ရန်ကုန်မြို့တွင် အပူချိန်မြင့်တက်၍ ရဟန်းတော်တစ်ပါး ရုတ်တရက်လဲကျကာ ပျံလွန်တော်မူခဲ့သည့်အပြင် လူပုဂ္ဂိုလ်တစ်ဦးပါ လဲကျသေဆုံးမှုဖြစ်ပွား

 11918

သန့်ဇင်(NP News)-ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် အပူချိန်မြင့်တက်၍ ရဟန်းတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး ရုတ်တရက်လဲကျကာ ပျံလွန်တော်မူ၊ သေဆုံးသွားခဲ့ကြောင်းသွားရောက်ကူညီခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။

သံဃာတော် ပျံလွန်တော်မူသည့်ဖြစ်စဉ်သည် ယမန်နေ့(ဧပြီလ ၉ရက်)၊ မွန်းလွဲ ၂နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပင်းယမှတ်တိုင်အနောက်၊ အမှတ်(၃)ဝိုင်း၊ ဝမ်းတော်ပြည့်ဘုန်းကြီးကျောင်းဘေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဦးဇင်းက အနီးနားကကျောင်းမှာ သီတင်းသုံးတာပါ။ နေ့ခင်းပိုင်း ပါရမီလမ်းကိုထွက်နေတဲ့အချိန် နေပူထဲမှာပဲ ရုတ်တရက် လဲကျပြီး ပျံလွန်တော်မူသွားတာပါ။ ကျွန်တော်တို့ ယူဆရတာတော့ နေပူချိန်အရမ်းပြင်းလို့ ပျံလွန်တော်မူသွားတယ်လို့ထင်တယ်။ ဦးဇင်းက ရောဂါအခံကလည်းရှိတော့ အခုလိုဖြစ်သွားတာပါ” ဟု မေတ္တာသီတာရေစင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။

ရုတ်တရက် ပျံလွန်တော်မူသွားခဲ့သည့် ရဟန်းတော်မှာ သက်တော်(၄၀)အရွယ်ဝန်းကျင်ခန့်ရှိပြီး ၎င်း၏ရုပ်ကလပ်တော်ကို မေတ္တာသီတာရေစင်ပရဟိတအသင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၄နာရီခွဲဝန်းကျင်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောက်လမ်းမကြီး၊ စိတ္တသုခလမ်းထိပ်တွင် အမျိုးသားတစ်ဦး ရုတ်တရက်လဲကျသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ဘေးကမြင်တဲ့လူတွေပြောတာတော့ ရုတ်တရက်လဲကျသေဆုံးသွားတာတဲ့။ ကျွန်တော်တို့ကောက်တော့ သူ့အသားတွေက တော်တော်လေးကို ပူခြစ်နေတာ။ အဲဒါနဲ့ အင်းစိန်ဆေးရုံပို့တော့ ဆရာဝန်ဆေးစစ်ချက်အရတော့ နေပူရှိန်ပြင်းပြီး ဦးနှောက်သွေးကြောပြတ်ပြီးသေတာလို့ပြောပါတယ်” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဆုံးသူအမျိုးသားမှာ အသက်(၄၅)နှစ်ဝန်းကျင်အရွယ်ခန့်ရှိကာ တွဲလက်လူမှုကူညီရေးအသင်းက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်ထိမိသားစုနှင့်အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

“ပြောချင်တာကတော့ အခုလိုအပူချိန်တွေမြင့်နေပေမယ့်လည်း ဝမ်းရေးအတွက်အပြင်ကိုမဖြစ်မနေထွက်နေကြရတော့ ပြောရတာ ခက်တယ်ဗျာ။ ရာသီဥတုနဲ့ပတ်သက်ရင်တော့ ဓာတ်ဆားရေများများသောက်စေချင်တာပေါ့။ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ပတ်ဝန်းကျင်ကို အကူအညီတောင်းပြီး ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားစေချင်တယ်။ မပြင်ထွက်စရာမလိုရင် မထွက်ဖို့လည်းပြောချင်ပါတယ်” ဟု အထက်ပါလူမှုကူညီရေးအသင်းများက အကြုံပြုပြောထားသည်။

နိုင်ငံတစ်ဝန်း၌ ဧပြီလလဆန်းပိုင်းမှ စတင်ကာ နေ့အပူချိန်များမြင့်တက်လျှက်ရှိပြီး ရန်ကုန်မြို့တွင်လည်း အပူချိန်မြင့်တက်မှုကြောင့် အပူရှပ်သည့်လက္ခဏာများကို ခံစားနေရသူအများအပြားရှိကြောင်း သိရသည်။

Zawgyi Version

ရန္ကုန္ၿမိဳ႕တြင္ အပူခ်ိန္ျမင့္တက္၍ ရဟန္းေတာ္တစ္ပါး ႐ုတ္တရက္လဲက်ကာ ပ်ံလြန္ေတာ္မူခဲ့သည့္အျပင္ လူပုဂၢိဳလ္တစ္ဦးပါ လဲက်ေသဆုံးမႈျဖစ္ပြား

သန႔္ဇင္(NP News)-ဧၿပီ ၁၀
ရန္ကုန္တိုင္းေဒသႀကီး ၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ႏွင့္ အင္းစိန္ၿမိဳ႕နယ္တို႔တြင္ အပူခ်ိန္ျမင့္တက္၍ ရဟန္းေတာ္တစ္ပါးႏွင့္ လူပုဂၢိဳလ္တစ္ဦး ႐ုတ္တရက္လဲက်ကာ ပ်ံလြန္ေတာ္မူ၊ ေသဆုံးသြားခဲ့ေၾကာင္းသြားေရာက္ကူညီခဲ့သည့္ ပရဟိတအသင္းမ်ားထံမွ သိရသည္။

သံဃာေတာ္ ပ်ံလြန္ေတာ္မူသည့္ျဖစ္စဥ္သည္ ယမန္ေန႔(ဧၿပီလ ၉ရက္)၊ မြန္းလြဲ ၂နာရီအခ်ိန္ခန႔္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ပင္းယမွတ္တိုင္အေနာက္၊ အမွတ္(၃)ဝိုင္း၊ ဝမ္းေတာ္ျပည့္ဘုန္းႀကီးေက်ာင္းေဘးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဦးဇင္းက အနီးနားကေက်ာင္းမွာ သီတင္းသုံးတာပါ။ ေန႔ခင္းပိုင္း ပါရမီလမ္းကိုထြက္ေနတဲ့အခ်ိန္ ေနပူထဲမွာပဲ ႐ုတ္တရက္ လဲက်ၿပီး ပ်ံလြန္ေတာ္မူသြားတာပါ။ ကြၽန္ေတာ္တို႔ ယူဆရတာေတာ့ ေနပူခ်ိန္အရမ္းျပင္းလို႔ ပ်ံလြန္ေတာ္မူသြားတယ္လို႔ထင္တယ္။ ဦးဇင္းက ေရာဂါအခံကလည္းရွိေတာ့ အခုလိုျဖစ္သြားတာပါ” ဟု ေမတၱာသီတာေရစင္ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာသည္။

႐ုတ္တရက္ ပ်ံလြန္ေတာ္မူသြားခဲ့သည့္ ရဟန္းေတာ္မွာ သက္ေတာ္(၄၀)အ႐ြယ္ဝန္းက်င္ခန႔္ရွိၿပီး ၎၏႐ုပ္ကလပ္ေတာ္ကို ေမတၱာသီတာေရစင္ပရဟိတအသင္းက ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ယင္းေန႔ ညေန ၄နာရီခြဲဝန္းက်င္အခ်ိန္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ဘုရင့္ေနာက္လမ္းမႀကီး၊ စိတၱသုခလမ္းထိပ္တြင္ အမ်ိဳးသားတစ္ဦး ႐ုတ္တရက္လဲက်ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကို ေဘးကျမင္တဲ့လူေတြေျပာတာေတာ့ ႐ုတ္တရက္လဲက်ေသဆုံးသြားတာတဲ့။ ကြၽန္ေတာ္တို႔ေကာက္ေတာ့ သူ႔အသားေတြက ေတာ္ေတာ္ေလးကို ပူျခစ္ေနတာ။ အဲဒါနဲ႔ အင္းစိန္ေဆး႐ုံပို႔ေတာ့ ဆရာဝန္ေဆးစစ္ခ်က္အရေတာ့ ေနပူရွိန္ျပင္းၿပီး ဦးေႏွာက္ေသြးေၾကာျပတ္ၿပီးေသတာလို႔ေျပာပါတယ္” ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ဆက္ေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ဆုံးသူအမ်ိဳးသားမွာ အသက္(၄၅)ႏွစ္ဝန္းက်င္အ႐ြယ္ခန႔္ရွိကာ တြဲလက္လူမႈကူညီေရးအသင္းက အင္းစိန္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိအခ်ိန္ထိမိသားစုႏွင့္အဆက္အသြယ္မရရွိေသးေၾကာင္း သိရသည္။

“ေျပာခ်င္တာကေတာ့ အခုလိုအပူခ်ိန္ေတြျမင့္ေနေပမယ့္လည္း ဝမ္းေရးအတြက္အျပင္ကိုမျဖစ္မေနထြက္ေနၾကရေတာ့ ေျပာရတာ ခက္တယ္ဗ်ာ။ ရာသီဥတုနဲ႔ပတ္သက္ရင္ေတာ့ ဓာတ္ဆားေရမ်ားမ်ားေသာက္ေစခ်င္တာေပါ့။ တစ္ခုခုျဖစ္လာခဲ့ရင္လည္း ပတ္ဝန္းက်င္ကို အကူအညီေတာင္းၿပီး ေဆး႐ုံေဆးခန္းကိုအျမန္ဆုံးသြားေစခ်င္တယ္။ မျပင္ထြက္စရာမလိုရင္ မထြက္ဖို႔လည္းေျပာခ်င္ပါတယ္” ဟု အထက္ပါလူမႈကူညီေရးအသင္းမ်ားက အႀကဳံျပဳေျပာထားသည္။

ႏိုင္ငံတစ္ဝန္း၌ ဧၿပီလလဆန္းပိုင္းမွ စတင္ကာ ေန႔အပူခ်ိန္မ်ားျမင့္တက္လွ်က္ရွိၿပီး ရန္ကုန္ၿမိဳ႕တြင္လည္း အပူခ်ိန္ျမင့္တက္မႈေၾကာင့္ အပူရွပ္သည့္လကၡဏာမ်ားကို ခံစားေနရသူအမ်ားအျပားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.