ကိုရီးယားနည်းပညာဖြင့် အမှိုက်များမှ မီသိန်းဓာတ်ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေး ဆွေးနွေး

 768

ယွန်း (NP News) - ဧပြီ ၉

ကိုရီးယားနည်းပညာဖြင့် အမှိုက်များမှ မီသိန်းဓာတ်ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေး နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကိုရီးယားနိုင်ငံ GES Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှ လျှပ်စစ်ထုတ်လုပ်ခြင်းစီမံကိန်း ဆွေးနွေးပွဲကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ကျင်းပခဲ့သည်။

ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့် လူဦးရေတိုးတက်လာမှုများကြောင့် စွန့်ပစ်အမှိုက်ထွက်ရှိမှု ပမာဏသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက ဆိုသည်။

ရန်ကုန်မြို့၌ တစ်ရက်လျှင် စွန့်ပစ်အမှိုက် တန်(၂၅၀၀) ခန့်ထွက်ရှိနေပြီး အဆိုပါအမှိုက်များကို မြို့တော်အတွင်းမှ သိမ်းဆည်းသယ်ယူ၍ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများတွင် ဖိကြိတ်ကာ အမှိုက်တစ်လွှာမြေတစ်လွှာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများတွင် မြေနေရာရှားပါးခြင်း နှင့် အမှိုက်များကို လျော့ နည်းစေရန် သဘာဝမြေဆွေးပြုလုပ်ခြင်းများကိုလည်းဆောင်ရွက်လျက်ရှိပြီး အောင်းပူကြောင့် မီးလောင်မှုမဖြစ်စေရေး မီသိန်းဓာတ်ငွေ့များအားပိုက်များဖြင့် ထုတ်လွှတ်ထားသည်ကို အကျိုးရှိစွာ အသုံးပြုရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် ကိုရီးယားနိုင်ငံ၊ GES Co.,Ltd ၏ နည်းပညာဖြင့် မီသိန်းဓာတ်‌ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေးကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်ထံမှ သိရသည်။

zawgyi version
ကိုရီးယားနည္းပညာျဖင့္ အမႈိက္မ်ားမွ မီသိန္းဓာတ္ေငြ႕မ်ား စုစည္းသန႔္စင္ၿပီး လွ်ပ္စစ္ထုတ္ယူႏိုင္ေရး ေဆြးေႏြး
ယြန္း (NP News) - ဧၿပီ ၉

ကိုရီးယားနည္းပညာျဖင့္ အမႈိက္မ်ားမွ မီသိန္းဓာတ္ေငြ႕မ်ား စုစည္းသန႔္စင္ၿပီး လွ်ပ္စစ္ထုတ္ယူႏိုင္ေရး ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီႏွင့္ ကိုရီးယားႏိုင္ငံ GES Co.,Ltd တို႔ ပူးေပါင္းေဆာင္႐ြက္သည့္ ေနာက္ဆုံးစြန႔္ပစ္အမႈိက္ပုံမ်ားမွ လွ်ပ္စစ္ထုတ္လုပ္ျခင္းစီမံကိန္း ေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ Chatrium Hotel တြင္ က်င္းပခဲ့သည္။

ရန္ကုန္ၿမိဳ႕၏ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္ လူဦးေရတိုးတက္လာမႈမ်ားေၾကာင့္ စြန႔္ပစ္အမႈိက္ထြက္ရွိမႈ ပမာဏသည္ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုျမင့္တက္လာေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒(ၿမိဳ႕ေတာ္ဝန္) ဦးဗိုလ္ေဌးက ဆိုသည္။

ရန္ကုန္ၿမိဳ႕၌ တစ္ရက္လွ်င္ စြန႔္ပစ္အမႈိက္ တန္(၂၅၀၀) ခန႔္ထြက္ရွိေနၿပီး အဆိုပါအမႈိက္မ်ားကို ၿမိဳ႕ေတာ္အတြင္းမွ သိမ္းဆည္းသယ္ယူ၍ ေနာက္ဆုံးစြန႔္ပစ္ အမႈိက္ပုံမ်ားတြင္ ဖိႀကိတ္ကာ အမႈိက္တစ္လႊာေျမတစ္လႊာျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေနာက္ဆုံးစြန႔္ပစ္အမႈိက္ပုံမ်ားတြင္ ေျမေနရာရွားပါးျခင္း ႏွင့္ အမႈိက္မ်ားကို ေလ်ာ့ နည္းေစရန္ သဘာဝေျမေဆြးျပဳလုပ္ျခင္းမ်ားကိုလည္းေဆာင္႐ြက္လ်က္ရွိၿပီး ေအာင္းပူေၾကာင့္ မီးေလာင္မႈမျဖစ္ေစေရး မီသိန္းဓာတ္ေငြ႕မ်ားအားပိုက္မ်ားျဖင့္ ထုတ္လႊတ္ထားသည္ကို အက်ိဳးရွိစြာ အသုံးျပဳရန္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေဆြးေႏြးရာတြင္ ကိုရီးယားႏိုင္ငံ၊ GES Co.,Ltd ၏ နည္းပညာျဖင့္ မီသိန္းဓာတ္‌ေငြ႕မ်ား စုစည္းသန႔္စင္ၿပီး လွ်ပ္စစ္ထုတ္ယူႏိုင္ေရးကို ေဆြးေႏြးေဆာင္႐ြက္ခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ထံမွ သိရသည္။

Related news

© 2021. All rights reserved.