ရန်ကုန်မြို့အပြင် အခြားမြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့

 5945

သန့်ဇင်(NP News) - ဧပြီ ၁၁

ရန်ကုန်မြို့အပြင် အခြားမြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် ထိခိုက်ပျက်စီးမှု များရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းခြင်းကြောင့် ယမန်နေ့ (ဧပြီလ ၁၀ရက်)၊ ည ၉နာရီ ၅မိနစ်အချိန်တွင် ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်၊ (၁၈)ရပ်ကွက်၊ ကမ္ဘောဇ(၂)လမ်းတွင် သစ်ပင်လဲပြီး ကားပေါ်ပိမှုဖြစ်ပွားခဲ့ကြောင်း H Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“မနေ့ကလေကတော့တော်တော်ပြင်းတယ်။ သစ်ပင်လဲပြီး ကားပိတယ်လို့ကြားမိပါတယ်။ အခြားထိခိုက်ပျက်စီးတာတော့မရှိပါဘူး” ဟု H Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၀)၊ မဥ္ဇူသကလမ်းတွင်လည်း သစ်ကိုင်းကျိုးကျခဲ့သဖြင့် ဆိုင်ကယ်စီးလာသည့် လူ(၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ညပိုင်းအချိန်တွင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်များတွင်လည်း အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း ၊လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများရှိခဲ့ကြောင်း သိရသည်။“ပဲခူးဘက်မှာတော့ မိုးရွာတယ်။ လေပြင်းတွေတိုက်တယ်။ သစ်ကိုင်းကျိုးတာတို့ သစ်ပင်လဲတာတို့တော့မရှိဘူး။ လေပြင်းတွေတိုက်ပြီး မိုးကြိုးပစ်တာတွေတော့ရှိတယ်”ဟု ပဲခူးခရိုင်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

မိုးသည်းထန်ကာ လေပြင်းတိုက်ခတ်မှုများကြောင့် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့ရှိ ဝမ်မိုင်စေတီတွင်လည်း ထီးတော်မြေခခဲ့ပြီး ပိဋကတ် ကျောင်းဆောင် တစ်ခုပြိုကျပျက်စီးခဲ့ကာ သစ်ပင်များလဲ၍ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပွားခဲ့ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၇ရက်၊ ညပိုင်းကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မင်းကန်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံပင်လဲကျခဲ့ရာ အသက်(၆၅)နှစ်အရွယ် အဖွားတစ်ဦး သေဆုံးခဲ့ဖူးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ယခုကဲ့သို့အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများကို သတိပြု ၍နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕အျပင္ အျခားၿမိဳ႕နယ္မ်ားတြင္ ေလျပင္းတိုက္ခတ္မႈႏွင့္အတူ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းျခင္းေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့
သန႔္ဇင္(NP News) - ဧၿပီ ၁၁

ရန္ကုန္ၿမိဳ႕အျပင္ အျခားၿမိဳ႕နယ္မ်ားတြင္ ေလျပင္းတိုက္ခတ္မႈႏွင့္အတူ အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းျခင္းေၾကာင့္ ထိခိုက္ပ်က္စီးမႈ မ်ားရွိခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။

ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုး႐ြာသြန္းျခင္းေၾကာင့္ ယမန္ေန႔ (ဧၿပီလ ၁၀ရက္)၊ ည ၉နာရီ ၅မိနစ္အခ်ိန္တြင္ ဒဂုံၿမိဳသစ္(ေတာင္ပိုင္း)ၿမိဳနယ္၊ (၁၈)ရပ္ကြက္၊ ကေမာၻဇ(၂)လမ္းတြင္ သစ္ပင္လဲၿပီး ကားေပၚပိမႈျဖစ္ပြားခဲ့ေၾကာင္း H Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

“မေန႔ကေလကေတာ့ေတာ္ေတာ္ျပင္းတယ္။ သစ္ပင္လဲၿပီး ကားပိတယ္လို႔ၾကားမိပါတယ္။ အျခားထိခိုက္ပ်က္စီးတာေတာ့မရွိပါဘူး” ဟု H Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ မဂၤလာဒုံၿမိဳ႕နယ္၊ ဝါယာလက္၊ ေပါက္ကုန္းရပ္ကြက္၊ အပိုင္(၁၀)၊ မၪၨဴသကလမ္းတြင္လည္း သစ္ကိုင္းက်ိဳးက်ခဲ့သျဖင့္ ဆိုင္ကယ္စီးလာသည့္ လူ(၂)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

အလားတူ အဆိုပါေန႔ညပိုင္းအခ်ိန္တြင္ ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္ႏွင့္ သနပ္ပင္ၿမိဳ႕နယ္မ်ားတြင္လည္း အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းျခင္း ၊ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုးႀကိဳးပစ္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။“ပဲခူးဘက္မွာေတာ့ မိုး႐ြာတယ္။ ေလျပင္းေတြတိုက္တယ္။ သစ္ကိုင္းက်ိဳးတာတို႔ သစ္ပင္လဲတာတို႔ေတာ့မရွိဘူး။ ေလျပင္းေတြတိုက္ၿပီး မိုးႀကိဳးပစ္တာေတြေတာ့ရွိတယ္”ဟု ပဲခူးခ႐ိုင္မီးသတ္စခန္းမွတာဝန္ရွိသူတစ္ဦးက ဆက္လက္ေျပာသည္။

မိုးသည္းထန္ကာ ေလျပင္းတိုက္ခတ္မႈမ်ားေၾကာင့္ ရွမ္းျပည္နယ္၊ မိုင္းတုံၿမိဳ႕ရွိ ဝမ္မိုင္ေစတီတြင္လည္း ထီးေတာ္ေျမခခဲ့ၿပီး ပိဋကတ္ ေက်ာင္းေဆာင္ တစ္ခုၿပိဳက်ပ်က္စီးခဲ့ကာ သစ္ပင္မ်ားလဲ၍ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားျဖစ္ပြားခဲ့ သိရသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၇ရက္၊ ညပိုင္းကလည္း မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ မင္းကန္ေက်း႐ြာ၌ ေလျပင္းတိုက္ခတ္မႈေၾကာင့္ လက္ပံပင္လဲက်ခဲ့ရာ အသက္(၆၅)ႏွစ္အ႐ြယ္ အဖြားတစ္ဦး ေသဆုံးခဲ့ဖူးသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ယခုကဲ့သို႔အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳး ပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းမ်ားကို သတိျပဳ ၍ေနထိုင္ရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.