ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်ဟိုတယ်အဆောက်အအုံဖြစ်လာမယ့် Ciel Tower အကြောင်း

 696

Pika (NP News) - ဧပြီ ၁၉

ယူအေအီးအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ The First Group သည် ဒူဘိုင်းမြို့တွင် Ciel Tower ဟုခေါ်သည့် မိုးမျှော် တိုက် ဟိုတယ်အဆောက်အအုံတစ်ခုကို တည်ဆောက်နေကြောင်း သိရသည်။

ထို့ပြင် Ciel Tower သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဟိုတယ်အဆောက်အအုံတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း လည်းသိရသည်။ အမြင့်ပေ (၃၆၅) မီတာ အထိရှိလာမည့် Ciel Tower တွင် အထပ်ပေါင်း(၈၂)ထပ်ပါရှိမည်ဖြစ်ပြီး ဇိမ်ခံ အခန်းပေါင်း (၁၀၄၂)ခန်း နှင့် ဝန်ဆောင်မှုတိုက်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အိမ်ခြံမြေကုမ္ပဏီ The First Group သည် Ciel Tower တည်ဆောက်မှုကို ၂၀၁၆ ခုနှစ် မေလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် Ciel Tower တည်ဆောက်မှု ပြီး စီးမည်ဖြစ်ကြောင်းလည်းသိရသည်။

Dubai Marina ခရိုင်အလယ်တွင်ရှိသော မိုးမျှော်တိုက် Ciel Tower သည် Marina Walk နှင့် Marina Mall တို့ကဲ့သို့သော ကျော်ကြားသည့်နေရာများ အနီးတွင် တည်ရှိကြောင်းလည်းသိရသည်။

Ciel Tower တွင် ညစာစားပွဲ ခင်းကျင်း ကျင်းပမည့်နေရာ၊ ရေနှင့်သက်ဆိုင်သော အားကစားများနှင့် အခြား ပြင်ပအားကစားလှုပ်ရှားမှုများ လုပ်ဆောင်နိုင်မည့်နေရာများလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Ciel Tower ၏ဒီဇိုင်းသည် Palm Jumeirah Blue ?Waters Island ?Dubai Harbour နှင့် အာရေဗျပင်လယ်ကွေ့တို့ကဲ့သို့သော အထင်ကရနေရာများကို ၃၆၀ ဒီဂရီမြင်ကွင်းများ မြင်နိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ထားခြင်းမျိုးဖြစ်ကြောင်း သိရသည်။

အဆိုပါဒီဇိုင်းမှာ မှန်တာဝါနှစ်ခုကို ချိတ်ဆက်ထားပြီး အလယ်တွင် အပေါက်ကြီးတစ်ခုပါရှိသော ဒုလုံးပုံသဏ္ဌာန်ဖြစ်ကြောင်းလည်းသိရသည်။ထို့ပြင် အဆိုပါမိုးမျှော်တိုက်တွင် ပြင်ပမှတိုက်သော လေများ အဆောက်အအုံအတွင်း လည်ပတ်စေနိုင်ရန်အတွက် လေဝင်လေထွက်ပေါက်များကို တပ်ဆင်ပေးထားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများကို အေးသောလများအတွင်းတိုက်သည့် ပင်လယ်လေကို ခံစားစေနိုင်ရန် လုပ်ဆောင် ပေးထားမည်ဖြစ်ကြောင်းလည်း သိရသည်။ Ciel Tower ၏ဒီဇိုင်းသည် ယူအေအီး မီးဘေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေး ကုဒ် နှင့်ပတ်သက်ပြီး သိသာထင်ရှားသောစိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်းလည်း သိရသည်။

