အီတလီဘုရားကျောင်းမှာ သရဲရှာဖွေတဲ့ Tik Tok စတန့်လုပ်ခဲ့သူ ပြင်သစ်အမျိုးသမီး သေဆုံး

 2064

ရောင်နီ (NP News) - ဧပြီ ၁၂

အီတလီနိုင်ငံမြောက်ပိုင်း အာအိုစတာ တောင်ကြားရှိ စွန့်ပစ်ထားတဲ့ ဘုရားကျောင်းတစ်ခုမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ(ဧပြီ ၇ ရက်) က သရဲရှာဖွေတဲ့ Tik Tok စတန့်လုပ်ခဲ့သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ သူမ ဘုရားကျောင်းကို မထွက်ခွာခင် သူမရဲ့အစီအစဉ်တွေကို မိသားစုဝင်တွေအားလုံးကို ပြောပြခဲ့တယ်လို့ လာဆာလဲမြို့က ရဲပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ သေဆုံးသူအမျိုးသမီးဟာ TikTok စတန့်တစ်ခုကို လုပ်ဆောင်ဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး သူမ သေဆုံးမှုဟာ ပြင်သစ်မှာ ရေပန်းစားနေတဲ့ သရဲအမဲလိုက်ခြင်းတွေနဲ့ ဆက်နွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဘုရားကျောင်းအတွင်း ပျောက်ဆုံးနေသူ အခြားလူ ၂ ဦးလည်း ရှိတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ စခန်းချဓားနဲ့ ထိုးခံရပြီး သွေးထွက်လွန် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ပမာဏ စစ်ဆေးတွေ့ရှိ ပေမယ့် ဆေးစစ်ချက်မှာတော့ ဓားဒဏ်ရာအပြင် လည်ပင်းမှာ သေနတ်နှစ်ချက်၊ ဝမ်းဗိုက်မှာ တစ်ချက် ပစ်ခတ်ခံရ တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သူမရဲ့အလောင်းအနီးမှာ ပန်းရောင် မာရှမေလို အထုပ်တစ်ထုပ်တွေ့ရပြီး အဝါနုရောင် ဘောင်းဘီရှည်နဲ့ အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ သူမရဲ့အလောင်းကိုတွေ့ရချိန်မှာ အခြားစာရွက်စာတမ်းနဲ့ ဆဲလ်ဖုန်းကို မတွေ့ခဲ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ဒီအမှုကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Zawgyi Version;
အီတလီဘုရားေက်ာင္းမွာ သရဲရွာေဖြတဲ့ Tik Tok စတန္႔လုပ္ခဲ့သူ ျပင္သစ္အမ်ိဳးသမီး ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၁၂

အီတလီႏိုင္ငံေျမာက္ပိုင္း အာအိုစတာ ေတာင္ၾကားရွိ စြန႔္ပစ္ထားတဲ့ ဘုရားေက်ာင္းတစ္ခုမွာ ၿပီးခဲ့တဲ့ တနဂၤေႏြ(ဧၿပီ ၇ ရက္) က သရဲရွာေဖြတဲ့ Tik Tok စတန္႔လုပ္ခဲ့သူ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါအမ်ိဳးသမီးဟာ သူမ ဘုရားေက်ာင္းကို မထြက္ခြာခင္ သူမရဲ႕အစီအစဥ္ေတြကို မိသားစုဝင္ေတြအားလုံးကို ေျပာျပခဲ့တယ္လို႔ လာဆာလဲၿမိဳ႕က ရဲေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ေသဆုံးသူအမ်ိဳးသမီးဟာ TikTok စတန႔္တစ္ခုကို လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းေနျခင္းျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ယုံၾကည္ထားၿပီး သူမ ေသဆုံးမႈဟာ ျပင္သစ္မွာ ေရပန္းစားေနတဲ့ သရဲအမဲလိုက္ျခင္းေတြနဲ႔ ဆက္ႏြယ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဘုရားေက်ာင္းအတြင္း ေပ်ာက္ဆုံးေနသူ အျခားလူ ၂ ဦးလည္း ရွိတယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။ ေသဆုံးသူ အမ်ိဳးသမီးဟာ စခန္းခ်ဓားနဲ႔ ထိုးခံရၿပီး ေသြးထြက္လြန္ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ ပမာဏ စစ္ေဆးေတြ႕ရွိ ေပမယ့္ ေဆးစစ္ခ်က္မွာေတာ့ ဓားဒဏ္ရာအျပင္ လည္ပင္းမွာ ေသနတ္ႏွစ္ခ်က္၊ ဝမ္းဗိုက္မွာ တစ္ခ်က္ ပစ္ခတ္ခံရ တယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

သူမရဲ႕အေလာင္းအနီးမွာ ပန္းေရာင္ မာရွေမလို အထုပ္တစ္ထုပ္ေတြ႕ရၿပီး အဝါႏုေရာင္ ေဘာင္းဘီရွည္နဲ႔ အနက္ေရာင္အက်ႌကို ဝတ္ဆင္ထားတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။ သူမရဲ႕အေလာင္းကိုေတြ႕ရခ်ိန္မွာ အျခားစာ႐ြက္စာတမ္းနဲ႔ ဆဲလ္ဖုန္းကို မေတြ႕ခဲ့ရဘူးလို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

ဒီအမႈကို ရဲတပ္ဖြဲ႕က ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.