AFC Futsal Asian Cup 2024 ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်များ မြင့်တက်

 840

သန့်ဇင်(NP News)-ဧပြီ ၁၀
AFC Futsal Asian Cup 2024 ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်များ အသီးသီးမြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲကို လာမည့် ဧပြီလ ၁၇ရက်နေ့တွင် ထိုင်းနိုင်ငံတွင်ကျင်းပမည်ဖြစ်ပြီး အုပ်စု(က)၌ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်များမတိုင်မီ ဖူဆယ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ထုတ်ပြန်ရာတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် အာရှအဆင့် (၁၈) မှ (၁၅)သို့ လည်းကောင်း၊ ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် အဆင့် (၇၈) မှ (၆၉)သို့လည်းကောင်း တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အုပ်ချုပ်နည်းပြ ၁၀ ဦး၊ ကစားသမား ၁၇ ဦးဖြင့် ထိုင်းနိုင်ငံသို့ ဧပြီလ ၅ ရက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကာ ဧပြီ ၁၇ ရက်တွင် ဗီယက်နမ် အသင်းနှင့် လည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် အိမ်ရှင် ထိုင်းအသင်းနှင့် လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင် တရုတ် အသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထိုသို့ ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်များကောင်းမွန်လာခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ပါက ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပမည့် ဖူဆယ်ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version

AFC Futsal Asian Cup 2024 ၿပိဳင္မည့္ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္း ကမာၻ႔အဆင့္ႏွင့္ အာရွအဆင့္မ်ား ျမင့္တက္

သန႔္ဇင္(NP News)-ဧၿပီ ၁၀
AFC Futsal Asian Cup 2024 ယွဥ္ၿပိဳင္မည့္ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းသည္ ကမာၻ႔အဆင့္ႏွင့္ အာရွအဆင့္မ်ား အသီးသီးျမင့္တက္လာခဲ့ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။

ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္အသင္းသည္ AFC Futsal Asian Cup 2024 ၿပိဳင္ပြဲကို လာမည့္ ဧၿပီလ ၁၇ရက္ေန႔တြင္ ထိုင္းႏိုင္ငံတြင္က်င္းပမည္ျဖစ္ၿပီး အုပ္စု(က)၌ ဗီယက္နမ္၊ ထိုင္းႏွင့္ တ႐ုတ္အသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲစဥ္မ်ားမတိုင္မီ ဖူဆယ္ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္မ်ား ထုတ္ျပန္ရာတြင္ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းအေနျဖင့္ အာရွအဆင့္ (၁၈) မွ (၁၅)သို႔ လည္းေကာင္း၊ ကမာၻ႔အဆင့္ ရပ္တည္မႈတြင္ အဆင့္ (၇၈) မွ (၆၉)သို႔လည္းေကာင္း တက္လွမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။

ပဏာမ ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္ အသင္းသည္ အုပ္ခ်ဳပ္နည္းျပ ၁၀ ဦး၊ ကစားသမား ၁၇ ဦးျဖင့္ ထိုင္းႏိုင္ငံသို႔ ဧၿပီလ ၅ ရက္တြင္ ထြက္ခြာသြားခဲ့ျခင္း ျဖစ္ကာ ဧၿပီ ၁၇ ရက္တြင္ ဗီယက္နမ္ အသင္းႏွင့္ လည္းေကာင္း၊ ဧၿပီ ၁၉ ရက္တြင္ အိမ္ရွင္ ထိုင္းအသင္းႏွင့္ လည္းေကာင္း၊ ဧၿပီ ၂၁ ရက္တြင္ တ႐ုတ္ အသင္းႏွင့္ လည္းေကာင္း အုပ္စုပြဲစဥ္မ်ား ယွဥ္ၿပိဳင္ရမည္ ျဖစ္သည္။

ထိုသို႔ ကမာၻ႔အဆင့္ႏွင့္ အာရွအဆင့္မ်ားေကာင္းမြန္လာခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းသည္ AFC Futsal Asian Cup 2024 ၿပိဳင္ပြဲတြင္ ဆီမီးဖိုင္နယ္သို႔ တက္ေရာက္ႏိုင္ပါက ဥဇဘက္ကစၥတန္ႏိုင္ငံတြင္ က်င္းပမည့္ ဖူဆယ္ကမာၻ႔ဖလား ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.