အဘိုးနဲ့ အဖေတို့ထက် လက်စောင်းထက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်

 3593

ဂျန်ဇက် (NP News) - ဧပြီ ၁၂

မြောက်ကိုရီးယားနိုင်ငံကို စတင်တည် ထောင်ခဲ့ချိန်နောက်ပိုင်းတည်းက နိုင်ငံကို ကင်ဂျုံအန် တို့မိသားစုတွေက အဓိက အုပ်ချုပ်နေခဲ့တာဖြစ်ပါ တယ်။ မြောက်ကိုရီးယားနိုင်ငံကို ဒုတိယကမ္ဘာစစ် နောက်ပိုင်း ၁၉၄၆ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး အဲဒီအချိန်တုန်းက မြောက်ကိုရီးယားနိုင်ငံကို ကင်ဂျုံအန်ရဲ့အဘိုးဖြစ်သူ ကင်အီဆွန်က စတင်အုပ်ချုပ်ခဲ့ပြီး ကင်အီဆွန်သေဆုံးချိန်မှာတော့ သားဖြစ်သူ ကင်ဂျုံအီက အမွေဆက်ခံအုပ်ချုပ်ခဲ့ပါတယ်။

ကင်ဂျုံအီသေဆုံးချိန်မှာတော့ သားဖြစ် သူကင်ဂျုံအန်က ၂၀၁၁ခုနှစ်နောက်ပိုင်းကတည်းက မြောက်ကိုရီးယားနိုင်ငံကို အုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ လက်ရှိအချိန်မှာ အသက် ၄၀ အရွယ်သာရှိသေးပြီး အဘိုးဖြစ်သူ၊ အဖေဖြစ်သူတို့ ရဲ့အရိုက်အရာကို အကောင်းဆုံးအမွေဆက်ခံသူအ ဖြစ် ချီးကျူးခံနေရသူဖြစ်ပါတယ်။
ကင်ဂျုံအန်ကို ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့ တယ်လို့ဆိုကြပေမယ့် မွေးသက္ကရာဇ်အမှန်မဟုတ် ဘဲ မွေးဖွားတဲ့နှစ်က ၁၉၈၃ ခုနှစ် ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့တွေက ပြောပါတယ်။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ဟောင်း ကင်ဂျုံအီမွေးဖွားထားတဲ့ သားသုံးဦးထဲမှာ အငယ်ဆုံး ဖြစ်ပြီး လူမြင်ကွင်းထွက်လေ့မရှိတဲ့အတွက် အစောပိုင်း ကာလတွေက လူသိနည်းခဲ့သူဖြစ်ပါတယ်။

ကင်ဂျုံအန်ဟာ ဆွစ်ဇာလန်နိုင်ငံ Gumli-gen အရပ်ဒေသရှိ International School of Berne ကျောင်းမှာ ပညာသင် ကြားဘွဲ့ရခဲ့ပြီး ၂၀ဝ၂ ခုနှစ်ကနေ ၂၀ဝ၇ ခုနှစ်အထိ ပြုံးယမ်းမြို့ရှိ ကင်အီ ဆွန်စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ ကင်ဂျုံအန်မှာ ရိဆိုလ်ဂျူဆိုတဲ့ ဇနီးသည် တစ်ယောက်ရှိတယ်လို့ သိကြပေမယ့် သူတို့ ဘယ်တုန်းကလက်ထပ်တယ်ဆိုတာတော့ မသိကြသလို သူ့မှာသားသမီး ဘယ်နှဦးအထိ ရှိနေသလဲဆိုတာလည်း အတိအကျမသိကြပါဘူး။ ဒါပေမဲ့ သမီးတစ်ဦး ရှိနေတယ်ဆိုတဲ့ အချက်ကတော့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ကင်ဂျုံအန်ဟာ ၂၀ဝ၉ ခုနှစ်တည်းက အစ်ကိုတွေကိုကျော်ဖြတ်ပြီး မြောက်ကိုရီးယားခေါင်း ဆောင်အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတင်း ထွက်ပေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီနဲ့ စစ်တပ်တို့မှာ အဓိက အရေးပါ တဲ့နေရာတွေကို