ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ အများပြည်သူသုံးရထားခရီးစဉ်များကို ယာယီဖျက်သိမ်းခဲ့ရ

 493

စော(NP News) - ဧပြီ ၁၁

ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ အများပြည်သူသုံးရထားခရီးစဉ်များကို ယာယီဖျက်သိမ်းခဲ့ရကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ထားသည်။

ယမန်နေ့(ဧပြီလ ၁၀ ရက်)က မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း၌ အမှတ် ၆၈၆ အစုန် ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားအရောက်တွင် ရထားမိုင်းထိမှန်၍ ရထားလမ်းနှင့်တွဲများ ပျက်စီးကာ လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယနေ့ (ဧပြီလ ၁၁ ရက်)တွင် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထား နှင့် သင်္ကြန်အစုန်အထူး မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်နှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထား နှင့် သင်္ကြန်အဆန်အထူး ရန်ကုန်-မော်လမြိုင်ရထား ခရီးစဥ်များအား ယာယီဖျက် သိမ်းခဲ့ကြောင်း သိရသည်။

“ညွှန်ကြားထားတာတော့ ဒီနေ့တစ်ရက်ပဲ။ လမ်းပိုင်းကတော့ မနေ့ထဲက ပြင်နေတုန်း။ ဒီနေ့လည်း ကရိန်းရောက်ရင် ဆက်ပြင်မယ်။ ဒီနေ့ပြီးသွားရင်တော့ မနက်ဖြန်ဖွင့်ပြီ။ ညနေလောက်ဆို ကျွန်တော်တို့ သိရပြီ။ စုစုပေါင်း လက်မှတ်ရောင်းထားတာက ရိုးရိုးတန်း/ အထက်တန်း ၁၂၀ ဦး၊ လာထုတ်တဲ့လူကတော့ ၉၀ လောက်ထုတ်ပြီးသွားပြီ”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယနေ့ (ဧပြီလ ၁၁ ရက်)အတွက် ဝယ်ယူထားသော အထက်တန်း/ရိုးရိုးတန်းလက်မှတ်ခငွေများကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံ၌ နံနက် (၆)နာရီမှ စ၍ (၁၀)နာရီထိ ပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားတာဝန်ရှိသူများမှ လမ်းပိုင်းအမြန်ဆုံးပြန်လည် ဖွင့်နိုင်ရေးအတွက် ဆောင် ရွက်လျက်ရှိပြီး ရထားပြန်လည်ပြေးဆွဲနိုင်မည့်ရက်အား ပြန်လည်တင်ပြသွားမည်ဖြစ် ကြောင်း‌ မော်လမြိုင်ဘူတာကြီးမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္-ေမာ္လၿမိဳင္ ရထားလမ္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရ၍ အမ်ားျပည္သူသုံးရထားခရီးစဥ္မ်ားကို ယာယီဖ်က္သိမ္းခဲ့ရ
ေစာ(NP News) - ဧၿပီ ၁၁

ရန္ကုန္-ေမာ္လၿမိဳင္ ရထားလမ္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရ၍ အမ်ားျပည္သူသုံးရထားခရီးစဥ္မ်ားကို ယာယီဖ်က္သိမ္းခဲ့ရေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးက အသိေပးထုတ္ျပန္ထားသည္။

ယမန္ေန႔(ဧၿပီလ ၁၀ ရက္)က ေမာ္လၿမိဳင္-ရန္ကုန္ ရထားလမ္းပိုင္းအတြင္း၌ အမွတ္ ၆၈၆ အစုန္ ေက်ာက္ရထားသည္ သိမ္ဆိပ္ဘူတာႏွင့္ ဒုံးဝန္းဘူတာၾကားအေရာက္တြင္ ရထားမိုင္းထိမွန္၍ ရထားလမ္းႏွင့္တြဲမ်ား ပ်က္စီးကာ လမ္းပိုင္းပိတ္ဆို႔မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ယေန႔ (ဧၿပီလ ၁၁ ရက္)တြင္ ေမာ္လၿမိဳင္ဘူတာႀကီးမွ ထြက္ခြာမည့္ အမွတ္ ၈၂ အစုန္ ေမာ္လၿမိဳင္-ရန္ကုန္ရထား ႏွင့္ သၾကၤန္အစုန္အထူး ေမာ္လၿမိဳင္-ရန္ကုန္ ရထားခရီးစဥ္ႏွင့္ ရန္ကုန္ဘူတာႀကီးမွထြက္ခြာမည့္ အမွတ္ ၈၁ အဆန္ ရန္ကုန္-ေမာ္လၿမိဳင္ ရထား ႏွင့္ သၾကၤန္အဆန္အထူး ရန္ကုန္-ေမာ္လၿမိဳင္ရထား ခရီးစဥ္မ်ားအား ယာယီဖ်က္ သိမ္းခဲ့ေၾကာင္း သိရသည္။

“ၫႊန္ၾကားထားတာေတာ့ ဒီေန႔တစ္ရက္ပဲ။ လမ္းပိုင္းကေတာ့ မေန႔ထဲက ျပင္ေနတုန္း။ ဒီေန႔လည္း ကရိန္းေရာက္ရင္ ဆက္ျပင္မယ္။ ဒီေန႔ၿပီးသြားရင္ေတာ့ မနက္ျဖန္ဖြင့္ၿပီ။ ညေနေလာက္ဆို ကြၽန္ေတာ္တို႔ သိရၿပီ။ စုစုေပါင္း လက္မွတ္ေရာင္းထားတာက ႐ိုး႐ိုးတန္း/ အထက္တန္း ၁၂၀ ဦး၊ လာထုတ္တဲ့လူကေတာ့ ၉၀ ေလာက္ထုတ္ၿပီးသြားၿပီ”ဟု ေမာ္လၿမိဳင္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယေန႔ (ဧၿပီလ ၁၁ ရက္)အတြက္ ဝယ္ယူထားေသာ အထက္တန္း/႐ိုး႐ိုးတန္းလက္မွတ္ခေငြမ်ားကို ေမာ္လၿမိဳင္ဘူတာႀကီး ေန႔ခ်င္းလက္မွတ္႐ုံ၌ နံနက္ (၆)နာရီမွ စ၍ (၁၀)နာရီထိ ျပန္အမ္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့မီးရထားတာဝန္ရွိသူမ်ားမွ လမ္းပိုင္းအျမန္ဆုံးျပန္လည္ ဖြင့္ႏိုင္ေရးအတြက္ ေဆာင္ ႐ြက္လ်က္ရွိၿပီး ရထားျပန္လည္ေျပးဆြဲႏိုင္မည့္ရက္အား ျပန္လည္တင္ျပသြားမည္ျဖစ္ ေၾကာင္း‌ ေမာ္လၿမိဳင္ဘူတာႀကီးမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.