တည်ဆောက်ဆဲ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၃)ရုံရှိပြီး စုစုပေါင်း လျှပ် စစ်ဓာတ်အား မဂ္ဂါဝပ်(၁၀ဝဝ)နီးပါး ထုတ်လုပ်ဖြန့်ဖြူးနိုင်တော့မည်

 2051

ယွန်း (NP News) - ဧပြီ ၁၂

တည်ဆောက်ဆဲ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ(၁၃)ရုံရှိပြီး စုစုပေါင်းမဂ္ဂါဝပ် (၁၀ဝဝ) နီးပါး ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာသို့ ပြောကြားသည့်အချက်အလက်များအရ သိရသည်။

နိုင်ငံတွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၁၅)ရာခိုင်နှုန်းခန့်တိုးတက်နေပြီး လက်ရှိ အချိန်ထိ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု အချိုးမှာ ၆၆ ဒသမ ၈ ရာခိုင်နှုန်းကျော် ရရှိသုံးစွဲနေကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး နေရောင်ခြည်စွမ်းအင်သုံးဓာတ် အားပေးစက်ရုံ(၆)ရုံမှ စုစုပေါင်းမဂ္ဂါဝပ်(၁၈၀)ဖြင့် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေး လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့ရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံ(၃)ရုံမှ မဂ္ဂါဝပ်(၈၀)ခန့် ထုတ်လုပ်ဖြန့်ဖြူးနေကြောင်းသိရသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့ရှိ စက်ရုံ(၃)ရုံ ကလည်း မဂ္ဂါဝပ်(၁၀ဝ)ခန့် တပ်ဆင်ထားသည့်အပြင် နေရောင်ခြည်လျှပ်စစ်ဓာတ်အားပေးစက်ရုံ(၁၃)ရုံ ကိုလည်း တည်ဆောက်ဆဲဖြစ် ကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက ဆိုထားသည်။

‘တည်ဆောက်ဆဲ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ(၁၃)ရုံကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းမဂ္ဂါဝပ် (၉၆၄) မဂ္ဂါဝပ်ခန့်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ သာစည်မြို့နယ်နဲ့ တောင်သာမြို့နယ် တို့မှာ စီမံကိန်း(၆)ခုအတွက် (၂၆၂)မဂ္ဂါဝပ်၊ နေပြည်တော် ကောင်စီနယ်မြေမှာ စီမံကိန်း(၃)ခုအတွက် (၃၉၀) မဂ္ဂါဝပ်၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တို့မှာရှိတဲ့ စီမံကိန်း(၂)ခုအတွက် (၂၅၂) မဂ္ဂါဝပ်နဲ့ ပဲခူးတိုင်းဒေသကြီးရွှေကျင်မြို့နယ်မှာ စီမံကိန်း(၁)ခု (၄၀)မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် စီမံကိန်း(၁)ခု (၂၀)မဂ္ဂါဝပ်တည်ဆောက် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်လျက်ရှိရာ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့လည်း ရေအား၊ လေအား၊ နေရောင်ခြည် စွမ်းအင်တို့မှရနိုင်တဲ့ စွမ်းအင်တွေကို တိုးတက်ထုတ် လုပ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် နေရောင်ခြည်စွမ်းအင်သုံးဓာတ် အားပေးစက်ရုံများအနေဖြင့် တစ်နိုင်ငံလုံးဓာတ် အားထုတ်လုပ်မှု၏ (၂)ရာခိုင်နှုန်းဆောင်ရွက်လျက်ရှိပြီး (၁၁)ရာခိုင်နှုန်းအထိ တိုးတက်ထုတ်လုပ်နိုင် ရေးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရည်မှန်းချက် ထားဆောင်ရွက်နေကြောင်းသိရသည်။ ပြည်တွင်း၌ ရေအားအပါအဝင် သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်နှင့် ကျောက်မီးသွေးဟူ သည့် စွမ်းအင်အမျိုးအစား(၄)မျိုးဖြင့် စက်ရုံပေါင်း (၆၄)ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံ (၆၄)ရုံတွင် စုစုပေါင်း စက်တပ်ဆင်အင်အား ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ် ဖြစ်သော်လည်း နေ့စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား (၃၀ဝဝ) မဂ္ဂါဝပ်ခန့်သာ ထုတ် လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။

zawgyi version
တည္ေဆာက္ဆဲ ေနေရာင္ျခည္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ (၁၃)႐ုံရွိၿပီး စုစုေပါင္း လွ်ပ္ စစ္ဓာတ္အား မဂၢါဝပ္(၁၀ဝဝ)နီးပါး ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္ေတာ့မည္
ယြန္း (NP News) - ဧၿပီ ၁၂