ဆက်တိုက်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ စစ်ရေးအတွေ့ကြုံမရှိပေမယ့် ၂၀၁၀ ပြည့်နှစ်မှာ မြောက် ကိုရီးယားနိုင်ငံရဲ့ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးအဖြစ်ခန့်အပ်ခံရပြီး ဖခင်ဖြစ်သူသေဆုံးသွားချိန် ၂၀၁၁ ခုနှစ်မှာတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ကင်ဂျုံအန် ခေါင်းဆောင်ဖြစ်လာ ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံရဲ့ အုပ်ချုပ်မှုပုံစံနဲ့ မူဝါဒတွေလည်း အဘိုးဖြစ်သူ၊ အဖေဖြစ်သူတို့ လက်ထက်က ပုံစံမျိုးမဟုတ်တော့ဘဲ ပြင်ဆင်ပြောင်း လဲမှုတွေ တဖြည်းဖြည်းလုပ်ဆောင်လာခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ ချမှတ်တဲ့စည်းကမ်း၊ ဥပဒေတွေကိုချိုးဖောက်ခဲ့မယ်ဆိုရင် သူရဲ့သွေးသား အရင်းတွေကိုတောင် မျက်နှာမထောက်ဘဲ ရက်စက်စွာ ကွပ်မျက်တတ်သူတစ်ဦး ဖြစ်တယ်ဆိုတာ ဦးလေးအရင်းဖြစ်သူကိုကွပ်မျက်ပြီး သက်သေပြခဲ့သူ လည်းဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ချမှတ်ထားတဲ့ စည်းကမ်းဥပဒေ တွေကိုချိုးဖောက်တဲ့အတွက် ဦးလေးအရင်းဖြစ်သူ Jang Song-Thaek ကို ရာထူးက ထုတ်ပယ်ကာကွပ်မျက်ခဲ့ခြင်းဟာ ကမ္ဘာ တစ်ဝန်းမှာ ထင်ရှားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သလို ဝေဖန်ပြစ်တင်ခံရတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကင်ဂျုံအန်ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း အစောပိုင်းကာလတွေမှာ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ အပြန် အလှန် ထိတွေ့ဆက်ဆံတာမျိုးတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အပြန်အလှန်ဆက်သွယ်မှုပိုင်း မရှိတော့ပါဘူး၊ ကင်ဂျုံအန်ဟာ နိုင်ငံကာကွယ်ရေးကို ယခင်ထက် ပိုမိုဦးစားပေးလုပ်ကိုင်နေပြီး ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အမေရိကန် အပါအဝင် ကမ္ဘာနိုင်ငံအများအပြားနဲ့ ဆက်ဆံရေး ထိခိုက်ခဲ့ရပါတယ်။ အမေရိကန်အပြင် ကုလသမဂ္ဂ အဖွဲ့စည်းတွေရဲ့ ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခံရပေမယ့် မြောက်ကိုရီးယားနိုင်ငံမှာ ကင်ဂျုံအန်ခေါင်း ဆောင်ဖြစ်လာခဲ့ပြီး နောက်ပိုင်း ဒုံးကျည်စမ်းသပ်မှု တွေ၊ နျူကလီးယားစမ်းသပ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ရာ နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ်ခံလာရပါ တယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားပေမယ့် နိုင်ငံစီးပွားရေးက ယိုယွင်းနေခဲ့ တယ်လို့ နိုင်ငံတကာမီဒီယာတွေက မကြာခဏ ဝေဖန်ရေးသားကြပါတယ်။ ကင်ဂျုံအန်ဟာ လူငယ်တစ်ဦးဖြစ်တဲ့အတွက် စိတ်ဓာတ်ပိုင်း ထက်မြက်သူ တစ်ဦးဖြစ်ပြီးဖြစ်လိုတဲ့အရာတွေကို မဖြစ်ဖြစ်အောင်လုပ်လိုတဲ့ ဆန္ဒပြင်းပြနေသူ တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကင်ဂျုံအန်ဟာ နိုင်ငံကာ ကာကွယ်ရေးနဲ့ ခေတ်မီလက်နက်ပိုင်ဆိုင် ရေးဆိုတဲ့ ရည်မှန်းချက်တွေကို အခက်ခဲ အကျပ်တည်းတွေကြား အောင်မြင်အောင် အကောင်ထည်ဖော်နိုင်ခဲ့သူဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားမှာရှိနေတဲ့အတွက် နိုင်ငံကာကွယ်ရေး ပိုင်းနဲ့စစ်ရေးပိုင်း ပိုမို ကောင်းမွန်အောင် ဦးစားပေးတည်ဆောက်ခဲ့ရာ ကင်ဂျုံအန်ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဒုံးကျည်စမ်းသပ်မှုအရေအတွက် ဟာ ၂၀၂၃ ခုနှစ်အထိ အကြိမ်ပေါင်း ၂၂၃ ကြိမ်ရှိခဲ့ပြီး အဘိုးဖြစ်သူ၊ အဖေဖြစ်သူလက်ထက်က စမ်းသပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်မှု အကြိမ်ရေအတွက်ထက် လေးဆကျော် ပိုမိုများပြားနေတယ်လို့ဆိုပါတယ်။ ကင်ဂျုံ အန်လက်ထက်မှာ နျူကလီးယားဗုံး စမ်းသပ်မှု တွေ မကြာခဏလုပ်ဆောင်ခဲ့ပြီး အနည်းဆုံး ငါးကြိမ်လုပ် ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဘိုးဖြစ်သူ၊ အဖေ ဖြစ်သူ လက်ထက်က ပိုင်ဆိုင်ခြင်းမရှိတဲ့ခေတ်မီလက် နက်တွေကို ကင်ဂျုံအန်လက်ထက်မှာ ပိုင်ဆိုင်လာခဲ့ပြီး လက်ရှိအချိန်မှာလည်း နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RAND Corporation အဖွဲ့က မြောက် ကိုရီးယားဟာ လက်ရှိအချိန်မှာအနည်းဆုံး နျူကလီးယားလက်နက်ပေါင်း ၆၀ နီးပါး ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ဖော်ပြ ထားပါတယ်။ ကင်ဂျုံအန်က နျူကလီးယားလက်နက်တွေဟာ သူရဲ့ အာဏာတည်မြဲရေးအတွက် အဓိကအရေးပါတဲ့ လက်နက်တွေ ဖြစ်တယ်လို့ ယူဆထားတယ်လို့လည်း နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကင်ဂျုံ အန်လက်ထက်မှာ စစ်ဘက်သုံးဂြိုဟ်တုကို နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ရာ ကင်ဂျုံအန်ရဲ့ ကာကွယ်ရေးပိုင်း တည်ဆောက်မှု စိတ်ပြင်းပြမှုတွေကို ပိုမိုပေါ်လွင်စေပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်မှုတွေက အိမ်နီးချင်းနိုင်ငံတွေကို စိုးရိမ်မှုမြင့်တက်စေခဲ့ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့တင်းမာမှု အရှိန်ကလည်း မြင့်သထက်မြင့်တက်လာနေပါတယ်။မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးဟာ သမိုင်းတစ်လျှောက် အဆိုးဆုံးပုံစံမျိုးကို ရောက်ရှိနေပြီး ကင်ဂျုံအန်က တောင်ကိုရီးယား နိုင်ငံကိုအဓိက ရန်သူနိုင်ငံအဖြစ် သတ်မှတ်ကြေညာ ထားသလို တောင်ကိုရီးယားဘက်ကပစ်လိုက်တဲ့ ကျည်တစ်တောင်ကျရုံနဲ့ တောင်ကိုရီးယားကို စစ်တိုက်သွားမယ်လို့ ကြွေးကြော် ထားပြီးဖြစ်ပါ တယ်။ ကင်ဂျုံအန်ဟာ ပြောရင်ပြောတဲ့အတိုင်းလုပ်လေ့ရှိ သူဖြစ်တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေဟာ မြောက်ကိုရီးယားကို စစ်အင်အားပြရုံကလွဲပြီး လက်တွေ့စစ်တိုက်ဖို့ မဝံ့မရဲဖြစ်နေတယ်လို့လည်းဆိုကြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ပြုလုပ်တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို ဝေဖန်ပြစ်တင်ထားပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် ကျူးကျော်ဖို့ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းဖြစ်တယ်လို့ မကြာခဏ ဝေဖန်ပြစ်တင် ခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တောင်ကိုရီးယားကိုသာမက အမေရိကန် နိုင်ငံကိုပါတိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိနေတယ်ဆိုတာ မကြာသေးမီက စမ်းသပ်ခဲ့တဲ့ Hwasong-12 အမည်ရှိ ဒုံးကျည်က သက်သေပြနေပါတယ်။

ကင်ဂျုံအန်ဟာ လိုအပ်မယ်ဆိုရင် အမေရိကန်နိုင်ငံကိုပါတိုက်ခိုက်ဖို့အတွက် တာဝေးပစ် ပဲ့ထိန်းဒုံး ကျည်အမျိုးမျိုးကို စမ်းသပ်ခဲ့ရာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်စွမ်းရှိတဲ့ဒုံး ကျည်တွေကို ပိုင်ဆိုင်ထားတယ်လို့ နိုင်ငံတကာ မီဒီယာ တွေက ဖော်ပြခဲ့ဖူးပါတယ်။ ခေါင်းဆောင်ကင် ဂျုံအန်ဟာ လက်ရှိအချိန်မှာလည်း အသံထက်မြန်တဲ့ ဒုံးကျည်တွေပိုင်ဆိုင်ဖို့ ကြိုးပမ်း နေရာ အသံထက်မြန်တဲ့ဒုံးကျည်သာ အမှန်တကယ်ပိုင်ဆိုင်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ် တွေကြား တင်းမာမှုပိုဖြစ်လာဖွယ်ရှိနေပြီး ကိုရီးယားကျွန်းဆွယ်မှာ စစ်မီးတောက်မှု ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

ကင်ဂျုံအန်တာဝန်ယူပြီးနောက်ပိုင်း ၁၀ နှစ်ကျော်အတွင်း မြောက်ကိုရီးယားနိုင်ငံဟာ စစ်ဘက်သုံးဂြိုဟ်တုအပြင် အမေရိကန်နိုင်ငံအထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ ဒုံးကျည်အမျိုးမျိုးနဲ့ နျူကလီး ယားလက်နက်တွေကို ပြည်တွင်းမှာကိုယ် ပိုင်ထုတ် လုပ်နိုင်ခဲ့ရာ ကင်ဂျုံအန်ဟာ အဘိုး၊ အဖေဖြစ်သူတို့ထက် လက်စောင်းထက်လွန်းသူတစ်ဦးလို့လည်း ထင်ကြေးပေး သုံးသပ်နေ ပါတယ်။

zawgyi version
အဘိုးနဲ႔ အေဖတို႔ထက္ လက္ေစာင္းထက္တဲ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၂

