တပ်မတော်၏ ခလရ - ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်ဟုဆို

 22218

ပုံစာ - KNU က ထုတ်ပြန်ထားသည့် ဓာတ်ပုံ

သုတကျော် (NP News) - ဧပြီ ၁၁

တပ်မတော်၏ ခလရ - ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့ က ယနေ့(ဧပြီလ ၁၁ ရက်)နံနက်အစောပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သတင်းရရှိသည်။

အဆိုပါ တပ်ရင်းကို ဧပြီလ (၈) ရက်တွင် အထက်ပါ ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁၁ ရက် နံနက်အစောပိုင်း ၄ နာရီ မိနစ် ၂၀ အချိန်တွင် စခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ တပ်ရင်းမှ တပ်မ တော်တပ်ဖွဲ့ဝင်များသည် မြဝတီတံတားအမှတ် ၂ သို့ ဆုတ်ခွာခဲ့သည်ဟု နံနက်ပိုင်း ၁၀ နာရီ အချိန်ခန့်တွင် ဒေသခံအချို့ထံက သိရပြီး ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်သူပြည်သူများသည် ယနေ့ ဧပြီလ ၁၁ ရက်အထိ ရှိနေကြောင်း သိရသည်။

လက်ရှိ အခြေအနေအရ ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထားကာ တပ်မတော်ဘက်မှ လေကြောင်း ပျံသန်းမှုရှိနေသည်ဟု ဒေသခံအချို့၏ ပြောကြားထားချက်များအရ သိရသည်။ အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့ က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုးမရှိသေးပေ။ မြဝတီမြို့၏ နောက်ဆုံး အခြေအနေနှင့်ပတ်သက်၍ NP News အနေဖြင့်ဆက်လက် မေးမြန်းမှုများပြုလုပ်နေဆဲ ဖြစ်သည်။

zawgyi version
တပ္မေတာ္၏ ခလရ - ၂၇၅ တပ္ရင္းကို KNLA ပူးေပါင္းအဖြဲ႕က ယေန႔ နံနက္အေစာပိုင္းတြင္ သိမ္းပိုက္ဟုဆို
သုတေက်ာ္ (NP News) - ဧၿပီ ၁၁

တပ္မေတာ္၏ ခလရ - ၂၇၅ တပ္ရင္းကို KNLA ပူးေပါင္းအဖြဲ႕ က ယေန႔(ဧၿပီလ ၁၁ ရက္)နံနက္အေစာပိုင္းတြင္ သိမ္းပိုက္ခဲ့ေၾကာင္း ေဒသခံမ်ား၏ အဆိုအရ သတင္းရရွိသည္။

အဆိုပါ တပ္ရင္းကို ဧၿပီလ (၈) ရက္တြင္ အထက္ပါ ပူးေပါင္းအဖြဲ႕က စတင္တိုက္ခိုက္ခဲ့ကာ ဧၿပီလ ၁၁ ရက္ နံနက္အေစာပိုင္း ၄ နာရီ မိနစ္ ၂၀ အခ်ိန္တြင္ စခန္းအတြင္းသို႔ ဝင္ေရာက္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ အဆိုပါ တပ္ရင္းမွ တပ္မ ေတာ္တပ္ဖြဲ႕ဝင္မ်ားသည္ ျမဝတီတံတားအမွတ္ ၂ သို႔ ဆုတ္ခြာခဲ့သည္ဟု နံနက္ပိုင္း ၁၀ နာရီ အခ်ိန္ခန႔္တြင္ ေဒသခံအခ်ိဳ႕ထံက သိရၿပီး ထိုင္းႏိုင္ငံဘက္သို႔ တိမ္းေရွာင္သူျပည္သူမ်ားသည္ ယေန႔ ဧၿပီလ ၁၁ ရက္အထိ ရွိေနေၾကာင္း သိရသည္။

လက္ရွိ အေျခအေနအရ ထိုင္းႏိုင္ငံဘက္ကလည္း နယ္စပ္တြင္ လုံၿခဳံေရး တိုးျမႇင့္ထားကာ တပ္မေတာ္ဘက္မွ ေလေၾကာင္း ပ်ံသန္းမႈရွိေနသည္ဟု ေဒသခံအခ်ိဳ႕၏ ေျပာၾကားထားခ်က္မ်ားအရ သိရသည္။ အဆိုပါ အေၾကာင္းအရာႏွင့္ပတ္သက္၍ ႏိုင္ငံ ေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ က တစ္စုံတစ္ရာ ထုတ္ျပန္ျခင္းမ်ိဳးမရွိေသးေပ။ ျမဝတီၿမိဳ႕၏ ေနာက္ဆုံး အေျခအေနႏွင့္ပတ္သက္၍ NP News အေနျဖင့္ဆက္လက္ ေမးျမန္းမႈမ်ားျပဳလုပ္ေနဆဲ ျဖစ္သည္။

Picture

heintay zar

11/04/2024 12:52

ဟိုတုန်းကမဲရဖို့လုပ်တဲ့အကွက်ပါဗျာ။ခုစက်မှုဇုံတွေငှါးစား။အစိုးရအနေနဲ့နဲနဲပါးပါးအရှုံးခံပေါ့။

Related news

© 2021. All rights reserved.