Arche အပါအဝင် အလှကုန်ပစ္စည်း(၃၀)မျိုး၌ တားမြစ်ဓါတုပစ္စည်းများပါဝင်နေခြင်းကြောင့်သုံးစွဲရန် မသင့်ကြောင်း FDA Myanmar အသိပေး

 1224

ယွန်း (NP News) - ဧပြီ ၉

Arche Pearl Cream အပါအဝင် အလှကုန်ပစ္စည်း(၃၀)မျိုးတွင် အာဆီယံဒေသတွင်းတွေ့ရသည့် တားမြစ်ဓါတုပစ္စည်းများပါဝင်နေခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း FDA Myanmar က အသိပေး ထုတ်ပြန်ထားသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) က ယနေ့(ဧပြီ ၉ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဆီယံဒေသတွင်းနိုင်ငံများ၏ Post- Marketing Alert System(PMAS) Report အစီအစဥ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော တားမြစ်ဓါတုပစ္စည်း ပါဝင်သည့် အလှကုန်ပစ္စည်း (၃၀)မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေခြင်းကြောင့် ပြည်သူများသုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ အလှကုန်ပစ္စည်းများကို မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း အပါအဝင် ရောင်ရမ်းခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များ သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် FDA Myanmar ကထုတ်ပြန်ထားသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူ‌ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

zawgyi version
Arche အပါအဝင္ အလွကုန္ပစၥည္း(၃၀)မ်ိဳး၌ တားျမစ္ဓါတုပစၥည္းမ်ားပါဝင္ေနျခင္းေၾကာင့္သုံးစြဲရန္ မသင့္ေၾကာင္း FDA Myanmar အသိေပး
ယြန္း (NP News) - ဧၿပီ ၉

Arche Pearl Cream အပါအဝင္ အလွကုန္ပစၥည္း(၃၀)မ်ိဳးတြင္ အာဆီယံေဒသတြင္းေတြ႕ရသည့္ တားျမစ္ဓါတုပစၥည္းမ်ားပါဝင္ေနျခင္းေၾကာင့္ သုံးစြဲရန္မသင့္ေၾကာင္း FDA Myanmar က အသိေပး ထုတ္ျပန္ထားသည္။

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA Myanmar) က ယေန႔(ဧၿပီ ၉ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အာဆီယံေဒသတြင္းႏိုင္ငံမ်ား၏ Post- Marketing Alert System(PMAS) Report အစီအစဥ္အရ အာဆီယံေဒသတြင္း ေတြ႕ရွိရေသာ တားျမစ္ဓါတုပစၥည္း ပါဝင္သည့္ အလွကုန္ပစၥည္း (၃၀)မ်ိဳးသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေၾကာင္း သိရသည္။

ထို႔ျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓါတုပစၥည္းမ်ား ပါဝင္ေနျခင္းေၾကာင့္ ျပည္သူမ်ားသုံးစြဲရန္ မသင့္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။အဆိုပါ အလွကုန္ပစၥည္းမ်ားကို မေလးရွားႏိုင္ငံ၊ ထိုင္းႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔တြင္ စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တားျမစ္ဓါတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း အပါအဝင္ ေရာင္ရမ္းျခင္း၊ အေရျပားမွတဆင့္ခႏၶာကိုယ္အတြင္းသို႔ စုပ္ယူ၍ ထုံက်င္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အလွကုန္ပစၥည္းတင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီႏွင့္ လက္လီလက္ကားဆိုင္မ်ား သည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္အလွကုန္ပစၥည္းမ်ား တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ျခင္းကို က်င့္ဝတ္အရ လုံးဝမျပဳလုပ္ရန္ FDA Myanmar ကထုတ္ျပန္ထားသည္။

လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္(၃)(ဃ)အရ အေရးယူ‌ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.