ပါကစ္စတန်တွင် ဘုရားဖူးခရီးသည်များတင်ဆောင်လာသည့် ထရပ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၇)ဦးသေဆုံး

 458

Pika (NP News) - ဧပြီ ၁၁

ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် ဧပြီလ(၁၀)ရက်နေ့က ဘုရားဖူးခရီးသည်များတင်ဆောင်လာသည့် ထရပ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၇)ဦးသေဆုံးကာ အခြားလူ(၄၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ(၁၁)ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါတိမ်းမှောက်မှုသည် ဧပြီလ(၁၀)ရက်နေ့ ည(၁၀)နာရီအချိန်တွင် ဘလိုချီစတန်ပြည်နယ် Hub ခရိုင်မှာဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ခရိုင်လက်ထောက်ကော်မရှင်နာ Munir Ahmed ကပြောကြားခဲ့သည်။ ၎င်းက 'ဘုရားဖူးခရီးသည်တွေတင်ဆောင်လာတဲ့ ထရပ်ကားဟာ ကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီးတော့ ချောက်ထဲကို ထိုးကျသွားခဲ့တာပါ။”ဟု ပြောဆိုခဲ့သည်။

Hub ခရိုင် ပင်မဆေးရုံ၏လက်ထောက်ဆေးဘက်ဆိုင်ရာအကြီး အကဲဖြစ်သူ Shaukat Jalbani ကလည်း အနည်းဆုံးလူ(၁၇)ဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအများစုကို ဆေးကုသမှုများလုပ်ဆောင်ရန်အတွက် ကရာချီမြို့သို့ ပို့ဆောင်ထားကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင် စည်းကမ်းထိန်းသိမ်းရေးညံ့ဖျင်းမှုများနှင့်အတူ လမ်းများမကောင်းခြင်းကြောင့် လူအသေအပျောက်များသည့် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းသိရသည်။၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘလိုချီစတန်ပြည်နယ်မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျကာ မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် လူ(၄၁)ဦးသေဆုံးခဲ့ဖူးကြောင်းသိရသည်။

zawgyi version
ပါကစၥတန္တြင္ ဘုရားဖူးခရီးသည္မ်ားတင္ေဆာင္လာသည့္ ထရပ္ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၁၇)ဦးေသဆုံး
Pika (NP News) - ဧၿပီ ၁၁

ပါကစၥတန္ႏိုင္ငံေတာင္ပိုင္းတြင္ ဧၿပီလ(၁၀)ရက္ေန႔က ဘုရားဖူးခရီးသည္မ်ားတင္ေဆာင္လာသည့္ ထရပ္ကားတစ္စီး ေခ်ာက္ထဲသို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၇)ဦးေသဆုံးကာ အျခားလူ(၄၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ဧၿပီလ(၁၁)ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

အဆိုပါတိမ္းေမွာက္မႈသည္ ဧၿပီလ(၁၀)ရက္ေန႔ ည(၁၀)နာရီအခ်ိန္တြင္ ဘလိုခ်ီစတန္ျပည္နယ္ Hub ခ႐ိုင္မွာျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း ခ႐ိုင္လက္ေထာက္ေကာ္မရွင္နာ Munir Ahmed ကေျပာၾကားခဲ့သည္။ ၎က 'ဘုရားဖူးခရီးသည္ေတြတင္ေဆာင္လာတဲ့ ထရပ္ကားဟာ ေကြ႕တစ္ခုမွာ အရွိန္မထိန္းႏိုင္ျဖစ္ၿပီးေတာ့ ေခ်ာက္ထဲကို ထိုးက်သြားခဲ့တာပါ။”ဟု ေျပာဆိုခဲ့သည္။

Hub ခ႐ိုင္ ပင္မေဆး႐ုံ၏လက္ေထာက္ေဆးဘက္ဆိုင္ရာအႀကီး အကဲျဖစ္သူ Shaukat Jalbani ကလည္း အနည္းဆုံးလူ(၁၇)ဦးေသဆုံးခဲ့ေၾကာင္း အတည္ျပဳခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူအမ်ားစုကို ေဆးကုသမႈမ်ားလုပ္ေဆာင္ရန္အတြက္ ကရာခ်ီၿမိဳ႕သို႔ ပို႔ေဆာင္ထားေၾကာင္း ေျပာၾကားခဲ့သည္။ ပါကစၥတန္ႏိုင္ငံတြင္ စည္းကမ္းထိန္းသိမ္းေရးညံ့ဖ်င္းမႈမ်ားႏွင့္အတူ လမ္းမ်ားမေကာင္းျခင္းေၾကာင့္ လူအေသအေပ်ာက္မ်ားသည့္ မေတာ္တဆမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္းသိရသည္။၂၀၂၃ ခုႏွစ္ ဇန္နဝါရီလတြင္ ဘလိုခ်ီစတန္ျပည္နယ္မွာ ခရီးသည္တင္ဘတ္စ္ကားတစ္စီး ေခ်ာက္ထဲသို႔ထိုးက်ကာ မီးေလာင္ကြၽမ္းခဲ့ျခင္းေၾကာင့္ လူ(၄၁)ဦးေသဆုံးခဲ့ဖူးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.