မြန်မာအစိုးရအနေဖြင့် မဲဆောက်လေဆိပ်သို့ မြန်မာခရီးသည်တင်လေယာဉ်ဆင်းမည့် အထူးခွင့်ပြုချက်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းအစိုးရပြော

 6159

ဂျန်ဇက် (NP News) - ဧပြီ ၉

မြန်မာအစိုးရသည် အရပ်သားများကို ကယ်ထုတ်နိုင်ရန်အတွက် ထိုင်းနှင့်မြန်မာနယ်စပ်အနီးရှိ မဲဆောက်မြို့လေဆိပ်တွင် လေယာဉ်ဆင်းသက်ရန် တောင်းဆိုခဲ့ပြီး ဧပြီ ၇ ရက်နေ့ညပိုင်းက မဲဆောက်မြို့လေဆိပ်သို့ လေယာဉ်ဆင်းသက်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဧပြီ ၈ ရက်နှင့် ၉ ရက်နေ့တွင် လေယာဉ်ဆင်းသက်မည့်အစီစဉ်များကို ပြန်လည်ဖျက်သိမ်းသွားခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူThanawat Sirikul ကထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးသည် အရပ်သားများကိုကယ်ထုတ်နိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေဆိပ်တွင် လေယာဉ်ဆင်းခွင့် သုံးရက်ကြာပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ ထိုင်းအစိုးရအနေဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှု အစိတ်အပိုင်းအဖြစ် မြန်မာလေယာဉ်များကို မဲဆောက်မြို့လေဆိပ်သို့ ဆင်းသက်ခွင့်ပေးခဲ့ကြောင်း ဧပြီ ၇ ရက်နေ့၊ ညပိုင်း ၉နာရီ ၂၀မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR 72-600 အမျိုးအစားလေယာဉ်များ ဆင်းသက်ခဲ့ပြီး တစ်နာရီကျော်ကြာစောင့်ဆိုင်းခဲ့ပြီးနောက် လိုက်ပါသွားသူမရှိဘဲ မိခင်နိုင်ငံဘက်သို့ ပြန်တက်သွားခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ မြန်မာခရီးသည်တင်လေယာဉ် ပြန်သွားခဲ့ပြီးနောက် မြန်မာအစိုးရသည် ဧပြီ ၈ ရက်နှင့် ဧပြီ ၉ ရက်တို့တွင် မဲဆောက်လေဆိပ်သို့ဆင်းသက်မည့်အစီအစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် မြန်မာအစိုးရဘက်မှ မဲဆောက်လေဆိပ်သို့ ဆင်းသက်မည့် အစီအစဉ်များဖျက်သိမ်းခဲ့ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်းသိရသည်။ ထိုင်းအစိုးရအနေဖြင့် လက်ရှိအချိန်တွင် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသအခြေနေများကို အနီးကပ်စောင့်ကြည့်နေပြီး ထိုင်းပြည်သူများဘေးကင်းစေရေး၊ တရားဥပဒေစိုးမိုးမှု နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန်လိုအပ်သော ဆောင်ရွက်မှုများလုပ်ဆောင်ရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုင်းစစ်သားများသည် နယ်စပ်ဒေသတစ်လျှောက်ကင်းလှည့်မှုများ လုပ်ဆောင်နေပြီး သံချပ်ကာများလည်း ပါဝင်ကြောင်း၊ လူမူကွန်ရက်တွင်ထွက်ပေါ်ခဲ့သော ရုပ်သံဖိုင်များတွင်ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က မဲဆောက်မြို့သို့ ဆင်းသက်ခဲ့သောလေယာဉ်သည်စစ်သားများ သို့မဟုတ် စစ်လက်နက်များ တင်ဆောင်မည့် လေယာဉ်မဟုတ်ကြောင်း၊ အရပ်သားများကို တင်ဆောင်ပျံသန်းရန်လာရောက်သောလေယာဉ်မျိုးဖြစ်ကြောင်းပြောသည်။

zawgyi version
ျမန္မာအစိုးရအေနျဖင့္ မဲေဆာက္ေလဆိပ္သို႔ ျမန္မာခရီးသည္တင္ေလယာဥ္ဆင္းမည့္ အထူးခြင့္ျပဳခ်က္အစီအစဥ္ကို ဖ်က္သိမ္းခဲ့ေၾကာင္း ထိုင္းအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

