဲအခ်ိန္တြင္ ၎၏ေနအိမ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျမတ္သူေအာင္၏ထြက္ဆိုခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ပါဝင္သူ ပုသိမ္ႀကီးၿမိဳ႕နယ္၊ နတ္ စိမ္းေက်း႐ြာေန ပန္တိမ္လုပ္ငန္းလုပ္ကိုင္သူ စိုးမိုးဦး (၂၄)ႏွစ္၊ တစ္႐ြာတည္းေန က်ဘမ္းလုပ္ကိုင္သူ ညီထူးေအာင္(ခ)ညီညီ (၂၃)ႏွစ္၊ ကံကြဲေက်း႐ြာေန ပန္းတိမ္လုပ္ငန္းလုပ္ကိုင္သူ မ်ိဳးကို(ခ)မ်ိဳးကိုကို(ခ)အား‌ေကြ႕ (၂၅)ႏွစ္အား ယမန္ေန႔ ဧၿပီလ ၈ ရက္ေန႔က ၎တို႔၏ ေန အိမ္အသီးသီးတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္မ်ားအရ “လင္းလက္ဝါ” ေ႐ႊပန္းထိမ္ဆိုင္အား လုယက္ဓားျပတိုက္ရန္ သတင္းေပးခဲ့သူ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ဌာေနအေရွ႕ရပ္ကြက္၊ အကြက္ (၂၁)၊ ဘုရားငါးဆူဝန္းေန ေ႐ႊပန္းထိမ္လုပ္ငန္းလုပ္ကိုင္သူ ကိုကိုႏိုင္(ခ)ကိုႏိုင္ (၄၂)ႏွစ္ကို ၎၏ ေနအိမ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေ႐ႊထည္ပစၥည္းမ်ားအား ေကာ္ခြာျခင္း၊ ေ႐ႊအရည္က်ိဳျခင္းမ်ား ကူညီလုပ္ကိုင္ေပးသူ ပုသိမ္ႀကီးၿမိဳ႕နယ္၊ နတ္စိမ္းေက်း႐ြာေန လက္သမားလုပ္ကိုင္သူ မင္းမင္းစိုး(ခ)တုတ္ႀကီး (၂၃)ႏွစ္ ႏွင့္ ဓားျပတိုက္ရန္အတြက္ ကိုကိုႏိုင္(ခ)ကိုႏိုင္ကို ျမတ္သူေအာင္ႏွင့္ ခ်ိတ္ဆက္ေတြ႕ဆုံေပးၿပီး လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ႏွင့္ ေသနတ္ဝယ္ယူေပးသူ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္ေန ကားအေရာင္းအဝယ္လုပ္ငန္းလုပ္ကိုင္သူ ထက္လႈိင္(ခ)ကိုလႈိင္ႀကီးတို႔ကို ၎တို႔၏ေနအိမ္အသီးသီး၌ ထပ္မံေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူ ျမတ္သူေအာင္၊ စိုးမိုးဦး၊ ညီထူးေအာင္(ခ)ညီညီ၊ မ်ိဳးကို(ခ)မ်ိဳးကိုကို(ခ)အားေကြ႕၊ မင္းမင္းစိုး(ခ)တုတ္ႀကီး၊ ကိုကိုႏိုင္(ခ)ကိုႏိုင္ႏွင့္ ထက္လႈိင္(ခ)ကိုလႈိင္ႀကီးတို႔(၇)ဦးတို႔ကို (၁၂) ရက္အတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔ထံမွ ေ႐ႊထည္ပစၥည္းမ်ား ႏွင့္ Mark II 99 အျဖဴေရာင္ေမာ္ေတာ္ယာဥ္တစ္စီး၊ ပစၥတိုေသနတ္တစ္လက္တို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ ျပစ္မႈက်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူေဆာင္႐ြက္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.