မန္တလေးဈေးချိုတော်တွင် ရုတ်တရက်မူးလဲသည့်အမျိုးသမီးတစ်ဦး ဆေးရုံအရောက်တွင် သေဆုံး

 5149

သန့်ဇင် (NP News) - ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးဈေးချိုတော်တွင် ရုတ်တရက်မူးလဲသည့်အမျိုး သမီးတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၉ရက်)၊ နံနက် ၉နာရီဝန်းကျင်အချိန်ခန့်က မန္တလေးဈေးချို့တော်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဈေးလာဝယ်တဲ့အမျိုးသမီးတစ်ဦး မူးလဲတယ်လို့ ကျွန်တော်တို့အသင်းကိုဖုန်းဆက်လို့ ဆေးရုံကြီးပို့ပေးခဲ့တာ။ ဘာကြောင့် မူးလဲတာလည်းဆိုတာတော့မသိခဲ့ရပါဘူး။ ဆေးရုံကြီးရောက်တော့ ဆုံးသွားပါတယ်။ မိသားစုနဲ့လည်း အဆက် အသွယ်ရပါတယ်”ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမူးလဲသည့် အမျိုးသမီးမှာ အသက်(၄၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး ဈေးချိုတော်ဈေးအတွင်း၌ ဈေးဝယ်နေစဉ် ရုတ်တရက် မူးလဲကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

zawgyi version
မႏၲေလးေဈးခ်ိဳေတာ္တြင္ ႐ုတ္တရက္မူးလဲသည့္အမ်ိဳးသမီးတစ္ဦး ေဆး႐ုံအေရာက္တြင္ ေသဆုံး
သန႔္ဇင္ (NP News) - ဧၿပီ ၉

မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးေဈးခ်ိဳေတာ္တြင္ ႐ုတ္တရက္မူးလဲသည့္အမ်ိဳး သမီးတစ္ဦးကို ေဆး႐ုံသို႔ပို႔ေဆာင္ရာ ေဆး႐ုံအေရာက္တြင္ ေသဆုံးသြားခဲ့ေၾကာင္း မဏီစလလူမႈကူညီေရးအသင္းထံမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၉ရက္)၊ နံနက္ ၉နာရီဝန္းက်င္အခ်ိန္ခန႔္က မႏၲေလးေဈးခ်ိဳ႕ေတာ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ေဈးလာဝယ္တဲ့အမ်ိဳးသမီးတစ္ဦး မူးလဲတယ္လို႔ ကြၽန္ေတာ္တို႔အသင္းကိုဖုန္းဆက္လို႔ ေဆး႐ုံႀကီးပို႔ေပးခဲ့တာ။ ဘာေၾကာင့္ မူးလဲတာလည္းဆိုတာေတာ့မသိခဲ့ရပါဘူး။ ေဆး႐ုံႀကီးေရာက္ေတာ့ ဆုံးသြားပါတယ္။ မိသားစုနဲ႔လည္း အဆက္ အသြယ္ရပါတယ္”ဟု မဏီစလလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမူးလဲသည့္ အမ်ိဳးသမီးမွာ အသက္(၄၅)ႏွစ္ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး ေဈးခ်ိဳေတာ္ေဈးအတြင္း၌ ေဈးဝယ္ေနစဥ္ ႐ုတ္တရက္ မူးလဲက်သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသမီး၏႐ုပ္အေလာင္းကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.