ေျမာက္ကိုရီးယားႏိုင္ငံကို စတင္တည္ ေထာင္ခဲ့ခ်ိန္ေနာက္ပိုင္းတည္းက ႏိုင္ငံကို ကင္ဂ်ဳံအန္ တို႔မိသားစုေတြက အဓိက အုပ္ခ်ဳပ္ေနခဲ့တာျဖစ္ပါ တယ္။ ေျမာက္ကိုရီးယားႏိုင္ငံကို ဒုတိယကမာၻစစ္ ေနာက္ပိုင္း ၁၉၄၆ ခုႏွစ္မွာစတင္တည္ေထာင္ခဲ့ၿပီး အဲဒီအခ်ိန္တုန္းက ေျမာက္ကိုရီးယားႏိုင္ငံကို ကင္ဂ်ဳံအန္ရဲ႕အဘိုးျဖစ္သူ ကင္အီဆြန္က စတင္အုပ္ခ်ဳပ္ခဲ့ၿပီး ကင္အီဆြန္ေသဆုံးခ်ိန္မွာ ေတာ့ သားျဖစ္သူ ကင္ဂ်ဳံအီက အေမြဆက္ခံအုပ္ခ်ဳပ္ခဲ့ပါတယ္။
ကင္ဂ်ဳံအီေသဆုံးခ်ိန္မွာေတာ့ သားျဖစ္ သူကင္ဂ်ဳံအန္က ၂၀၁၁ခုႏွစ္ေနာက္ပိုင္းကတည္းက ေျမာက္ကိုရီးယားႏိုင္ငံကို အုပ္ခ်ဳပ္ေနခဲ့တာ ျဖစ္ပါတယ္။ ကင္ဂ်ဳံအန္ဟာ လက္ရွိအခ်ိန္မွာ အသက္ ၄၀ အ႐ြယ္သာရွိေသးၿပီး အဘိုးျဖစ္သူ၊ အေဖျဖစ္သူတို႔ ရဲ႕အ႐ိုက္အရာကို အေကာင္းဆုံးအေမြဆက္ခံသူအ ျဖစ္ ခ်ီးက်ဴးခံေနရသူျဖစ္ပါတယ္။
ကင္ဂ်ဳံအန္ကို ၁၉၈၂ ခုႏွစ္မွာေမြးဖြားခဲ့ တယ္လို႔ဆိုၾကေပမယ့္ ေမြးသကၠရာဇ္အမွန္မဟုတ္ ဘဲ ေမြးဖြားတဲ့ႏွစ္က ၁၉၈၃ ခုႏွစ္ ျဖစ္ႏိုင္တယ္လို႔ ေတာင္ကိုရီးယားေထာက္လွမ္းေရးအဖြဲ႕ေတြက ေျပာပါတယ္။ ကင္ဂ်ဳံအန္ဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ေဟာင္း ကင္ဂ်ဳံအီေမြးဖြားထားတဲ့ သားသုံးဦးထဲမွာ အငယ္ဆုံး ျဖစ္ၿပီး လူျမင္ကြင္းထြက္ေလ့မရွိတဲ့အတြက္ အေစာပိုင္း ကာလေတြက လူသိနည္းခဲ့သူျဖစ္ပါတယ္။
ကင္ဂ်ဳံအန္ဟာ ဆြစ္ဇာလန္ႏိုင္ငံ Gumli-gen အရပ္ေဒသရွိ International School of Berne ေက်ာင္းမွာ ပညာသင္ ၾကားဘြဲ႕ရခဲ့ၿပီး ၂၀ဝ၂ ခုႏွစ္ကေန ၂၀ဝ၇ ခုႏွစ္အထိ ၿပဳံးယမ္းၿမိဳ႕ရွိ ကင္အီ ဆြန္စစ္တကၠသိုလ္ကို တက္ေရာက္ခဲ့သူလည္းျဖစ္ပါတယ္။ ကင္ဂ်ဳံအန္မွာ ရိဆိုလ္ဂ်ဴဆိုတဲ့ ဇနီးသည္ တစ္ေယာက္ရွိတယ္လို႔ သိၾကေပမယ့္ သူတို႔ ဘယ္တုန္းကလက္ထပ္တယ္ဆိုတာေတာ့ မသိၾကသလို သူ႔မွာသားသမီး ဘယ္ႏွဦးအထိ ရွိေနသလဲဆိုတာလည္း အတိအက်မသိၾကပါဘူး။ ဒါေပမဲ့ သမီးတစ္ဦး ရွိေနတယ္ဆိုတဲ့ အခ်က္ကေတာ့ ေျမာက္ကိုရီးယား ႏိုင္ငံပိုင္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
ကင္ဂ်ဳံအန္ဟာ ၂၀ဝ၉ ခုႏွစ္တည္းက အစ္ကိုေတြကိုေက်ာ္ျဖတ္ၿပီး ေျမာက္ကိုရီးယားေခါင္း ေဆာင္အ႐ိုက္အရာကို ဆက္ခံမယ့္သူအျဖစ္ သတင္း ထြက္ေပၚခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယား အာဏာရ အလုပ္သမားပါတီနဲ႔ စစ္တပ္တို႔မွာ အဓိက အေရးပါ တဲ့ေနရာေတြကို ဆက္တိုက္ခန႔္အပ္ခံခဲ့ရသူျဖစ္ပါတယ္။ ကင္ဂ်ဳံအန္ဟာ စစ္ေရးအေတြ႕ႀကဳံမရွိေပမယ့္ ၂၀၁၀ ျပည့္ႏွစ္မွာ ေျမာက္ ကိုရီးယားႏိုင္ငံရဲ႕ ၾကယ္ေလးပြင့္အဆင့္ရွိ ဗိုလ္ခ်ဳပ္ႀကီးအျဖစ္ခန႔္အပ္ခံရၿပီး ဖခင္ျဖစ္သူေသဆုံးသြားခ်ိန္ ၂၀၁၁ ခုႏွစ္မွာေတာ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခံခဲ့ရသူျဖစ္ပါတယ္။ ကင္ဂ်ဳံအန္ ေခါင္းေဆာင္ျဖစ္လာ ၿပီးေနာက္ပိုင္း ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ အုပ္ခ်ဳပ္မႈပုံစံနဲ႔ မူဝါဒေတြလည္း အဘိုးျဖစ္သူ၊ အေဖျဖစ္သူတို႔ လက္ထက္က ပုံစံမ်ိဳးမဟုတ္ေတာ့ဘဲ ျပင္ဆင္ေျပာင္း လဲမႈေတြ တျဖည္းျဖည္းလုပ္ေဆာင္လာခဲ့ပါတယ္။
ကင္ဂ်ဳံအန္ဟာ ခ်မွတ္တဲ့စည္းကမ္း၊ ဥပေဒေတြကိုခ်ိဳးေဖာက္ခဲ့မယ္ဆိုရင္ သူရဲ႕ေသြးသား အရင္းေတြကိုေတာင္ မ်က္ႏွာမေထာက္ဘဲ ရက္စက္စြာ ကြပ္မ်က္တတ္သူတစ္ဦး ျဖစ္တယ္ဆိုတာ ဦးေလးအရင္းျဖစ္သူကိုကြပ္မ်က္ၿပီး သက္ေသျပခဲ့သူ လည္းျဖစ္ပါတယ္။ ကင္ဂ်ဳံအန္ဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ေခါင္းေဆာင္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ခ်မွတ္ထားတဲ့ စည္းကမ္းဥပေဒ ေတြကိုခ်ိဳးေဖာက္တဲ့အတြက္ ဦးေလးအရင္းျဖစ္သူ Jang Song-Thaek ကို ရာထူးက ထုတ္ပယ္ကာကြပ္မ်က္ခဲ့ျခင္းဟာ ကမာၻ တစ္ဝန္းမွာ ထင္ရွားတဲ့အျဖစ္အပ်က္တစ္ခုျဖစ္ခဲ့သလို ေဝဖန္ျပစ္တင္ခံရတဲ့ ျဖစ္ရပ္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ ကင္ဂ်ဳံအန္ေခါင္း

ေဆာင္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေစာပိုင္းကာလေတြမွာ ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္၊ ေတာင္ကိုရီးယားတို႔နဲ႔ အျပန္ အလွန္ ထိေတြ႕ဆက္ဆံတာမ်ိဳးေတြရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အျပန္အလွန္ဆက္သြယ္မႈပိုင္း မရွိေတာ့ပါဘူး၊ ကင္ဂ်ဳံအန္ဟာ ႏိုင္ငံကာကြယ္ေရးကို ယခင္ထက္ ပိုမိုဦးစားေပးလုပ္ကိုင္ေနၿပီး ဒုံးက်ည္နဲ႔ န်ဴကလီးယား စမ္းသပ္မႈေတြ လုပ္ေဆာင္ခဲ့တဲ့အတြက္ အေမရိကန္ အပါအဝင္ ကမာၻႏိုင္ငံအမ်ားအျပားနဲ႔ ဆက္ဆံေရး ထိခိုက္ခဲ့ရပါတယ္။ အေမရိကန္အျပင္ ကုလသမဂၢ အဖြဲ႕စည္းေတြရဲ႕ ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခံရေပမယ့္ ေျမာက္ကိုရီးယားႏိုင္ငံမွာ ကင္ဂ်ဳံအန္ေခါင္း ေဆာင္ျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း ဒုံးက်ည္စမ္းသပ္မႈ ေတြ၊ န်ဴကလီးယားစမ္းသပ္မႈေတြ အရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့ရာ န်ဴကလီးယားပိုင္ဆိုင္တဲ့ႏိုင္ငံ တစ္ႏိုင္ငံအျဖစ္ သတ္မွတ္ခံလာရပါ တယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားလက္နက္ေတြ ပိုင္ဆိုင္ထားေပမယ့္ ႏိုင္ငံစီးပြားေရးက ယိုယြင္းေနခဲ့ တယ္လို႔ ႏိုင္ငံတကာမီဒီယာေတြက မၾကာခဏ ေဝဖန္ေရးသားၾကပါတယ္။ ကင္ဂ်ဳံအန္ဟာ လူငယ္တစ္ဦးျဖစ္တဲ့အတြက္ စိတ္ဓာတ္ပိုင္း ထက္ျမက္သူ တစ္ဦးျဖစ္ၿပီးျဖစ္လိုတဲ့အရာေတြကို မျဖစ္ျဖစ္ေအာင္လုပ္လိုတဲ့ ဆႏၵျပင္းျပေနသူ တစ္ဦးလို႔လည္း ဆိုႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကင္ဂ်ဳံအန္ဟာ ႏိုင္ငံကာ ကာကြယ္ေရးနဲ႔ ေခတ္မီလက္နက္ပိုင္ဆိုင္ ေရးဆိုတဲ့ ရည္မွန္းခ်က္ေတြကို အခက္ခဲ အက်ပ္တည္းေတြၾကား ေအာင္ျမင္ေအာင္ အေကာင္ထည္ေဖာ္ႏိုင္ခဲ့သူျဖစ္ပါတယ္။
ေျမာက္ကိုရီးယားဟာ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြၾကားမွာရွိေနတဲ့အတြက္ ႏိုင္ငံကာကြယ္ေရး ပိုင္းနဲ႔စစ္ေရးပိုင္း ပိုမို ေကာင္းမြန္ေအာင္ ဦးစားေပးတည္ေဆာက္ခဲ့ရာ ကင္ဂ်ဳံအန္ေခါင္းေဆာင္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဒုံးက်ည္စမ္းသပ္မႈအေရအတြက္ ဟာ ၂၀၂၃ ခုႏွစ္အထိ အႀကိမ္ေပါင္း ၂၂၃ ႀကိမ္ရွိခဲ့ၿပီး အဘိုးျဖစ္သူ၊ အေဖျဖစ္သူလက္ထက္က စမ္းသပ္ခဲ့တဲ့ ဒုံးက်ည္ စမ္းသပ္မႈ အႀကိမ္ေရအတြက္ထက္ ေလးဆေက်ာ္ ပိုမိုမ်ားျပားေနတယ္လို႔ဆိုပါတယ္။ ကင္ဂ်ဳံ အန္လက္ထက္မွာ န်ဴကလီးယားဗုံး စမ္းသပ္မႈ ေတြ မၾကာခဏလုပ္ေဆာင္ခဲ့ၿပီး အနည္းဆုံး ငါးႀကိမ္လုပ္ ေဆာင္ခဲ့တယ္လို႔ဆိုပါတယ္။ အဘိုးျဖစ္သူ၊ အေဖ ျဖစ္သူ လက္ထက္က

ပိုင္ဆိုင္ျခင္းမရွိတဲ့ေခတ္မီလက္ နက္ေတြကို ကင္ဂ်ဳံအန္လက္ထက္မွာ ပိုင္ဆိုင္လာခဲ့ၿပီး လက္ရွိအခ်ိန္မွာလည္း န်ဴကလီးယား လက္နက္ေတြ ပိုင္ဆိုင္ထားတယ္လို႔ဆိုပါတယ္။ ႏိုင္ငံတကာ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ RAND Corporation အဖြဲ႕က ေျမာက္ ကိုရီးယားဟာ လက္ရွိအခ်ိန္မွာအနည္းဆုံး န်ဴကလီးယားလက္နက္ေပါင္း ၆၀ နီးပါး ပိုင္ဆိုင္ထားတယ္လို႔ သုံးသပ္ေဖာ္ျပ ထားပါတယ္။ ကင္ဂ်ဳံအန္က န်ဴကလီးယားလက္နက္ေတြဟာ သူရဲ႕ အာဏာတည္ၿမဲေရးအတြက္ အဓိကအေရးပါတဲ့ လက္နက္ေတြ ျဖစ္တယ္လို႔ ယူဆထားတယ္လို႔လည္း ႏိုင္ငံတကာသတင္းမီဒီယာေတြက ေဖာ္ျပထားပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ကင္ဂ်ဳံ အန္လက္ထက္မွာ စစ္ဘက္သုံးၿဂိဳဟ္တုကို ႏိုင္ငံသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ရာ ကင္ဂ်ဳံအန္ရဲ႕ ကာကြယ္ေရးပိုင္း တည္ေဆာက္မႈ စိတ္ျပင္းျပမႈေတြကို ပိုမိုေပၚလြင္ေစပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ဒုံးက်ည္ စမ္းသပ္မႈေတြက အိမ္နီးခ်င္းႏိုင္ငံေတြကို စိုးရိမ္မႈျမင့္တက္ေစခဲ့ၿပီး အေမရိကန္၊ ေတာင္ကိုရီးယား၊ ဂ်ပန္ႏိုင္ငံတို႔နဲ႔တင္းမာမႈ အရွိန္ကလည္း