ကနေဒါအမျိုးသမီးတစ်ဦးက (၄) နာရီခွဲကျော်ကြာ Plank ထောက်ပြပြီး ဂင်းနစ်စံချိန်ချိုးဖျက်

 259

Pika (NP News) - ဧပြီ ၁၃

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် လက်နှစ်ဖက်ကို ထောက်ထားကာ မှောက်ခုံအနေအထား (Plank Workout လုပ်ခြင်း)ဖြင့် အချိန်အကြာဆုံးနေခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ်စံချိန် (အမျိုးသမီး)ကို ချိုးဖျက်ခဲ့ကြောင်း သိရသည်။

အသက်(၅၈)နှစ်အရွယ် ဒိုနာဂျင်းလ်ဝိုင်း သည် လက်နှစ်ဖက်ကိုထောက်ထားကာ မှောက်ခုံ အနေအထားဖြင့် (၄)နာရီ(၃၀)မိနစ်နှင့်(၁၁)စက္ကန့် အထိနေခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကနေဒါနိုင်ငံမှ အမျိုးသမီး ဒါနာဂလိုးဝက်ကာ တင်ထားသော ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒိုနာဂျင်းလ်ဝိုင်းသည် ဒါနာဂလိုးဝက်ကာ တင်ထားသော ဂင်းနစ်စံချိန်ထက် (၁၀)မိနစ်ပိုကြာအောင် လက်နှစ်ဖက်ကိုထောက်ထားကာ မှောက်ခုံ အနေအထားဖြင့်နေပြခဲ့ပြီးနောက် ယခုကဲ့သို့ ဂင်းနစ် စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဂင်းနစ်စံချိန်တရားဝင်ကြီးကြပ်သူ တီနာရှီသည် ဒိုနာဂျင်းလ်ဝိုင်း၏ ဂင်းနစ်စံချိန်ချိုးဖျက်မှုကို အနီးကပ်စောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂင်းနစ်စံချိန်ကို ရရှိရန်အတွက် ကြိုးပမ်းသူသည် ၎င်း၏လက်ဖျံများနှင့်ခြေချောင်းများကို မြေပြင်နှင့်အချိန်တိုင်းထိထားရန် လိုအပ်ကြောင်းလည်း သိရသည်။ ထို့ပြင် ခန္ဓာကိုယ်ကို မြေပြင်မှခွာကာ တစ်ဖြောင့်တည်းအနေအထားဖြင့် နေရမည်ဖြစ်ကြောင်းလည်းသိရသည်။

ဒိုနာဂျင်းလ်ဝိုင်းက “ ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်ပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့တံတောင်ဆစ် တွေက တော်တော်ကိုနာသွားတာပါ။ ကျွန်မရဲ့ ပုံစံအနေအထားပျက်သွားမှာကို တကယ်ကို စိတ်ပူခဲ့ရတာပါ။ ပထမနှစ်နာရီက လျင်မြန်စွာ ကုန်ဆုံးသွားတယ် လို့ခံစားရပေမယ့် ကျန်ရှိနေတဲ့နှစ်နာရီကတော့ တကယ်ကိုခက်ခဲခဲ့ပါတယ်။ နောက်ဆုံး နာရီဝက်ကတော့ စိန်ခေါ်မှုအရှိဆုံး အချိန်တစ်ခုပါပဲ။ ကျွန်မရဲ့ ပုံစံအနေအထားကို ဆက်ထိန်းထားနိုင်ဖို့ အများကြီး အာရုံစိုက်ခဲ့ရတာပါ ” ဟု ပြောဆိုခဲ့သည်။

zawgyi version
ကေနဒါအမ်ိဳးသမီးတစ္ဦးက (၄) နာရီခြဲေက်ာ္ၾကာ Plank ေထာက္ျပၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - ဧၿပီ ၁၃

ကေနဒါႏိုင္ငံ အယ္လ္ဘာတာျပည္နယ္မွ အမ်ိဳးသမီးတစ္ဦးသည္ လက္ႏွစ္ဖက္ကို ေထာက္ထားကာ ေမွာက္ခုံအေနအထား (Plank Workout လုပ္ျခင္း)ျဖင့္ အခ်ိန္အၾကာဆုံးေနခဲ့ၿပီးေနာက္ ကမာၻ႔ ဂင္းနစ္စံခ်ိန္ (အမ်ိဳးသမီး)ကို ခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။

အသက္(၅၈)ႏွစ္အ႐ြယ္ ဒိုနာဂ်င္းလ္ဝိုင္း သည္ လက္ႏွစ္ဖက္ကိုေထာက္ထားကာ ေမွာက္ခုံ အေနအထားျဖင့္ (၄)နာရီ(၃၀)မိနစ္ႏွင့္(၁၁)စကၠန႔္ အထိေနခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ကေနဒါႏိုင္ငံမွ အမ်ိဳးသမီး ဒါနာဂလိုးဝက္ကာ တင္ထားေသာ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဒိုနာဂ်င္းလ္ဝိုင္းသည္ ဒါနာဂလိုးဝက္ကာ တင္ထားေသာ ဂင္းနစ္စံခ်ိန္ထက္ (၁၀)မိနစ္ပိုၾကာေအာင္ လက္ႏွစ္ဖက္ကိုေထာက္ထားကာ ေမွာက္ခုံ အေနအထားျဖင့္ေနျပခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဂင္းနစ္ စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ကမာၻ႔ဂင္းနစ္စံခ်ိန္တရားဝင္ႀကီးၾကပ္သူ တီနာရွီသည္ ဒိုနာဂ်င္းလ္ဝိုင္း၏ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္မႈကို အနီးကပ္ေစာင့္ၾကည့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဂင္းနစ္စံခ်ိန္ကို ရရွိရန္အတြက္ ႀကိဳးပမ္းသူသည္ ၎၏လက္ဖ်ံမ်ားႏွင့္ေျခေခ်ာင္းမ်ားကို ေျမျပင္ႏွင့္အခ်ိန္တိုင္းထိထားရန္ လိုအပ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ခႏၶာကိုယ္ကို ေျမျပင္မွခြာကာ တစ္ေျဖာင့္တည္းအေနအထားျဖင့္ ေနရမည္ျဖစ္ေၾကာင္းလည္းသိရသည္။

ဒိုနာဂ်င္းလ္ဝိုင္းက “ ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီးတဲ့ေနာက္မွာေတာ့ ကြၽန္မရဲ႕တံေတာင္ဆစ္ ေတြက ေတာ္ေတာ္ကိုနာသြားတာပါ။ ကြၽန္မရဲ႕ ပုံစံအေနအထားပ်က္သြားမွာကို တကယ္ကို စိတ္ပူခဲ့ရတာပါ။ ပထမႏွစ္နာရီက လ်င္ျမန္စြာ ကုန္ဆုံးသြားတယ္ လို႔ခံစားရေပမယ့္ က်န္ရွိေနတဲ့ႏွစ္နာရီကေတာ့ တကယ္ကိုခက္ခဲခဲ့ပါတယ္။ ေနာက္ဆုံး နာရီဝက္ကေတာ့ စိန္ေခၚမႈအရွိဆုံး အခ်ိန္တစ္ခုပါပဲ။ ကြၽန္မရဲ႕ ပုံစံအေနအထားကို ဆက္ထိန္းထားႏိုင္ဖို႔ အမ်ားႀကီး အာ႐ုံစိုက္ခဲ့ရတာပါ ” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.