ရွှေပြည်သာမြို့နယ်တွင် ဘုရားဖူးကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၀)ကျော်ထိခိုက်ဒဏ်ရာရ
                        
                            
                             
 4302
 
                             
                            
                            
                         
                        
သန့်ဇင်(NP News) - ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ဘုရားဖူးကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၀)ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့ (ဧပြီလ ၁၇ ရက်)၊ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးနှင့် ငါးကန်လမ်းထောင့်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်တာက Light Truck(၂)စီးနဲ့ (၁၀)ပေကားတစ်စီးတို့တိုက်တာ။ တစ်စီးကတိုက်ပြီး မြောင်းထဲပြုတ်ကျသွားတာ။ ကားတွေကတော့ ဂျပန်ဘုရားကနေ ဘုရားဖူးပြန်လာကြတဲ့ကားနဲ့ ဘုရားဖူးဖို့သွားတဲ့ကားလို့ သိရတယ်”ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်(၃)စီးပေါ်မှ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁၈)ဦး စုစုပေါင်း(၂၂)ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်မှုဆိုတော့ စိုးရိမ်ရတဲ့လူနာလည်းရှိတယ်။ မစိုးရိမ်ရတဲ့လူနာလည်းရှိတယ်။ ပွန်းပဲ့ဒဏ်ရာရတဲ့လူတွေလည်းရှိတာပေါ့။ အဓိကကတော့ ပွဲတော်ရက်ဆိုရင် အများစုက သောက်ထားတာလေးတွေရှိတယ်။ အဲဒါကို သိစေချင်တာက ယာဉ်မောင်းဆိုရင် လူတွေအများကြီးကိုတင်ပြီးမောင်းရတာဆိုတော့ အသိလေးတော့ကပ်စေချင်တယ်။ ကိုယ်ကမြန်မြန်မောင်းလိုက်လို့ အများကြီး စောရောက်သွားတာလည်းမဟုတ်ဘူးလေ။ အသက်ပေါင်းများစွာတင်ဆောင်မောင်းရတာဖြစ်တဲ့အတွက် သောက်တာလေးတွေကိုတော့ လျှော့စေချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ရွှေမေတ္တာလူမှုကူညီရေးအသင်းက မြေပြင်ကုသမှုများပြုလုပ်ကာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
                     
                        
                                                                    
zawgyi version
ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ဘုရားဖူးကား(၃)စီး ဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၂၀)ေက်ာ္ထိခိုက္ဒဏ္ရာရ
သန႔္ဇင္(NP News) - ဧၿပီ ၁၈
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ဘုရားဖူးကား(၃)စီး ဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၂၀)ေက်ာ္ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေ႐ႊေမတၱာလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔ (ဧၿပီလ ၁၇ ရက္)၊ မြန္းလြဲ ၃နာရီအခ်ိန္ခန႔္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၄)လမ္းမႀကီးႏွင့္ ငါးကန္လမ္းေထာင့္အနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တိုက္တာက Light Truck(၂)စီးနဲ႔ (၁၀)ေပကားတစ္စီးတို႔တိုက္တာ။ တစ္စီးကတိုက္ၿပီး ေျမာင္းထဲျပဳတ္က်သြားတာ။ ကားေတြကေတာ့ ဂ်ပန္ဘုရားကေန ဘုရားဖူးျပန္လာၾကတဲ့ကားနဲ႔ ဘုရားဖူးဖို႔သြားတဲ့ကားလို႔ သိရတယ္”ဟု ေ႐ႊေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္တြင္ ယာဥ္(၃)စီးေပၚမွ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၁၈)ဦး စုစုေပါင္း(၂၂)ဦးထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“ယာဥ္တိုက္မႈဆိုေတာ့ စိုးရိမ္ရတဲ့လူနာလည္းရွိတယ္။ မစိုးရိမ္ရတဲ့လူနာလည္းရွိတယ္။ ပြန္းပဲ့ဒဏ္ရာရတဲ့လူေတြလည္းရွိတာေပါ့။ အဓိကကေတာ့ ပြဲေတာ္ရက္ဆိုရင္ အမ်ားစုက ေသာက္ထားတာေလးေတြရွိတယ္။ အဲဒါကို သိေစခ်င္တာက ယာဥ္ေမာင္းဆိုရင္ လူေတြအမ်ားႀကီးကိုတင္ၿပီးေမာင္းရတာဆိုေတာ့ အသိေလးေတာ့ကပ္ေစခ်င္တယ္။ ကိုယ္ကျမန္ျမန္ေမာင္းလိုက္လို႔ အမ်ားႀကီး ေစာေရာက္သြားတာလည္းမဟုတ္ဘူးေလ။ အသက္ေပါင္းမ်ားစြာတင္ေဆာင္ေမာင္းရတာျဖစ္တဲ့အတြက္ ေသာက္တာေလးေတြကိုေတာ့ ေလွ်ာ့ေစခ်င္တယ္” ဟု ၎ကဆက္လက္ေျပာသည္။
ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေ႐ႊေမတၱာလူမႈကူညီေရးအသင္းက ေျမျပင္ကုသမႈမ်ားျပဳလုပ္ကာ နီးစပ္ရာေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။