ဖိအားတွေရှိနေပေမယ့် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်ပြီး ဘယ်သူမှတားဆီးလို့မရနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

 403

ဂျန်ဇက် (NP News) - ဧပြီ ၁ဝ

အရပ်သားတွေ သေဆုံးမှုမြင့်တက်လာမှာကို စိုးရိမ်မှုမြင့်တက်နေပေမယ့် ဂါဇာဒေသရှိ ရာဖယ်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဟာ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှု တွေ ရင်ဆိုင်ခဲ့ရပြီး မကြာသေးမိကလည်း မဟာမိတ် အမေရိကန်နိုင်ငံရဲ့ သတိပေးမှုတွေကို ထပ်မံရင်ဆိုင်ခဲ့ရပါ တယ်။

ရာဖယ်မြို့မှာ လူပေါင်း ၁ ဒသမ ၃ သန်းရှိနေပြီး အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင် လူသေဆုံးမှု ပိုမိုမြင့်တက်လာမှာကို စိုးရိမ်နေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်က "ရာဖယ်မြို့ အပါအဝင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေရှိနေတဲ့နေရာတွေကို ဆက်လက်တိုက်ခိုက်သွားမယ်။ ကျွန်တော်တို့ကို ဘယ်သူမှ တားဆီးလို့ရမှာ မဟုတ်ဘူး။ တပ်ဖွဲ့ဝင်တွေဟာ ဟားမက်စ်အဖွဲ့တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေတယ်" လို့ ပြောပါတယ်။

အစ္စရေးအစိုးရက ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို အမြစ်ပြတ် ချေမှုန်းသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်က ရာဖယ်မြို့ကို တိုက်ခိုက်ဖို့ ရက်သတ်မှတ်ပြီးဖြစ်ကြောင်း၊ ပြောဆိုခဲ့ပေမယ့် ရက်အတိအကျကိုပြောဆိုခြင်းမျိုး မရှိခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ဖိအားေတြရွိေနေပမယ့္ ရာဖယ္ၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္မွာျဖစ္ၿပီး ဘယ္သူမွတားဆီးလို႔မရႏိုင္ေၾကာင္း အစၥေရး ဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၁ဝ

အရပ္သားေတြ ေသဆုံးမႈျမင့္တက္လာမွာကို စိုးရိမ္မႈျမင့္တက္ေနေပမယ့္ ဂါဇာေဒသရွိ ရာဖယ္ၿမိဳ႕ကို ထိုးစစ္ဆင္ တိုက္ခိုက္မႈေတြကို ဆက္လက္လုပ္ကိုင္သြားမွာျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေျပာပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ဟာ ဂါဇာစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ ဖိအားေပးမႈ ေတြ ရင္ဆိုင္ခဲ့ရၿပီး မၾကာေသးမိကလည္း မဟာမိတ္ အေမရိကန္ႏိုင္ငံရဲ႕ သတိေပးမႈေတြကို ထပ္မံရင္ဆိုင္ခဲ့ရပါ တယ္။

ရာဖယ္ၿမိဳ႕မွာ လူေပါင္း ၁ ဒသမ ၃ သန္းရွိေနၿပီး အစၥေရးက ထိုးစစ္ဆင္တိုက္ခိုက္မယ္ဆိုရင္ လူေသဆုံးမႈ ပိုမိုျမင့္တက္လာမွာကို စိုးရိမ္ေနျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ အစၥေရးဝန္ႀကီးခ်ဳပ္က "ရာဖယ္ၿမိဳ႕ အပါအဝင္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေတြရွိေနတဲ့ေနရာေတြကို ဆက္လက္တိုက္ခိုက္သြားမယ္။ ကြၽန္ေတာ္တို႔ကို ဘယ္သူမွ တားဆီးလို႔ရမွာ မဟုတ္ဘူး။ တပ္ဖြဲ႕ဝင္ေတြဟာ ဟားမက္စ္အဖြဲ႕ေတြကို တိုက္ခိုက္ဖို႔ ႀကိဳးပမ္းေနတယ္" လို႔ ေျပာပါတယ္။

အစၥေရးအစိုးရက ဂါဇာစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေတြကို အျမစ္ျပတ္ ေခ်မႈန္းသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္က ရာဖယ္ၿမိဳ႕ကို တိုက္ခိုက္ဖို႔ ရက္သတ္မွတ္ၿပီးျဖစ္ေၾကာင္း၊ ေျပာဆိုခဲ့ေပမယ့္ ရက္အတိအက်ကိုေျပာဆိုျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.