TNLA/PDF ပူးပေါင်းအဖွဲ့၏ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုကြောင့် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာ ၁၁ ဦးခန့်နှင့် သံဃာတော်နှစ်ပါး ပျံလွန်တော်မူ

 3228

NP News - ဧပြီ ၁၅

ပြင်ဦးလွင်မြို့တွင် ဧပြီလ ၁၄ ရက်(မဟာသင်္ကြန်အကျနေ့) ည ၇ နာရီဝန်းကျင်အချိန်ခန့်က TNLA/PDF ပူးပေါင်းအဖွဲ့၏ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ပြည်သူ့ဆေးရုံ အရိုးကုသဆောင်တွင် ရှော့တိုက်ဒုံးထိမှန်ခဲ့ရာ သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ရပြီး၊ အရပ်သားတစ်ဦးသေဆုံးကာ ဆေးကုသမှုခံယူနေသည့် လူနာ ၁၁ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ပစ်ခတ်သံတွေက ညတုန်းက တော်တော်ကြားရတယ်။ ကျွန်မတို့ဘက်နဲ့က နည်းနည်းတော့ ဝေးတယ်ဆိုပေမယ့်လည်း အသံတွေ ကြားနေရတော့ ကြောက်တော့လည်း ကြောက်တာပေါ့၊ ပြင်ဦးလွင်မှာက ဒါမျိုး ဖြစ်လေ့ဖြစ်ထတော့ မရှိဘူးလေ။ ပြီးတော့ တပ်ချုပ်ရောက်နေတယ်လို့လည်း ကြားထားတယ်” လို့ ပြင်ဦးလွင် ဒေသခံတစ်ဦးက NP News ကို ပြောသည်။

TNLA/PDF ပူးပေါင်းအဖွဲ့၏ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုတွင် ပြင်ဦးလွင်မြို့ နေရာ ငါးနေရာထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် အောင်မြေဇေယျာဘုန်းကြီးကျောင်းအား ထိမှန်ခဲ့ရာ ကျောင်းတွင်း သီတင်းသုံးနေထိုင်သည့် သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ရပြီး လူပုဂ္ဂိုလ်တစ်ဦး သေဆုံးခဲ့ရကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်ဦးလွင်ပြည်သူ့ဆေးရုံအရိုးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားလူနာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြားသော ဆေးကုသဆောင်အချို့လည်း လက်နက်ကြီးကျည်ထိမှန်၍ ပျက်စီးမှုများ ရှိခဲ့ကြောင်း သတင်းရထားသည်။

အဆိုပါနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် အဝင်ပေါက်ရှိ ဆိုင်ကယ်စတန်းနေရာတွင် အကြမ်းဖက်သမားများ၏ ဗုံးထောင်ပေါက်ကွဲမှုကြောင့် ကလေးငါး ဦး အပါအဝင် ၁၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

Zawgyi Version;
TNLA/PDF ပူးေပါင္းအဖြဲ႕၏ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ ျပင္ဦးလြင္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနေသာ လူနာ ၁၁ ဦးခန႔္ႏွင့္ သံဃာေတာ္ႏွစ္ပါး ပ်ံလြန္ေတာ္မူ
NP News - ဧၿပီ ၁၅

ျပင္ဦးလြင္ၿမိဳ႕တြင္ ဧၿပီလ ၁၄ ရက္(မဟာသၾကၤန္အက်ေန႔) ည ၇ နာရီဝန္းက်င္အခ်ိန္ခန႔္က TNLA/PDF ပူးေပါင္းအဖြဲ႕၏ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းႏွင့္ ျပည္သူ႔ေဆး႐ုံ အ႐ိုးကုသေဆာင္တြင္ ေရွာ့တိုက္ဒုံးထိမွန္ခဲ့ရာ သံဃာေတာ္ႏွစ္ပါး ပ်ံလြန္ေတာ္မူခဲ့ရၿပီး၊ အရပ္သားတစ္ဦးေသဆုံးကာ ေဆးကုသမႈခံယူေနသည့္ လူနာ ၁၁ ဦးခန႔္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

“ပစ္ခတ္သံေတြက ညတုန္းက ေတာ္ေတာ္ၾကားရတယ္။ ကြၽန္မတို႔ဘက္နဲ႔က နည္းနည္းေတာ့ ေဝးတယ္ဆိုေပမယ့္လည္း အသံေတြ ၾကားေနရေတာ့ ေၾကာက္ေတာ့လည္း ေၾကာက္တာေပါ့၊ ျပင္ဦးလြင္မွာက ဒါမ်ိဳး ျဖစ္ေလ့ျဖစ္ထေတာ့ မရွိဘူးေလ။ ၿပီးေတာ့ တပ္ခ်ဳပ္ေရာက္ေနတယ္လို႔လည္း ၾကားထားတယ္” လို႔ ျပင္ဦးလြင္ ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

TNLA/PDF ပူးေပါင္းအဖြဲ႕၏ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္မႈတြင္ ျပင္ဦးလြင္ၿမိဳ႕ ေနရာ ငါးေနရာထက္မနည္း က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

ယင္းသို႔ ပစ္ခတ္မႈေၾကာင့္ ေအာင္ေျမေဇယ်ာဘုန္းႀကီးေက်ာင္းအား ထိမွန္ခဲ့ရာ ေက်ာင္းတြင္း သီတင္းသုံးေနထိုင္သည့္ သံဃာေတာ္ႏွစ္ပါး ပ်ံလြန္ေတာ္မူခဲ့ရၿပီး လူပုဂၢိဳလ္တစ္ဦး ေသဆုံးခဲ့ရကာ ႏွစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း၊ ျပင္ဦးလြင္ျပည္သူ႔ေဆး႐ုံအ႐ိုးကုသေဆာင္ေပၚသို႔ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အရပ္သားလူနာ ၁၁ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ အျခားေသာ ေဆးကုသေဆာင္အခ်ိဳ႕လည္း လက္နက္ႀကီးက်ည္ထိမွန္၍ ပ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္း သတင္းရထားသည္။

အဆိုပါေန႔ နံနက္ပိုင္းတြင္ မႏၲေလးၿမိဳ႕ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္ အဝင္ေပါက္ရွိ ဆိုင္ကယ္စတန္းေနရာတြင္ အၾကမ္းဖက္သမားမ်ား၏ ဗုံးေထာင္ေပါက္ကြဲမႈေၾကာင့္ ကေလးငါး ဦး အပါအဝင္ ၁၂ ဦး ထက္မနည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

Picture

လှ မင်း ကို

16/04/2024 17:48

အဲ့တော့ တာဝန်ရှိသူတွေက ဘယ်လိုတုန့်ပြန်မလဲ?

Related news

© 2021. All rights reserved.