တောင်ကိုရီးယားမှာ စတိုးဆိုင်အမျိုးသမီးဝန်ထမ်းတစ်ဦးကို ဆံပင်တိုတဲ့အကြောင်းပြချက်နဲ့ ရိုက်နှက်စော်ကားတဲ့ အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

 953

ရောင်နီ (NP News) - ဧပြီ ၁၂

တောင်ကိုရီးယားစတိုးဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးဝန်ထမ်းတစ်ဦးကို ဆံပင်တိုလို့ဆိုတဲ့ အကြောင်းအရင်း နဲ့ ရိုက်နှက်စော်ကားခဲ့တဲ့အမျိုးသား ဧပြီလ ၉ ရက်က ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပါတယ်။

အသက် ၂ဝ နှစ်အရွယ် တရားခံအမျိုးသားဟာ အဆိုပါဆံပင်အတိုနဲ့ အမျိုးသမီးဝန်ထမ်းကို အမျိုးသမီးဝါဒကိုင်ဆွဲ ထားတဲ့ မိန်းကလေးလို့ဆိုကာ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရိုက်နှက်နေမှုကိုရပ်တန့်ဖို့ ကြိုးပမ်းခဲ့တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးနဲ့ အခြားအမျိုးသားတစ်ဦးလည်း တိုက်ခိုက်ရန်လုပ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ဂျင်ဂျူ မြို့၊ ဟာဒဲဒေါင်ရှိ ကုန်စုံစတိုးဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။ တရားခံရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် အမျိုးသမီးဟာ အကြားအာရုံချို့ယွင်းမှု အပါအဝင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာကြောင့် အလုပ်မှ နုတ်ထွက်ခဲ့ရပါတယ်။

ဒီအတွက် တရားခံအမျိုးသားဟာ ကုန်စုံဆိုင် ပိုင်ရှင်ကို ဝမ် ၂.၅ သန်း (S$ 2,500) လျော်ကြေးငွေ ဝမ် ၁ဝ သန်းနဲ့ ပြင်းထန်ဒဏ်ရာတွေအတွက် ဝမ် ၁၀ သန်း ပေးဆောင်ဖို့ တရားရုံးက အမိန့်ထုတ်ခဲ့ပါတယ်။ အမျိုးသမီးကို ကိုယ်ထိ လက်ရောက် ပြစ်မှုကျူးလွန်ခြင်းအတွက်တော့ Forensic Psychiatry Institute ရဲ့စစ်ဆေးချက်အရ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသူဖြစ်တာကြောင့် ထောင်ဒဏ် ၅ နှစ်မှ လျှော့ပေါ့ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားမွာ စတိုးဆိုင္အမ်ိဳးသမီးဝန္ထမ္းတစ္ဦးကို ဆံပင္တိုတဲ့အေၾကာင္းျပခ်က္နဲ႔ ႐ိုက္ႏွက္ေစာ္ကားတဲ့ အမ်ိဳးသား ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဧၿပီ ၁၂

ေတာင္ကိုရီးယားစတိုးဆိုင္တစ္ခုမွာ အလုပ္လုပ္ေနတဲ့အမ်ိဳးသမီးဝန္ထမ္းတစ္ဦးကို ဆံပင္တိုလို႔ဆိုတဲ့ အေၾကာင္းအရင္း နဲ႔ ႐ိုက္ႏွက္ေစာ္ကားခဲ့တဲ့အမ်ိဳးသား ဧၿပီလ ၉ ရက္က ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခံရပါတယ္။

အသက္ ၂ဝ ႏွစ္အ႐ြယ္ တရားခံအမ်ိဳးသားဟာ အဆိုပါဆံပင္အတိုနဲ႔ အမ်ိဳးသမီးဝန္ထမ္းကို အမ်ိဳးသမီးဝါဒကိုင္ဆြဲ ထားတဲ့ မိန္းကေလးလို႔ဆိုကာ ႐ိုက္ႏွက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ ႐ိုက္ႏွက္ေနမႈကိုရပ္တန႔္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီးနဲ႔ အျခားအမ်ိဳးသားတစ္ဦးလည္း တိုက္ခိုက္ရန္လုပ္ျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

ဒီျဖစ္ရပ္ဟာ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလက ဂ်င္ဂ်ဴ ၿမိဳ႕၊ ဟာဒဲေဒါင္ရွိ ကုန္စုံစတိုးဆိုင္မွာ ျဖစ္ပြားခဲ့တာပါ။ တရားခံရဲ႕ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈေၾကာင့္ အမ်ိဳးသမီးဟာ အၾကားအာ႐ုံခ်ိဳ႕ယြင္းမႈ အပါအဝင္ ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ဒဏ္ရာေၾကာင့္ အလုပ္မွ ႏုတ္ထြက္ခဲ့ရပါတယ္။

ဒီအတြက္ တရားခံအမ်ိဳးသားဟာ ကုန္စုံဆိုင္ ပိုင္ရွင္ကို ဝမ္ ၂.၅ သန္း (S$ 2,500) ေလ်ာ္ေၾကးေငြ ဝမ္ ၁ဝ သန္းနဲ႔ ျပင္းထန္ဒဏ္ရာေတြအတြက္ ဝမ္ ၁၀ သန္း ေပးေဆာင္ဖို႔ တရား႐ုံးက အမိန္႔ထုတ္ခဲ့ပါတယ္။ အမ်ိဳးသမီးကို ကိုယ္ထိ လက္ေရာက္ ျပစ္မႈက်ဴးလြန္ျခင္းအတြက္ေတာ့ Forensic Psychiatry Institute ရဲ႕စစ္ေဆးခ်က္အရ စိတ္ပိုင္းဆိုင္ရာျပႆနာရွိေနသူျဖစ္တာေၾကာင့္ ေထာင္ဒဏ္ ၅ ႏွစ္မွ ေလွ်ာ့ေပါ့ကာ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခဲ့ တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.