ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီး

 580

သန့်ဇင် (NP News) - ဧပြီ ၉

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ရွှေမဉ္ဇူလူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဧပြီလ ၉ ရက်)၊ မွန်းလွဲ ၁နာရီ ၅၅မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၁၂၀ လမ်းနှင့် ၆၈ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလောင်တဲ့မီးက ပေါ့ဆမီးလို့ပြောရမှာပေါ့။ (၄၆)ဝန်းထဲမှာရှိတဲ့ လုံးချင်းအိမ်လေးတွေလောင်သွားတာပါ။ နေအိမ်(၂)ထပ်အိမ်တွေ လောင်သွားတာ။ အဲဒီကနေ ဘေးနာက တိုက်ကိုမီးဟပ်တာပေါ့”ဟု ရွှေမဉ္ဇူလူမှုကူညီရေးအသင်းမှ တာန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ မီးကိုမပေါ့ဆဖို့ပါပဲ။ မြန်မာနိုင်ငံရဲ့ရာသီတုဥကလည်း အယ်နီညိုကာလဆိုတော့ ပူတာကပူနဲ့။ ဒီကြားထဲမီးလောင်လို့ထပ်ပူတာမျိုးတော့မဖြစ်စေချင်ဘူး။ မီးလောင်မှုက ပြည်ကြီးတံခွန်မှာတင်ပဲ တစ်လတည်းကို (၁၀)ကြိမ်လောက် ဖြစ်နေတာ။ အဲဒီတော့ မီးကိုမပေါ့ဆဖို့ပဲပြောချင်ပါတယ်”ဟု ၎င်းကအကြံပြုပြောဆိုထား သည်။

ထို့ကြောင့် ၎င်းမီးလောင်မှုဖြစ်စဉ်ကို ပြည်ကြီးတံခွန်မြို့နယ်မီးသတ်တပ်ဖွဲ့အပြင် အခြားပရဟိတအသင်းအဖွဲ့များက Level 1 အဆင့်ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္(၅)လုံးထက္မနည္း မီးေလာင္ပ်က္စီး

သန႔္ဇင္ (NP News) - ဧၿပီ ၉

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္(၅)လုံးထက္မနည္း မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း ေ႐ႊမၪၨဴလူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ဧၿပီလ ၉ ရက္)၊ မြန္းလြဲ ၁နာရီ ၅၅မိနစ္အခ်ိန္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ေငြေတာ္က်ီကုန္းရပ္ကြက္၊ ၁၂၀ လမ္းႏွင့္ ၆၈ လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုေလာင္တဲ့မီးက ေပါ့ဆမီးလို႔ေျပာရမွာေပါ့။ (၄၆)ဝန္းထဲမွာရွိတဲ့ လုံးခ်င္းအိမ္ေလးေတြေလာင္သြားတာပါ။ ေနအိမ္(၂)ထပ္အိမ္ေတြ ေလာင္သြားတာ။ အဲဒီကေန ေဘးနာက တိုက္ကိုမီးဟပ္တာေပါ့”ဟု ေ႐ႊမၪၨဴလူမႈကူညီေရးအသင္းမွ တာန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း လူေနအိမ္(၅)လုံးထက္မနည္း မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ေျပာခ်င္တာကေတာ့ မီးကိုမေပါ့ဆဖို႔ပါပဲ။ ျမန္မာႏိုင္ငံရဲ႕ရာသီတုဥကလည္း အယ္နီညိဳကာလဆိုေတာ့ ပူတာကပူနဲ႔။ ဒီၾကားထဲမီးေလာင္လို႔ထပ္ပူတာမ်ိဳးေတာ့မျဖစ္ေစခ်င္ဘူး။ မီးေလာင္မႈက ျပည္ႀကီးတံခြန္မွာတင္ပဲ တစ္လတည္းကို (၁၀)ႀကိမ္ေလာက္ ျဖစ္ေနတာ။ အဲဒီေတာ့ မီးကိုမေပါ့ဆဖို႔ပဲေျပာခ်င္ပါတယ္”ဟု ၎ကအႀကံျပဳေျပာဆိုထား သည္။

ထို႔ေၾကာင့္ ၎မီးေလာင္မႈျဖစ္စဥ္ကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕အျပင္ အျခားပရဟိတအသင္းအဖြဲ႕မ်ားက Level 1 အဆင့္ျဖင့္ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.