အထူးကုန်စည်ဖြစ်သော စီးကရက်အပေါ် အခွန်နှုန်း တိုးမြှင့်ကောက်ခံမည်ယခုနှစ်အတွင်း ပြည်ထောင်စု၏ အခွန်ငွေ ကျပ်ဘီလျံ (၉၀ဝဝ)ကျော်ရရန် လျာထား

 355

မြူနစ် (NP News) - ဧပြီ ၁၃

အထူးကုန်စည်ဖြစ်သော စီးကရက်အပေါ် အခွန်နှုန်းတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရသိရသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေတွင် အလိပ် (၂၀)အထိပါ စီးက ရက်တစ်ဘူးကို ရောင်းဈေး (၇၀ဝ)ကျပ်အထိ အဆင့်ဖြစ်လျှင် တစ်လိပ်လျှင် (၁၀)ကျပ်နှုန်း ကောက်ခံ မည်ဟု ပြဋ္ဌာန်းခဲ့သည်။ ယခု ၂၀၂၄ ခုနှစ် အခွန်အကောက် ဥပဒေတွင် အလိပ် (၂၀)အထိပါ စီးကရက် တစ်ဘူးကို ရောင်းဈေး (၈၀ဝ)ကျပ်အထိ အဆင့်ဖြစ်လျှင် တစ်လိပ်လျှင် (၁၃)ကျပ်နှုန်း အခွန်ကောက်ခံ မည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် အလိပ် (၂၀)အထိပါ စီးကရက်တစ်ဘူးလျှင် ရောင်းဈေး (၁၁၀၁)ကျပ်နှင့်အထက် အဆင့်ဖြစ်ပါက တစ်လိပ်လျှင် (၂၉)ကျပ်နှုန်း အခွန်ကောက်ခံရမည်ဟု လက်ရှိအခွန်အကောက် ဥပဒေ တွင် ထည့်သွင်းပြဋ္ဌာန်းထားပြီး ပြီးခဲ့သော အခွန်အကောက်ဥပဒေတွင် တစ်လိပ်လျှင် (၂၇) ကျပ်နှုန်း ကောက်ခံရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

အလားတူ အထူးကုန်စည်တစ်ရပ်ဖြစ်သော အရက်နှင့်ပတ်သက်၍လည်း ယခုနှစ်အခွန် အကောက်ဥပဒေ၌ တန်းဖိုးအဆင့် သတ်မှတ်ချက်များ ကို ပြင်ဆင်ထားပြီး အခွန်နှုန်းထားများကိုလည်း တိုးမြှင့်သတ်မှတ်ထားကြောင်း တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် အရက်တစ်လီတာတန်ဖိုး (၂၀ဝ)ကျပ်မှ ကျပ် (၁၄၀ဝ) အထိ အဆင့်ဖြစ်လျှင် တစ်လီတာပေါ်တွင် (၂၀၉) ကျပ်နှုန်း ကောက်ခံရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

ယခုလက်ရှိ ၂၀၂၄ ခုနှစ်အခွန်အကောက် ဥပဒေတွင် အရက်တစ်လီတာတန်ဖိုး (၄၀ဝ)ကျပ်မှ ကျပ် (၂၀ဝဝ)အထိ အဆင့်ဖြစ်လျှင် တစ်လီတာပေါ်တွင် (၂၃၇) ကျပ်နှုန်း ကောက်ခံရမည်ဟု ပြဋ္ဌာန်းထား သည်။ ၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေတွင် အထူးကုန်စည်များဖြစ်သော စီးကရက် အမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဝိုင်အမျိုးမျိုးနှင့်ပတ်သက်၍ တန်ဖိုးအဆင့်ဆင့်အလိုက် သတ်မှတ်ကာ အခွန်နှုန်းထားများကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားသည်။

“တိုင်းပြည်ရဲ့အခွန်ဆိုတာကတော့ တိုင်းပြည် မှာသုံးဖို့ ကောက်ခံရစမြဲပေါ့။ သူ့ရဲ့အမျိုးအစား အလိုက်အခွန်နှုန်းထားတွေတော့ ရှိတာပေါ့။ အခုဟာက အထူးကုန်စည်ခွန်ဆိုတာကတော့ တကယ်တမ်း ပြောရရင် အများပြည်သူတွေ သိပ်မသုံးစွဲတဲ့ ကုန်စည်တွေပေါ့။ လူတိုင်းအတွက် အကျုံးဝင်တဲ့အခွန် တွေ မဟုတ်ဘူးပေါ့။ အဲဒါတွေက အများပြည်သူ သိပ်ပြီး မသုံးတဲ့ ပစ္စည်းတွေပေါ့။ အခြေခံစားကုန်တွေ ကတော့ အဲဒီလောက်မများဘူး အများပြည်သူသုံးစွဲတာဆိုတော့။ နောက်တစ်ချက်ကတော့ ပြောရရင် လူတွေကို နည်းနည်းအန္တရာယ်ပြုနိုင်တဲ့၊ ဖြစ်နိုင်တဲ့ ကုန်စည်တွေပေါ့။ အဲဒါကြောင့် ပိုပြီးတော့ ကောက်ခံ တဲ့ သဘောရှိတာပေါ့။ အခွန်က နည်းနည်းလေး ပိုသွား တဲ့သဘောပါပဲ။ နှစ်ဆ၊ သုံးဆမြင့်တာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်ကတော့ မျှတတယ်လို့ ထင်ပါတယ်”ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ယာယီ ဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက NP News ကို သုံးသပ်ပြောကြားသည်။