ျမန္မာအစိုးရသည္ အရပ္သားမ်ားကို ကယ္ထုတ္ႏိုင္ရန္အတြက္ ထိုင္းႏွင့္ျမန္မာနယ္စပ္အနီးရွိ မဲေဆာက္ၿမိဳ႕ေလဆိပ္တြင္ ေလယာဥ္ဆင္းသက္ရန္ ေတာင္းဆိုခဲ့ၿပီး ဧၿပီ ၇ ရက္ေန႔ညပိုင္းက မဲေဆာက္ၿမိဳ႕ေလဆိပ္သို႔ ေလယာဥ္ဆင္းသက္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ဧၿပီ ၈ ရက္ႏွင့္ ၉ ရက္ေန႔တြင္ ေလယာဥ္ဆင္းသက္မည့္အစီစဥ္မ်ားကို ျပန္လည္ဖ်က္သိမ္းသြားခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူThanawat Sirikul ကထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ထိုင္းႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးသည္ အရပ္သားမ်ားကိုကယ္ထုတ္ႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံရွိ ႏိုင္ငံတကာေလဆိပ္တြင္ ေလယာဥ္ဆင္းခြင့္ သုံးရက္ၾကာျပဳလုပ္ေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာသည္။ ထိုင္းအစိုးရအေနျဖင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးမႈ အစိတ္အပိုင္းအျဖစ္ ျမန္မာေလယာဥ္မ်ားကို မဲေဆာက္ၿမိဳ႕ေလဆိပ္သို႔ ဆင္းသက္ခြင့္ေပးခဲ့ေၾကာင္း ဧၿပီ ၇ ရက္ေန႔၊ ညပိုင္း ၉နာရီ ၂၀မိနစ္တြင္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ATR 72-600 အမ်ိဳးအစားေလယာဥ္မ်ား ဆင္းသက္ခဲ့ၿပီး တစ္နာရီေက်ာ္ၾကာေစာင့္ဆိုင္းခဲ့ၿပီးေနာက္ လိုက္ပါသြားသူမရွိဘဲ မိခင္ႏိုင္ငံဘက္သို႔ ျပန္တက္သြားခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာသည္။ ျမန္မာခရီးသည္တင္ေလယာဥ္ ျပန္သြားခဲ့ၿပီးေနာက္ ျမန္မာအစိုးရသည္ ဧၿပီ ၈ ရက္ႏွင့္ ဧၿပီ ၉ ရက္တို႔တြင္ မဲေဆာက္ေလဆိပ္သို႔ဆင္းသက္မည့္အစီအစဥ္မ်ားကို ဖ်က္သိမ္းခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ထုတ္ေဖာ္ေျပာဆိုထားသည္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူသည္ ျမန္မာအစိုးရဘက္မွ မဲေဆာက္ေလဆိပ္သို႔ ဆင္းသက္မည့္ အစီအစဥ္မ်ားဖ်က္သိမ္းခဲ့ျခင္းႏွင့္ပတ္သက္ၿပီး အေသးစိတ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။ ထိုင္းအစိုးရအေနျဖင့္ လက္ရွိအခ်ိန္တြင္ ထိုင္းႏွင့္ျမန္မာနယ္စပ္ေဒသအေျခေနမ်ားကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ထိုင္းျပည္သူမ်ားေဘးကင္းေစေရး၊ တရားဥပေဒစိုးမိုးမႈ ႏွင့္ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းႏိုင္ရန္လိုအပ္ေသာ ေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္ရန္ အဆင့္သင့္ရွိေနေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ထိုင္းစစ္သားမ်ားသည္ နယ္စပ္ေဒသတစ္ေလွ်ာက္ကင္းလွည့္မႈမ်ား လုပ္ေဆာင္ေနၿပီး သံခ်ပ္ကာမ်ားလည္း ပါဝင္ေၾကာင္း၊ လူမူကြန္ရက္တြင္ထြက္ေပၚခဲ့ေသာ ႐ုပ္သံဖိုင္မ်ားတြင္ေဖာ္ျပထားသည္။ ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္က မဲေဆာက္ၿမိဳ႕သို႔ ဆင္းသက္ခဲ့ေသာေလယာဥ္သည္စစ္သားမ်ား သို႔မဟုတ္ စစ္လက္နက္မ်ား တင္ေဆာင္မည့္ ေလယာဥ္မဟုတ္ေၾကာင္း၊ အရပ္သားမ်ားကို တင္ေဆာင္ပ်ံသန္းရန္လာေရာက္ေသာေလယာဥ္မ်ိဳးျဖစ္ေၾကာင္းေျပာသည္။

Related news

© 2021. All rights reserved.