ရန်ကုန်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွား

 2689

မြူနစ် (NP News) - ဧပြီ ၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့ဝင် (၂)ဦးက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်သည် ယနေ့(ဧပြီ ၉ ရက်)၊ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ သံဒင်းစုလမ်းမပေါ်ရှိ မုန့်ဟင်းခါးဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

ပေါက်တောဝရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဌေးမြင့်သည် သံဒင်းစုလမ်းမပေါ်ရှိ ဒေါ်သန်းသန်းမော်၏ မုန့်ဟင်းခါးဆိုင်တွင် စားနေစဉ် အမျိုးသား(၂)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဦးဌေးမြင့်တွင် သေနတ်ဒဏ်ရာ (၄)ချက်ထက်မနည်းရရှိကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက် လက်ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်သတ်ဖြတ်သွားသော PDF အဖွဲ့ဝင် အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို နစကအစိုးရက အာဏာသက်ဝင်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိနေစဉ်အချိန်တွင် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ခပ်စိတ်စိတ်ဖြစ်ပွားလာနေသည်ကို တွေ့ရသည်။

လက်ရှိနစကအစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို အကြမ်းဖက်အဖွဲ့က ဒလန်၊ သတင်းပေးဟုစွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်ခဲ့သောဖြစ်စဉ် အများအပြားရှိခဲ့ဖူးသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ လုပ္ႀကံသတ္ ျဖတ္မႈျဖစ္ပြား
ျမဴနစ္ (NP News) - ဧၿပီ ၉

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕ဝင္ (၂)ဦးက ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

လုပ္ႀကံသတ္ျဖတ္မႈျဖစ္စဥ္သည္ ယေန႔(ဧၿပီ ၉ ရက္)၊ နံနက္ ၉ နာရီခြဲအခ်ိန္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ေပါက္ေတာရပ္ကြက္၊ သံဒင္းစုလမ္းမေပၚရွိ မုန႔္ဟင္းခါးဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

ေပါက္ေတာဝရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေဌးျမင့္သည္ သံဒင္းစုလမ္းမေပၚရွိ ေဒၚသန္းသန္းေမာ္၏ မုန႔္ဟင္းခါးဆိုင္တြင္ စားေနစဥ္ အမ်ိဳးသား(၂)ဦးသည္ ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးဦးေဌးျမင့္တြင္ ေသနတ္ဒဏ္ရာ (၄)ခ်က္ထက္မနည္းရရွိကာ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ဆက္ လက္ေျပာသည္။

ယင္းကဲ့သို႔ ပစ္ခတ္သတ္ျဖတ္သြားေသာ PDF အဖြဲ႕ဝင္ အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕က ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒကို နစကအစိုးရက အာဏာသက္ဝင္ေၾကာင္း အမိန႔္ထုတ္ျပန္ၿပီးေနာက္ စစ္မႈထမ္းဆင့္ေခၚေရးလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္လ်က္ရွိေနစဥ္အခ်ိန္တြင္ ေက်း႐ြာ/ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား သတ္ျဖတ္ခံရသည့္ျဖစ္စဥ္ ခပ္စိတ္စိတ္ျဖစ္ပြားလာေနသည္ကို ေတြ႕ရသည္။

လက္ရွိနစကအစိုးရလက္ထက္တြင္ အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉးမ်ားကို အၾကမ္းဖက္အဖြဲ႕က ဒလန္၊ သတင္းေပးဟုစြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္ခဲ့ေသာျဖစ္စဥ္ အမ်ားအျပားရွိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.