ဧပြီလအတွင်း ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းအချို့တွင် နေ့အပူချိန်များ တိုးလာနိုင်

 3213

ယွန်း (NP News) - ဧပြီ ၁၁

ဧပြီလ၊ ဒုတိယပတ်အတွင်း ရန်ကုန် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေ့အပူချိန်များ တိုးလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့၊ ဧပြီ(၁၁) ရက်တွင် ထုတ်ပြန်သည့် ဧပြီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်၌ အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ရန်ကုန် အပါအဝင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ကြောင်း သိရသည်။

ထို့ပြင် မိုးရွာသွန်းမှုများလည်းရှိနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ဆိုထားသည်။

အဆိုပါကာလ၌ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်တို့တွင် ၃ ရက်မှ ၄ ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကယားတို့တွင် ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ယခုဧပြီလအတွင်း အယ်လ်နီညိုဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံတစ် ဝန်းအပူချိန်မြင့်တက်လျက်ရှိရာ အပူချိန်စံချိန်သစ်တင်မြင့်တက် နေသည့် ဒေသများလည်း ရှိနေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်များအရ သိရသည်။

zawgyi version
ဧၿပီလအတြင္း ရန္ကုန္အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းအခ်ိဳ႕တြင္ ေန႔အပူခ်ိန္မ်ား တိုးလာႏိုင္
ယြန္း (NP News) - ဧၿပီ ၁၁

ဧၿပီလ၊ ဒုတိယပတ္အတြင္း ရန္ကုန္ အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအခ်ိဳ႕တြင္ ေန႔အပူခ်ိန္မ်ား တိုးလာႏိုင္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔၊ ဧၿပီ(၁၁) ရက္တြင္ ထုတ္ျပန္သည့္ ဧၿပီလ ဒုတိယ(၁၀)ရက္ပတ္အတြက္ မိုးေလဝသခန္႔မွန္းခ်က္၌ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

အဆိုပါကာလအတြင္း ရန္ကုန္ အပါအဝင္ ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ၊ ရွမ္း၊ ခ်င္း၊ ရခိုင္၊ ကယား၊ ကရင္ႏွင့္ မြန္တို႔တြင္ ဧၿပီလ ပ်မ္းမွ်အပူခ်ိန္၏ ၁ ဒသမ ၅ ဒီဂရီဆဲလ္စီးယပ္ႏွင့္အထက္ ပိုႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ မိုး႐ြာသြန္းမႈမ်ားလည္းရွိႏိုင္ၿပီး ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ရခိုင္၊ ကယား၊ ကရင္ႏွင့္ မြန္တို႔တြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလက ဆိုထားသည္။

အဆိုပါကာလ၌ တနသၤာရီ၊ ကခ်င္၊ ကရင္ႏွင့္ မြန္တို႔တြင္ ၃ ရက္မွ ၄ ရက္ခန႔္ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ ရွမ္း၊ ခ်င္း၊ ရခိုင္ႏွင့္ ကယားတို႔တြင္ ၁ ရက္မွ ၂ ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။

ယခုဧၿပီလအတြင္း အယ္လ္နီညိဳျဖစ္စဥ္ေၾကာင့္ ျမန္မာႏိုင္ငံတစ္ ဝန္းအပူခ်ိန္ျမင့္တက္လ်က္ရွိရာ အပူခ်ိန္စံခ်ိန္သစ္တင္ျမင့္တက္ ေနသည့္ ေဒသမ်ားလည္း ရွိေနေၾကာင္း မိုးဇလ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.