တည္ေဆာက္ဆဲ ေနေရာင္ျခည္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ(၁၃)႐ုံရွိၿပီး စုစုေပါင္းမဂၢါဝပ္ (၁၀ဝဝ) နီးပါး ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ႏိုင္ငံပိုင္သတင္းစာသို႔ ေျပာၾကားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ႏိုင္ငံတြင္းလွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မွာ ႏွစ္စဥ္ (၁၅)ရာခိုင္ႏႈန္းခန႔္တိုးတက္ေနၿပီး လက္ရွိ အခ်ိန္ထိ တစ္ႏိုင္ငံလုံး၏ လွ်ပ္စစ္ဓာတ္အားရရွိမႈ အခ်ိဳးမွာ ၆၆ ဒသမ ၈ ရာခိုင္ႏႈန္းေက်ာ္ ရရွိသုံးစြဲေနေၾကာင္း သိရသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ တည္ေဆာက္ၿပီး ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္ အားေပးစက္႐ုံ(၆)႐ုံမွ စုစုေပါင္းမဂၢါဝပ္(၁၈၀)ျဖင့္ ဓာတ္အားထုတ္လုပ္ျဖန႔္ျဖဴးေပး လ်က္ရွိၿပီး မႏၲေလးတိုင္းေဒသႀကီး သာစည္ၿမိဳ႕နယ္ႏွင့္ ျမစ္သားၿမိဳ႕နယ္တို႔ရွိ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပး စက္႐ုံ(၃)႐ုံမွ မဂၢါဝပ္(၈၀)ခန႔္ ထုတ္လုပ္ျဖန႔္ျဖဴးေနေၾကာင္းသိရသည္။
ထို႔ျပင္ မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္၊ ပြင့္ျဖဴၿမိဳ႕နယ္ႏွင့္ ေစတုတၱရာၿမိဳ႕နယ္တို႔ရွိ စက္႐ုံ(၃)႐ုံ ကလည္း မဂၢါဝပ္(၁၀ဝ)ခန႔္ တပ္ဆင္ထားသည့္အျပင္ ေနေရာင္ျခည္လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ(၁၃)႐ုံ ကိုလည္း တည္ေဆာက္ဆဲျဖစ္ ေၾကာင္း လွ်ပ္စစ္စြမ္း အားဝန္ႀကီးဌာနက ဆိုထားသည္။
‘တည္ေဆာက္ဆဲ ေနေရာင္ျခည္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ(၁၃)႐ုံကို ေဆာင္႐ြက္လ်က္ရွိၿပီး စုစုေပါင္းမဂၢါဝပ္ (၉၆၄) မဂၢါဝပ္ခန႔္ရွိပါတယ္။ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ သာစည္ၿမိဳ႕နယ္နဲ႔ ေတာင္သာၿမိဳ႕နယ္ တို႔မွာ စီမံကိန္း(၆)ခုအတြက္ (၂၆၂)မဂၢါဝပ္၊ ေနျပည္ေတာ္ ေကာင္စီနယ္ေျမမွာ စီမံကိန္း(၃)ခုအတြက္ (၃၉၀) မဂၢါဝပ္၊ မေကြးတိုင္း ေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ မင္းဘူးၿမိဳ႕နယ္တို႔မွာရွိတဲ့ စီမံကိန္း(၂)ခုအတြက္ (၂၅၂) မဂၢါဝပ္နဲ႔ ပဲခူးတိုင္းေဒသႀကီးေ႐ႊက်င္ၿမိဳ႕နယ္မွာ စီမံကိန္း(၁)ခု (၄၀)မဂၢါဝပ္၊ ရွမ္းျပည္နယ္ ႐ြာငံၿမိဳ႕နယ္တြင္ စီမံကိန္း(၁)ခု (၂၀)မဂၢါဝပ္တည္ေဆာက္ ေဆာင္႐ြက္လ်က္ရွိပါတယ္။ ႏိုင္ငံေတာ္အေနနဲ႔ ျပည့္ၿဖိဳးၿမဲစြမ္းအင္က႑ကို ဖြံ႕ၿဖိဳးဖို႔အတြက္ ေဆာင္႐ြက္လ်က္ရွိရာ ကြၽန္ေတာ္တို႔ဝန္ႀကီးဌာန အေနနဲ႔လည္း ေရအား၊ ေလအား၊ ေနေရာင္ျခည္ စြမ္းအင္တို႔မွရႏိုင္တဲ့ စြမ္းအင္ေတြကို တိုးတက္ထုတ္ လုပ္ေဆာင္႐ြက္လ်က္ရွိပါတယ္” ဟု လွ်ပ္စစ္စြမ္း အားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။


လက္ရွိတြင္ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္ အားေပးစက္႐ုံမ်ားအေနျဖင့္ တစ္ႏိုင္ငံလုံးဓာတ္ အားထုတ္လုပ္မႈ၏ (၂)ရာခိုင္ႏႈန္းေဆာင္႐ြက္လ်က္ရွိၿပီး (၁၁)ရာခိုင္ႏႈန္းအထိ တိုးတက္ထုတ္လုပ္ႏိုင္ ေရးကို လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ရည္မွန္းခ်က္ ထားေဆာင္႐ြက္ေနေၾကာင္းသိရသည္။ ျပည္တြင္း၌ ေရအားအပါအဝင္ သဘာဝဓာတ္ေငြ႕၊ ေနေရာင္ျခည္ႏွင့္ ေက်ာက္မီးေသြးဟူ သည့္ စြမ္းအင္အမ်ိဳးအစား(၄)မ်ိဳးျဖင့္ စက္႐ုံေပါင္း (၆၄)႐ုံမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။ အဆိုပါ စက္႐ုံ (၆၄)႐ုံတြင္ စုစုေပါင္း စက္တပ္ဆင္အင္အား ၇၁၈၄ ဒသမ ၄၆ မဂၢါဝပ္ ျဖစ္ေသာ္လည္း ေန႔စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား (၃၀ဝဝ) မဂၢါဝပ္ခန႔္သာ ထုတ္ လုပ္ျဖန႔္ျဖဴးေပးႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.