ျမင့္သထက္ျမင့္တက္လာေနပါတယ္။ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကား ဆက္ဆံေရးဟာ သမိုင္းတစ္ေလွ်ာက္ အဆိုးဆုံးပုံစံမ်ိဳးကို ေရာက္ရွိေနၿပီး ကင္ဂ်ဳံအန္က ေတာင္ကိုရီးယား ႏိုင္ငံကိုအဓိက ရန္သူႏိုင္ငံအျဖစ္ သတ္မွတ္ေၾကညာ ထားသလို ေတာင္ကိုရီးယားဘက္ကပစ္လိုက္တဲ့ က်ည္တစ္ေတာင္က်႐ုံနဲ႔ ေတာင္ကိုရီးယားကို စစ္တိုက္သြားမယ္လို႔ ေႂကြးေၾကာ္ ထားၿပီးျဖစ္ပါ တယ္။ ကင္ဂ်ဳံအန္ဟာ ေျပာရင္ေျပာတဲ့အတိုင္းလုပ္ေလ့ရွိ သူျဖစ္တဲ့အတြက္ အေမရိကန္နဲ႔ မဟာမိတ္ေတြဟာ ေျမာက္ကိုရီးယားကို စစ္အင္အားျပ႐ုံကလြဲၿပီး လက္ေတြ႕စစ္တိုက္ဖို႔ မဝံ့မရဲျဖစ္ေနတယ္လို႔လည္းဆိုၾကပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ဟာ အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ျပဳလုပ္တဲ့ ပူးတြဲစစ္ေရး ေလ့က်င့္မႈေတြကို ေဝဖန္ျပစ္တင္ထားၿပီး ေျမာက္ကိုရီးယားႏိုင္ငံအေပၚ

က်ဴးေက်ာ္ဖို႔ျပဳလုပ္တဲ့ စစ္ေရးေလ့က်င့္ခန္းျဖစ္တယ္လို႔ မၾကာခဏ ေဝဖန္ျပစ္တင္ ခဲ့ဖူးပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ ေတာင္ကိုရီးယားကိုသာမက အေမရိကန္ ႏိုင္ငံကိုပါတိုက္ခိုက္ဖို႔ ရည္႐ြယ္ခ်က္ရွိေနတယ္ဆိုတာ မၾကာေသးမီက စမ္းသပ္ခဲ့တဲ့ Hwasong-12 အမည္ရွိ ဒုံးက်ည္က သက္ေသျပေနပါတယ္။
ကင္ဂ်ဳံအန္ဟာ လိုအပ္မယ္ဆိုရင္ အေမရိကန္ႏိုင္ငံကိုပါတိုက္ခိုက္ဖို႔အတြက္ တာေဝးပစ္ ပဲ့ထိန္းဒုံး က်ည္အမ်ိဳးမ်ိဳးကို စမ္းသပ္ခဲ့ရာ လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံအထိ ေရာက္ရွိႏိုင္စြမ္းရွိတဲ့ဒုံး က်ည္ေတြကို ပိုင္ဆိုင္ထားတယ္လို႔ ႏိုင္ငံတကာ မီဒီယာ ေတြက ေဖာ္ျပခဲ့ဖူးပါတယ္။ ေခါင္းေဆာင္ကင္ ဂ်ဳံအန္ဟာ လက္ရွိအခ်ိန္မွာလည္း အသံထက္ျမန္တဲ့ ဒုံးက်ည္ေတြပိုင္ဆိုင္ဖို႔ ႀကိဳးပမ္း ေနရာ အသံထက္ျမန္တဲ့ဒုံးက်ည္သာ အမွန္တကယ္ပိုင္ဆိုင္ခဲ့မယ္ဆိုရင္ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္ ေတြၾကား တင္းမာမႈပိုျဖစ္လာဖြယ္ရွိေနၿပီး ကိုရီးယားကြၽန္းဆြယ္မွာ စစ္မီးေတာက္မႈ ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။
ကင္ဂ်ဳံအန္တာဝန္ယူၿပီးေနာက္ပိုင္း ၁၀ ႏွစ္ေက်ာ္အတြင္း ေျမာက္ကိုရီးယားႏိုင္ငံဟာ စစ္ဘက္သုံးၿဂိဳဟ္တုအျပင္ အေမရိကန္ႏိုင္ငံအထိ ေရာက္ရွိပစ္ခတ္ႏိုင္တဲ့ ဒုံးက်ည္အမ်ိဳးမ်ိဳးနဲ႔ န်ဴကလီး ယားလက္နက္ေတြကို ျပည္တြင္းမွာကိုယ္ ပိုင္ထုတ္ လုပ္ႏိုင္ခဲ့ရာ ကင္ဂ်ဳံအန္ဟာ အဘိုး၊ အေဖျဖစ္သူတို႔ထက္ လက္ေစာင္းထက္လြန္းသူတစ္ဦးလို႔လည္း ထင္ေၾကးေပး သုံးသပ္ေန ပါတယ္။

Related news

© 2021. All rights reserved.