ပြည်ထောင်စု၏အခွန်အကောက်များ ကောက်ခံရရှိမှုနှင့်ပတ်သက်၍ ယခု ၂၀၂၄ ခုနှစ်တွင် တစ်နိုင် ငံလုံးအတိုင်းအတာအနေဖြင့် ငွေကျပ် (၉၃၇၈)ဘီ လျံကျော် ကောက်ခံရရှိရန် နစကအစိုးရက လျာ ထားသည်။ ပြီးခဲ့သော ၂၀၂၃ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ငွေကျပ် (၈၀၅၂)ဘီလျံကျော်အခွန် ကောက်ခံရရှိရန် လျာထားခဲ့ကြောင်း တွေ့ရှိရသည်။

zawgyi version
အထူးကုန္စည္ျဖစ္ေသာ စီးကရက္အေပၚ အခြန္ႏႈန္း တိုးျမႇင့္ေကာက္ခံမည္ယခုႏွစ္အတြင္း ျပည္ေထာင္စု၏ အခြန္ေငြ က်ပ္ဘီလ်ံ (၉၀ဝဝ)ေက်ာ္ရရန္ လ်ာထား
ျမဴနစ္ (NP News) - ဧၿပီ ၁၃

အထူးကုန္စည္ျဖစ္ေသာ စီးကရက္အေပၚ အခြန္ႏႈန္းတိုးျမႇင့္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ၂၀၂၄ ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒအရသိရသည္။

ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ျပည္ေထာင္စု၏အခြန္ အေကာက္ဥပေဒတြင္ အလိပ္ (၂၀)အထိပါ စီးက ရက္တစ္ဘူးကို ေရာင္းေဈး (၇၀ဝ)က်ပ္အထိ အဆင့္ျဖစ္လွ်င္ တစ္လိပ္လွ်င္ (၁၀)က်ပ္ႏႈန္း ေကာက္ခံ မည္ဟု ျပ႒ာန္းခဲ့သည္။ ယခု ၂၀၂၄ ခုႏွစ္ အခြန္အေကာက္ ဥပေဒတြင္ အလိပ္ (၂၀)အထိပါ စီးကရက္ တစ္ဘူးကို ေရာင္းေဈး (၈၀ဝ)က်ပ္အထိ အဆင့္ျဖစ္လွ်င္ တစ္လိပ္လွ်င္ (၁၃)က်ပ္ႏႈန္း အခြန္ေကာက္ခံ မည္ျဖစ္ေၾကာင္း ျပ႒ာန္းထားသည္။

ထို႔ျပင္ အလိပ္ (၂၀)အထိပါ စီးကရက္တစ္ဘူးလွ်င္ ေရာင္းေဈး (၁၁၀၁)က်ပ္ႏွင့္အထက္ အဆင့္ျဖစ္ပါက တစ္လိပ္လွ်င္ (၂၉)က်ပ္ႏႈန္း အခြန္ေကာက္ခံရမည္ဟု လက္ရွိအခြန္အေကာက္ ဥပေဒ တြင္ ထည့္သြင္းျပ႒ာန္းထားၿပီး ၿပီးခဲ့ေသာ အခြန္အေကာက္ဥပေဒတြင္ တစ္လိပ္လွ်င္ (၂၇) က်ပ္ႏႈန္း ေကာက္ခံရမည္ဟု ျပ႒ာန္းခဲ့သည္။

အလားတူ အထူးကုန္စည္တစ္ရပ္ျဖစ္ေသာ အရက္ႏွင့္ပတ္သက္၍လည္း ယခုႏွစ္အခြန္ အေကာက္ဥပေဒ၌ တန္းဖိုးအဆင့္ သတ္မွတ္ခ်က္မ်ား ကို ျပင္ဆင္ထားၿပီး အခြန္ႏႈန္းထားမ်ားကိုလည္း တိုးျမႇင့္သတ္မွတ္ထားေၾကာင္း ေတြ႕ရွိရသည္။ ၂၀၂၃ ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒတြင္ အရက္တစ္လီတာတန္ဖိုး (၂၀ဝ)က်ပ္မွ က်ပ္ (၁၄၀ဝ) အထိ အဆင့္ျဖစ္လွ်င္ တစ္လီတာေပၚတြင္ (၂၀၉) က်ပ္ႏႈန္း ေကာက္ခံရမည္ဟု ျပ႒ာန္းခဲ့သည္။

