စင်ကာပူနိုင်ငံ၊ တန်ပင်ကွန်ဒိုရှိ အပူပေး spa ရေကူးကန်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

 616

ရောင်နီ (NP News) - ဧပြီ ၁ဝ

စင်ကာပူနိုင်ငံ၊ တန်ပင် ကွန်ဒိုမီနီယံမှာရှိတဲ့ အပူပေး Onsen spa ရေကူးကန်မှာ ဧပြီလ ၈ ရက်က အသက် ၇၃ နှစ်အရွယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဆီကို 25 Tampines Lane မှ ရေနစ်သူရှိကြောင်း ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ ဖုန်းလက်ခံရရှိခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသားရဲ့ ခန္ဓာကိုယ်ကို ရေကူးကန်မှ ဆယ်ယူခဲ့ပါတယ်။ စင်ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက အဆိုပါအမျိုးသားကို ရေထဲက စစဆယ်ယူပြီးချင်း Changi အထွေထွေဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပေမယ့် ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

Onsen ဟာ ဂျပန်စကားလုံးဖြစ်ပြီး Hot Spring လို့ အဓိပ္ပာယ် ရပါတယ်။ အပူချိန် ၃၈.၅ ဒီဂရီစင်တီဂရိတ်အထိ အပူပေးထားတဲ့ ရေကန်မှာ ရေစိမ်၊ ရေချိုးရခြင်းဖြစ်ပြီး ၎င်းဟာ ကိုယ်လက်ညောင်းညာ ကိုက်ခဲမှုတွေကို ပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းစေတယ်လို့ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံ၊ တန္ပင္ကြန္ဒိုရွိ အပူေပး spa ေရကူးကန္မွာ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၁ဝ

စင္ကာပူႏိုင္ငံ၊ တန္ပင္ ကြန္ဒိုမီနီယံမွာရွိတဲ့ အပူေပး Onsen spa ေရကူးကန္မွာ ဧၿပီလ ၈ ရက္က အသက္ ၇၃ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ဆီကို 25 Tampines Lane မွ ေရနစ္သူရွိေၾကာင္း ဧၿပီလ ၈ ရက္ေန႔ နံနက္ ၁၀ နာရီ ၃၀ မိနစ္မွာ ဖုန္းလက္ခံရရွိခဲ့တာျဖစ္ၿပီး အဆိုပါ အမ်ိဳးသားရဲ႕ ခႏၶာကိုယ္ကို ေရကူးကန္မွ ဆယ္ယူခဲ့ပါတယ္။ စင္ကာပူအရပ္ဘက္ ကာကြယ္ေရးတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ ရွိသူက အဆိုပါအမ်ိဳးသားကို ေရထဲက စစဆယ္ယူၿပီးခ်င္း Changi အေထြေထြေဆး႐ုံကို ပို႔ေဆာင္ခဲ့တာျဖစ္ေပမယ့္ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ေသဆုံးရတဲ့အေၾကာင္းအရင္းကိုေတာ့ မသိရေသးပါဘူး။

Onsen ဟာ ဂ်ပန္စကားလုံးျဖစ္ၿပီး Hot Spring လို႔ အဓိပၸာယ္ ရပါတယ္။ အပူခ်ိန္ ၃၈.၅ ဒီဂရီစင္တီဂရိတ္အထိ အပူေပးထားတဲ့ ေရကန္မွာ ေရစိမ္၊ ေရခ်ိဳးရျခင္းျဖစ္ၿပီး ၎ဟာ ကိုယ္လက္ေညာင္းညာ ကိုက္ခဲမႈေတြကို ေျပေလ်ာ့ေစၿပီး ေပါ့ပါးလန္းဆန္းေစတယ္လို႔ ယုံၾကည္ထားၾကတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.