နိုင်ငံရေးပါတီများအစုအဖွဲ့ကို ရှေ့လအတွင်း ဖွဲ့စည်း၍ခြေဥပြင်ဆင်ရေး ဆွေးနွေးမှုများကို ပြန်လည် စတင်မည်

 838

မြူနစ် (NP News) - ဧပြီ ၁၃

နိုင်ငံရေးပါတီများအစုအဖွဲ့ကို လာမည့် မေလ အတွင်း ဖွဲ့စည်း၍ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုများကို ပြန်လည်စတင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် နစက၏ NSPNC က မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သော ပါတီ(၄၅)ခုထံမှ သဘောထားအကြံပြုချက်များကို တောင်းခံ ထားကြောင်း သိရသည်။

“နိုင်ငံရေပါတီအစုအဖွဲ့ကို ရန်ကုန်မှာ မေလထဲ မှာတွေ့ပြီးတော့ ဖွဲ့ဖို့ရှိတယ်။ အခု ဧပြီ ၇ ရက်နေ့ နောက်ဆုံးထားပြီးတော့ NSPNC ကို ပါတီတွေက သဘောထားပေးရမယ်။ တချို့ပါတီတွေက အုပ်စုဖွဲ့ ပြီးတော့ နိုင်ငံရေးပါတီအစုအဖွဲ့မှာ ပါနိုင်အောင် လုပ်နေတာရှိတယ်” ဟု မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သော နိုင်ငံရေးပါတီတစ်ခု၏ အကြီးအကဲတစ်ဦး က NP News ကို ပြောသည်။

မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော နိုင်ငံရေး ပါတီများအနေဖြင့် သဘောထားအကြံပြုချက်များကို ဧပြီ ၇ ရက်နေ့ နောက်ဆုံး ထားကာ NSPNC ထံသို့ ပေးပို့ရခြင်းဖြစ်ပြီး လာမည့်မေလအတွင်း၌ နိုင်ငံရေး ပါတီများအစုအဖွဲ့ကို ရန်ကုန်မြို့တွင် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အဓိကလုပ်ငန်းစဉ်ကတော့ နိုင်ငံရေးပါတီအစု အဖွဲ့ကနေ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တော့ အကြံပြုဖို့ပေါ့။ ပါတီတွေဘက်ကနေပေါ့။ အဲဒီအစုအဖွဲ့နဲ့NSPNC ပုံမှန်တွေ့ပြီးတော့ ဆွေးနွေးကြဖို့ပေါ့။ အဲဒီအစုအဖွဲ့က နောက်ကျရင်NSPNC နဲ့လည်း ဆွေးနွေးမယ်။ EAO တွေနဲ့ ဆွေးနွေးတဲ့အခါကျရင်လည်း အဲဒီအစုအဖွဲ့က ပါတီတွေကို ကိုယ်စားပြုတဲ့ ပုံစံမျိုး ဖြစ်သွားမှာပေါ့” ဟု နိုင်ငံရေးပါတီတစ်ခုမှ အကြီးအကဲတစ်ဦးက ဆက်လက်ပြောသည်။

ထိုသို့ နိုင်ငံရေးပါတီများအစုအဖွဲ့များကို ဖွဲ့စည်းပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပွဲများကို တစ်လ၊ တစ်ကြိမ်ခန့် ပြုလုပ်သွား ဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ NSPNC, EAO အဖွဲ့များနှင့် နိုင်ငံရေးပါတီအစု အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးပွဲများသည်လည်း ထပ်မံဖြစ်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။

လက်ရှိနစကအစိုးရလက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်ပြဋ္ဌာန်း ခဲ့ပြီး ၎င်းဥပဒေအရ ပါတီပေါင်း (၇၀)နီးပါး မှတ်ပုံတင်လျှောက်ထားခဲ့ရာ (၄၅)ပါတီကျော်သည် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သည်။

zawgyi version
ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ကို ေရွ႕လအတြင္း ဖြဲ႕စည္း၍ေျခဥျပင္ဆင္ေရး ေဆြးေႏြးမႈမ်ားကို
ျပန္လည္ စတင္မည္
ျမဴနစ္ (NP News) - ဧၿပီ ၁၃

ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ကို လာမည့္ ေမလ အတြင္း ဖြဲ႕စည္း၍ အေျခခံဥပေဒျပင္ဆင္ေရး ေဆြးေႏြးမႈမ်ားကို ျပန္လည္စတင္သြားမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။
လက္ရွိတြင္ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ကို ျပန္လည္ဖြဲ႕စည္းႏိုင္ေရးအတြက္ နစက၏ NSPNC က မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးျဖစ္ေသာ ပါတီ(၄၅)ခုထံမွ သေဘာထားအႀကံျပဳခ်က္မ်ားကို ေတာင္းခံ ထားေၾကာင္း သိရသည္။
“ႏိုင္ငံေရပါတီအစုအဖြဲ႕ကို ရန္ကုန္မွာ ေမလထဲ မွာေတြ႕ၿပီးေတာ့ ဖြဲ႕ဖို႔ရွိတယ္။ အခု ဧၿပီ ၇ ရက္ေန႔ ေနာက္ဆုံးထားၿပီးေတာ့ NSPNC ကို ပါတီေတြက သေဘာထားေပးရမယ္။ တခ်ိဳ႕ပါတီေတြက အုပ္စုဖြဲ႕ ၿပီးေတာ့ ႏိုင္ငံေရးပါတီအစုအဖြဲ႕မွာ ပါႏိုင္ေအာင္ လုပ္ေနတာရွိတယ္” ဟု မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးျဖစ္ေသာ ႏိုင္ငံေရးပါတီတစ္ခု၏ အႀကီးအကဲတစ္ဦး က NP News ဂ်ာနယ္ကို ေျပာသည္။
မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးေသာ ႏိုင္ငံေရး ပါတီမ်ားအေနျဖင့္ သေဘာထားအႀကံျပဳခ်က္မ်ားကို ဧၿပီ ၇ ရက္ေန႔ ေနာက္ဆုံး ထားကာ NSPNC ထံသို႔ ေပးပို႔ရျခင္းျဖစ္ၿပီး လာမည့္ေမလအတြင္း၌ ႏိုင္ငံေရး ပါတီမ်ားအစုအဖြဲ႕ကို ရန္ကုန္ၿမိဳ႕တြင္ ဖြဲ႕စည္း သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
“အဓိကလုပ္ငန္းစဥ္ကေတာ့ ႏိုင္ငံေရးပါတီအစု အဖြဲ႕ကေန အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ေတာ့ အႀကံျပဳဖို႔ေပါ့။ ပါတီေတြဘက္ကေနေပါ့။ အဲဒီအစုအဖြဲ႕နဲ႔NSPNC ပုံမွန္ေတြ႕ၿပီးေတာ့ ေဆြးေႏြးၾကဖို႔ေပါ့။ အဲဒီအစုအဖြဲ႕က ေနာက္က်ရင္NSPNC နဲ႔လည္း ေဆြးေႏြးမယ္။ EAO ေတြနဲ႔ ေဆြးေႏြးတဲ့အခါက်ရင္လည္း အဲဒီအစုအဖြဲ႕က ပါတီေတြကို ကိုယ္စားျပဳတဲ့ ပုံစံမ်ိဳး ျဖစ္သြားမွာေပါ့” ဟု ႏိုင္ငံေရးပါတီတစ္ခုမွ အႀကီးအကဲတစ္ဦးက ဆက္လက္ေျပာသည္။
ထိုသို႔ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕မ်ားကို ဖြဲ႕စည္းၿပီးပါက ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀ဝ၈ ခုႏွစ္) ျပင္ဆင္ႏိုင္ေရးကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးပြဲမ်ားကို တစ္လ၊ တစ္ႀကိမ္ခန႔္ ျပဳလုပ္သြား ဖြယ္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ အေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္ ၍ NSPNC, EAO အဖြဲ႕မ်ားႏွင့္ ႏိုင္ငံေရးပါတီအစု အဖြဲ႕မ်ားအၾကား ေတြ႕ဆုံေဆြးေႏြးပြဲမ်ားသည္လည္း ထပ္မံျဖစ္ေပၚလာဖြယ္ရွိေၾကာင္း သိရသည္။
လက္ရွိနစကအစိုးရလက္ထက္တြင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒကို ျပန္လည္ျပ႒ာန္း ခဲ့ၿပီး ၎ဥပေဒအရ ပါတီေပါင္း (၇၀)နီးပါး မွတ္ပုံတင္ေလွ်ာက္ထားခဲ့ရာ (၄၅)ပါတီေက်ာ္သည္ မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.