မြန်မာအစိုးရ နှင့် လက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးပွဲများစတင်နိုင်ရန် ထိလွယ်ရှလွယ်သည့်ပြဿနာများရှိနေဟု ထိုင်းဝန်ကြီးချုပ်ပြော
                        
                            
                             
 2833
 
                             
                            
                            
                         
                        
Pika (NP News) - ဧပြီ ၉
မြန်မာအစိုးရ နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ဆွေးနွေးပွဲများစတင်ရန်နှင့်ပတ်သက်ပြီး ထိလွယ်ရှလွယ်သည့်ပြဿနာများရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်တာသာဗီဆင်ကပြောကြားခဲ့သည်။
ဆာရက်တာသာဗီဆင်သည် မြန်မာနိုင်ငံအတွင်း၌ ပဋိပက္ခများပြင်းထန်လာမှုကို ဆွေးနွေးရန်အတွက် ကျင်းပခဲ့သော ထိုင်းအစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဆာရက်တာသာဗီဆင်က 'မြန်မာအရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်ပေါင်းစုံနဲ့ စကားပြောရပါမယ်'ဟု ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအစိုးရသည် အင်အားတောင့်တင်းမှု တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ကြောင်း နှင့် လက်ရှိအချိန်သည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများစတင်ရန် သင့်တော်သည့်အချိန်တစ်ခုဖြစ်ကြောင်း ဆာရက်တာသာဗီဆင်က မကြာသေးမီက ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာပဋိပက္ခနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံကကြားနေအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara က ဧပြီလ(၉)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုင်းအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေရသူ(၁)သိန်းခန့်ကို လက်ခံထားပေးနိုင်ကြောင်းလည်း Parnpree Bahiddha-nukara က ထပ်မံပြောဆိုခဲ့သည်။ ထို့ပြင် မြန်မာပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအားလုံးကို ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရန် Parnpree Bahiddha-nukara က တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။ ထိုင်း-မြန်မာနယ် စပ်သည် ကီလိုမီတာ(၂၀၀၀)ကျော်ရှည်လျားပြီး ဆာရက်တာသာဗီဆင်သည် ဝန်ကြီး ချုပ်အဖြစ် စတင်တာဝန်ယူခဲ့သည့်နောက်ပိုင်းတည်းက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများစွာကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေများသည် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်း ဆာရက်တာသာဗီဆင်က ထပ်မံပြောဆိုခဲ့သည်။
                     
                        
                                
                                
                                        zawgyi version
ျမန္မာအစိုးရ ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားၾကား ေဆြးေႏြးပြဲမ်ားစတင္ႏိုင္ရန္ ထိလြယ္ရွလြယ္သည့္ျပႆနာမ်ားရွိေနဟု ထိုင္းဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဧၿပီ ၉
ျမန္မာအစိုးရ ႏွင့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားၾကား ေဆြးေႏြးပြဲမ်ားစတင္ရန္ႏွင့္ပတ္သက္ၿပီး ထိလြယ္ရွလြယ္သည့္ျပႆနာမ်ားရွိေနေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္တာသာဗီဆင္ကေျပာၾကားခဲ့သည္။
ဆာရက္တာသာဗီဆင္သည္ ျမန္မာႏိုင္ငံအတြင္း၌ ပဋိပကၡမ်ားျပင္းထန္လာမႈကို ေဆြးေႏြးရန္အတြက္ က်င္းပခဲ့ေသာ ထိုင္းအစိုးရအဖြဲ႕အစည္းအေဝးအၿပီးတြင္ ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ဆာရက္တာသာဗီဆင္က 'ျမန္မာအေရးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ဘက္ေပါင္းစုံနဲ႔ စကားေျပာရပါမယ္'ဟု ေျပာၾကားခဲ့သည္။ ထို႔ျပင္ ျမန္မာအစိုးရသည္ အင္အားေတာင့္တင္းမႈ တျဖည္းျဖည္းေလ်ာ့နည္းလာၿပီျဖစ္ေၾကာင္း ႏွင့္ လက္ရွိအခ်ိန္သည္ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးပြဲမ်ားစတင္ရန္ သင့္ေတာ္သည့္အခ်ိန္တစ္ခုျဖစ္ေၾကာင္း ဆာရက္တာသာဗီဆင္က မၾကာေသးမီက ျပဳလုပ္ေသာ အင္တာဗ်ဴးတစ္ခုတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ျမန္မာပဋိပကၡႏွင့္ပတ္သက္ၿပီး ထိုင္းႏိုင္ငံကၾကားေနအျဖစ္ ဆက္လက္ရပ္တည္ေနဆဲျဖစ္ ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Parnpree Bahiddha-nukara က ဧၿပီလ(၉)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ထိုင္းအေနျဖင့္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနေသာ ပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြါထြက္ေျပးေနရသူ(၁)သိန္းခန႔္ကို လက္ခံထားေပးႏိုင္ေၾကာင္းလည္း Parnpree Bahiddha-nukara က ထပ္မံေျပာဆိုခဲ့သည္။ ထို႔ျပင္ ျမန္မာပဋိပကၡတြင္ ပါဝင္ပတ္သက္ေနသူအားလုံးကို ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္ရန္ Parnpree Bahiddha-nukara က တိုက္တြန္းခဲ့ေၾကာင္းလည္း သိရသည္။ ထိုင္း-ျမန္မာနယ္ စပ္သည္ ကီလိုမီတာ(၂၀၀၀)ေက်ာ္ရွည္လ်ားၿပီး ဆာရက္တာသာဗီဆင္သည္ ဝန္ႀကီး ခ်ဳပ္အျဖစ္ စတင္တာဝန္ယူခဲ့သည့္ေနာက္ပိုင္းတည္းက ျမန္မာႏိုင္ငံႏွင့္ ထိေတြ႕ဆက္ဆံမႈမ်ားစြာကို လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ အေျခအေနမ်ားသည္ ထိုင္းႏိုင္ငံအတြက္ အေရးႀကီးေၾကာင္း ဆာရက္တာသာဗီဆင္က ထပ္မံေျပာဆိုခဲ့သည္။