မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားမှုပြင်းထန်လာမှုနှင့်အတူ မဲဆောက်မြို့တွင် ထိုင်းစစ်သားများကင်းလှည့်မှုလုပ်ဆောင်နေ

 2592

Pika (NP News) - ဧပြီ ၁၁

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် မြန်မာစစ်တပ်နှင့်လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုများ ပြင်းထန်လာမှုနှင့်အတူ ဧပြီလ(၁၀)ရက်နေ့တွင် ထိုင်းသံချပ်ကာယာဉ်များသည် မဲဆောက်မြို့တွင် ကင်းလှည့်မှုများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ လူရာချီသည် မဲဆောက်မြို့ရှိ လူဝင်မှုကြီး ကြပ်ရေးဂိတ်တွင် ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် တန်းစီကာ စောင့်ဆိုင်းနေကြောင်းလည်းသိရသည်။ ထိုင်းစစ်သားများသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတားအောက်တွင် နေရာယူထားကြကြောင်းလည်း သိရသည်။ ထို့ပြင် ရာနှင့်ချီသောလူများသည် အဆိုပါချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံတွင်းသို့ သွားနေကြကြောင်းလည်းသိရသည်။ အသက်(၄၉)နှစ်အရွယ် Khu က 'ကျွန်မ အရမ်းကြောက်လာလို့ ထိုင်းဘက်ခြမ်းကိုသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ထိုင်းနိုင်ငံမှာ (၇)ရက်နေထိုင်ခွင့် ဗီဇာရရှိထားပေမယ့်လည်း တိုက်ပွဲတွေ မရပ်တန့်မချင်း မြန်မာဘက်ခြမ်းကို မပြန်ချင်ပါဘူး။”ဟု ပြောဆိုခဲ့သည်။

မြဝတီမြို့တွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့ကြားဖြစ်ပွားနေသော တိုက်ပွဲသံများ သည် ပြီးခဲ့သည့်(၁၅)နှစ်အတွင်း ကြားခဲ့ဖူးသမျှထဲတွင် အပြင်းထန်ဆုံးဖြစ်ကြောင်း အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိသည့် ထိုင်းစစ်သားတစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်များအတွင်း မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဂိတ်သို့ ဖြတ်သန်းသွားလာသူဦးရေသည် တစ်ရက်လျှင် (၄)ထောင်ဝန်းကျင်အထိ တိုးလာကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကပြောကြားခဲ့သည်။ လာမည့်ရက်ပိုင်းအတွင်း ထိုင်းဘက်ခြမ်းသို့ကူးပြောင်းလာမည့် လူအရေအတွက် မြင့်တက်လာနိုင်ခြေနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုများလုပ်ဆောင်ရန်အတွက် ထိုင်းအာဏာပိုင်များသည် လူဝင်မှုကြီးကြပ်ရေးအရာရှိအရေအတွက်ကို ထပ်မံဖြည့်တင်းပေးထားကြောင်း ၎င်းကပြောကြားခဲ့သည်။

zawgyi version
ျမဝတီၿမိဳ႕တြင္ တိုက္ပြဲျဖစ္ပြားမႈျပင္းထန္လာမႈႏွင့္အတူ မဲေဆာက္ၿမိဳ႕တြင္ ထိုင္းစစ္သားမ်ားကင္းလွည့္မႈလုပ္ေဆာင္ေန
Pika (NP News) - ဧၿပီ ၁၁

ထိုင္း-ျမန္မာနယ္စပ္ရွိ ျမဝတီၿမိဳ႕တြင္ ျမန္မာစစ္တပ္ႏွင့္လက္နက္ကိုင္တပ္ဖြဲ႕ၾကား တိုက္ပြဲျဖစ္ပြားမႈမ်ား ျပင္းထန္လာမႈႏွင့္အတူ ဧၿပီလ(၁၀)ရက္ေန႔တြင္ ထိုင္းသံခ်ပ္ကာယာဥ္မ်ားသည္ မဲေဆာက္ၿမိဳ႕တြင္ ကင္းလွည့္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူ လူရာခ်ီသည္ မဲေဆာက္ၿမိဳ႕ရွိ လူဝင္မႈႀကီး ၾကပ္ေရးဂိတ္တြင္ ထိုင္းႏိုင္ငံသို႔ဝင္ေရာက္ရန္ တန္းစီကာ ေစာင့္ဆိုင္းေနေၾကာင္းလည္းသိရသည္။ ထိုင္းစစ္သားမ်ားသည္ ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕ႏွင့္ ဆက္သြယ္ထားသည့္ ခ်စ္ၾကည္ေရးတံတားေအာက္တြင္ ေနရာယူထားၾကေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ရာႏွင့္ခ်ီေသာလူမ်ားသည္ အဆိုပါခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ထိုင္းႏိုင္ငံတြင္းသို႔ သြားေနၾကေၾကာင္းလည္းသိရသည္။ အသက္(၄၉)ႏွစ္အ႐ြယ္ Khu က 'ကြၽန္မ အရမ္းေၾကာက္လာလို႔ ထိုင္းဘက္ျခမ္းကိုသြားဖို႔ ဆုံးျဖတ္လိုက္တာပါ။ ထိုင္းႏိုင္ငံမွာ (၇)ရက္ေနထိုင္ခြင့္ ဗီဇာရရွိထားေပမယ့္လည္း တိုက္ပြဲေတြ မရပ္တန႔္မခ်င္း ျမန္မာဘက္ျခမ္းကို မျပန္ခ်င္ပါဘူး။”ဟု ေျပာဆိုခဲ့သည္။

ျမဝတီၿမိဳ႕တြင္ ျမန္မာစစ္တပ္ႏွင့္ လက္နက္ကိုင္တပ္ဖြဲ႕ၾကားျဖစ္ပြားေနေသာ တိုက္ပြဲသံမ်ား သည္ ၿပီးခဲ့သည့္(၁၅)ႏွစ္အတြင္း ၾကားခဲ့ဖူးသမွ်ထဲတြင္ အျပင္းထန္ဆုံးျဖစ္ေၾကာင္း အမည္ထုတ္ေဖာ္ေျပာဆိုျခင္းမရွိသည့္ ထိုင္းစစ္သားတစ္ဦးက ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ရက္မ်ားအတြင္း ျမန္မာႏိုင္ငံမွတစ္ဆင့္ ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဂိတ္သို႔ ျဖတ္သန္းသြားလာသူဦးေရသည္ တစ္ရက္လွ်င္ (၄)ေထာင္ဝန္းက်င္အထိ တိုးလာေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးအရာရွိတစ္ဦးကေျပာၾကားခဲ့သည္။ လာမည့္ရက္ပိုင္းအတြင္း ထိုင္းဘက္ျခမ္းသို႔ကူးေျပာင္းလာမည့္ လူအေရအတြက္ ျမင့္တက္လာႏိုင္ေျခႏွင့္ပတ္သက္ၿပီး ကိုင္တြယ္ေျဖရွင္းမႈမ်ားလုပ္ေဆာင္ရန္အတြက္ ထိုင္းအာဏာပိုင္မ်ားသည္ လူဝင္မႈႀကီးၾကပ္ေရးအရာရွိအေရအတြက္ကို ထပ္မံျဖည့္တင္းေပးထားေၾကာင္း ၎ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.