ယခုလက္ရွိ ၂၀၂၄ ခုႏွစ္အခြန္အေကာက္ ဥပေဒတြင္ အရက္တစ္လီတာတန္ဖိုး (၄၀ဝ)က်ပ္မွ က်ပ္ (၂၀ဝဝ)အထိ အဆင့္ျဖစ္လွ်င္ တစ္လီတာေပၚတြင္ (၂၃၇) က်ပ္ႏႈန္း ေကာက္ခံရမည္ဟု ျပ႒ာန္းထား သည္။ ၂၀၂၄ ခုႏွစ္ ျပည္ေထာင္စုအခြန္အေကာက္ ဥပေဒတြင္ အထူးကုန္စည္မ်ားျဖစ္ေသာ စီးကရက္ အမ်ိဳးမ်ိဳး၊ အရက္အမ်ိဳးမ်ိဳး၊ ဝိုင္အမ်ိဳးမ်ိဳးႏွင့္ပတ္သက္၍ တန္ဖိုးအဆင့္ဆင့္အလိုက္ သတ္မွတ္ကာ အခြန္ႏႈန္းထားမ်ားကိုလည္း သတ္မွတ္ျပ႒ာန္းထားသည္။

“တိုင္းျပည္ရဲ႕အခြန္ဆိုတာကေတာ့ တိုင္းျပည္ မွာသုံးဖို႔ ေကာက္ခံရစၿမဲေပါ့။ သူ႔ရဲ႕အမ်ိဳးအစား အလိုက္အခြန္ႏႈန္းထားေတြေတာ့ ရွိတာေပါ့။ အခုဟာက အထူးကုန္စည္ခြန္ဆိုတာကေတာ့ တကယ္တမ္း ေျပာရရင္ အမ်ားျပည္သူေတြ သိပ္မသုံးစြဲတဲ့ ကုန္စည္ေတြေပါ့။ လူတိုင္းအတြက္ အက်ဳံးဝင္တဲ့အခြန္ ေတြ မဟုတ္ဘူးေပါ့။ အဲဒါေတြက အမ်ားျပည္သူ သိပ္ၿပီး မသုံးတဲ့ ပစၥည္းေတြေပါ့။ အေျခခံစားကုန္ေတြ ကေတာ့ အဲဒီေလာက္မမ်ားဘူး အမ်ားျပည္သူသုံးစြဲတာဆိုေတာ့။ ေနာက္တစ္ခ်က္ကေတာ့ ေျပာရရင္ လူေတြကို နည္းနည္းအႏၲရာယ္ျပဳႏိုင္တဲ့၊ ျဖစ္ႏိုင္တဲ့ ကုန္စည္ေတြေပါ့။ အဲဒါေၾကာင့္ ပိုၿပီးေတာ့ ေကာက္ခံ တဲ့ သေဘာရွိတာေပါ့။ အခြန္က နည္းနည္းေလး ပိုသြား တဲ့သေဘာပါပဲ။ ႏွစ္ဆ၊ သုံးဆျမင့္တာမ်ိဳးေတာ့ မဟုတ္ဘူး။ ကြၽန္ေတာ့္အျမင္ကေတာ့ မွ်တတယ္လို႔ ထင္ပါတယ္”ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီ ယာယီ ဥကၠ႒ ဦးျမင့္ေမာင္ထြန္းက NP News ကို သုံးသပ္ေျပာၾကားသည္။

ျပည္ေထာင္စု၏အခြန္အေကာက္မ်ား ေကာက္ခံရရွိမႈႏွင့္ပတ္သက္၍ ယခု ၂၀၂၄ ခုႏွစ္တြင္ တစ္ႏိုင္ ငံလုံးအတိုင္းအတာအေနျဖင့္ ေငြက်ပ္ (၉၃၇၈)ဘီ လ်ံေက်ာ္ ေကာက္ခံရရွိရန္ နစကအစိုးရက လ်ာ ထားသည္။ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ျပည္ေထာင္စု အခြန္အေကာက္ဥပေဒတြင္ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနျဖင့္ ေငြက်ပ္ (၈၀၅၂)ဘီလ်ံေက်ာ္အခြန္ ေကာက္ခံရရွိရန္ လ်ာထားခဲ့ေၾကာင္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.