ကုန်ပစ္စည်းများအပြန်အလှန် တင်ပို့နိုင်ရေးနှင့် တိုက်ရိုက်ငွေပေး ချေနိုင်ရေးတို့ကို နစက နှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့ ဆွေးနွေး

 408

စော (NP News) - ဧပြီ ၁၁

ကုန်ပစ္စည်းများအပြန်အလှန် တင်ပို့နိုင်ရေးနှင့် တိုက်ရိုက်ငွေပေး ချေနိုင်ရေးတို့ကို နစက နှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့ ဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV တို့ ယမန်နေ့(ဧပြီလ ၁၀ ရက်) တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့ရေးဆိုင်ရာ ကိစ္စများနှင့် တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စများ၊ စိုက်ပိုးရေးထုတ်ကုန်များနှင့် ပတ်သက်၍ နည်းပညာပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်လေကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေနံထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် တွင်းထွက်သယံ ဇာတပစ္စည်းများအား အဆင့်မီကုန်ချောများအဖြစ် ထုတ်လုပ်နိုင်သည့် အခြေအနေများ၊ အထည်အလိပ်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့ အကြား အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း နစက၏ထုတ်ပြန်ချက်များအရ သိရသည်။

zawgyi version
ကုန္ပစၥည္းမ်ားအျပန္အလွန္ တင္ပို႔ႏိုင္ေရးႏွင့္ တိုက္႐ိုက္ေငြေပး ေခ်ႏိုင္ေရးတို႔ကို နစက ႏွင့္ ဥေရာပအာရွစီးပြားေရးေကာ္မရွင္တို႔ ေဆြးေႏြး
ေစာ (NP News) - ဧၿပီ ၁၁

ကုန္ပစၥည္းမ်ားအျပန္အလွန္ တင္ပို႔ႏိုင္ေရးႏွင့္ တိုက္႐ိုက္ေငြေပး ေခ်ႏိုင္ေရးတို႔ကို နစက ႏွင့္ ဥေရာပအာရွစီးပြားေရးေကာ္မရွင္တို႔ ေဆြးေႏြးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဥေရာပအာရွစီးပြားေရးေကာ္မရွင္၊ အႀကီးစားစီးပြားေရးႏွင့္ ေပါင္းစည္းေရးဝန္ႀကီး H.E. Mr. Sergei GLAZEV တို႔ ယမန္ေန႔(ဧၿပီလ ၁၀ ရက္) တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၊ သံတမန္ေဆာင္ဧည့္ခန္းမ၌ ေတြ႕ဆုံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ ဥေရာပအာရွစီးပြားေရးေကာ္မရွင္တို႔အၾကား ကုန္ပစၥည္းမ်ား အျပန္အလွန္တင္ပို႔ေရးဆိုင္ရာ ကိစၥမ်ားႏွင့္ တိုက္႐ိုက္ေငြေပးေခ်မႈဆိုင္ရာ ကိစၥမ်ား၊ စိုက္ပိုးေရးထုတ္ကုန္မ်ားႏွင့္ ပတ္သက္၍ နည္းပညာပူးေပါင္းေဆာင္ ႐ြက္ေရးဆိုင္ရာ ကိစၥမ်ား၊ ခရီးသြားက႑ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းေရးဆိုင္ရာ ကိစၥမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေရနံထြက္ပစၥည္းမ်ား ထုတ္လုပ္ျခင္းႏွင့္ တြင္းထြက္သယံ ဇာတပစၥည္းမ်ားအား အဆင့္မီကုန္ေခ်ာမ်ားအျဖစ္ ထုတ္လုပ္ႏိုင္သည့္ အေျခအေနမ်ား၊ အထည္အလိပ္လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံႏွင့္ ဥေရာပအာရွစီးပြားေရးေကာ္မရွင္တို႔ အၾကား အျခားနယ္ပယ္ေပါင္းစုံ၌ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္ အေျခ အေနမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့ၾကေၾကာင္း နစက၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.