Ciel Tower ၏ အထပ်တစ်ခုချင်းစီရှိ ကြမ်းပြင်များတွင် မီးထိန်းစနစ်တစ်ခုကို ပေါင်းစပ် ထည့်သွင်း ထားမည်ဖြစ်ကြောင်းလည်း သိရသည်။ထို့ပြင် Ciel Tower ၏(၈၁)လွှာတွင် ရှုခင်းကြည့်ရှုနိုင်မည့် နေရာတစ်ခုအပါအဝင် ခေါင်မိုးပေါ်တွင် ရေကူးကန်တစ်ခုနှင့် (၆၇)လွှာတွင် ဘား တစ်ခုတို့ ပါဝင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Ciel Tower ၏အတွင်းပိုင်းတွင် သစ်ပင်များနှင့် စိမ်းလန်းသောနံရံများပါဝင်သည့် ဒေါင်လိုက် တန်းစီထားသော ရှုခင်းများပါရှိသော မီတာ(၃၀ဝ)မြင့်သည့် atrium ကို ပြသထားမည်ဖြစ်ကြောင်း လည်းသိရသည်။ အဆိုပါ atrium တွင် လာရောက် လည်ပတ်သူများ အချင်းချင်းဆက်သွယ်မှုလုပ်ဆောင်နိုင်ရန်နှင့် အပန်းဖြေရန်အတွက်နေရာလည်း ပါဝင် မည်ဖြစ်သည်။

Ciel Tower တွင် (၂၄)နာရီ ဧည့်ကြိုကောင်တာ၊ လုပ်ငန်းသုံးဧည့်ခန်း၊ ညစာစားပွဲအတွက် ရွေးချယ်စရာများ၊ စားသောက်ဆိုင်များ နှင့် ရေကူးကန် ဘေးရှိ စားသောက်ဆိုင်များလည်း ပါဝင်မည်ဖြစ်သည်။

Ciel Tower တွင် နောက်ထပ်ပါဝင်မည့် အရာများမှာ ဘားတစ်ခု၊ နိုက်ကလပ်တစ်ခုနှင့် Spa တစ်ခုတို့ဖြစ် ကြောင်းလည်း သိရသည်။ ထို့ပြင် ဧည့်သည်များအနေဖြင့် ကိုယ်ကာယလေ့ကျင့်မှုစင်တာ၊စီးပွားရေးစင်တာနှင့် အခြားဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်လည်းဖြစ်သည်။ အဆိုပါမိုးမျှော်တိုက် ဟိုတယ်အဆောက်အအုံတွင် ခေါင်မိုးပေါ်ရှိရေကူးကန်တစ်ခုနှင့် ရဟတ်ယာဉ်ဆင်းသက်နိုင်မည့်ကွင်းတစ်ခုလည်း ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ ၂၀၁၉ ခုနှစ်တွင် Ciel Tower သည် International Property Awards ပွဲတွင် အကောင်းဆုံးနိုင်ငံတကာ ဟိုတယ်ဗိသုကာ ပညာ၊ အကောင်းဆုံးဟိုတယ်ဗိသုကာပညာအာရေဗျနှင့် အကောင်းဆုံး အထပ်မြင့်ဗိသုကာပညာအာရေဗျ တို့အတွက် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရကြောင်းသိရသည်။

Ciel Tower ကို ဗြိတိန်အခြေစိုက် ဗိသုကာပညာနှင့် အင်ဂျင်နီယာကုမ္ပဏီ NORR Group က ဒီဇိုင်းဆွဲထား ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ China Rail way 18th Bureau သည် Ciel Tower ကို တည်ဆောက်ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။

Ciel Tower ၏ တည်ဆောက်ပုံဆိုင်ရာ ချိတ်ဆက်မှုများအတွက် Dextra Group ကုမ္ပဏီက Bartec couplers (၁၈၀ဝဝဝ)ခု ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Siderise Group ကုမ္ပဏီသည် မီးဒဏ်ကို နှစ်နာရီကြာခံနိုင်သော Siderise CW-FS120 Curtain Wall Firestops များအပါအဝင် မီးနှင့် အပူတို့ကိုကာကွယ်ပေးနိုင်သော ဖြေရှင်းချက်များကို ပံ့ပိုးပေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

WADG ကုမ္ပဏီသည် တယ်လီဖုန်းဆက်သွယ်ရေး၊ လုံခြုံရေးနှင့် ဖျော်ဖြေရေးစနစ်များအတွက် ဒီဇိုင်းဝန်ဆောင်မှု များကို လုပ်ဆောင်နေပြီး အဆောက်အအုံတစ်ခုလုံးတွင် နည်းပညာနှင့် အခြားအရာများ ပေါင်းစပ်မှုအတွက် အာမခံ ပေးထားကြောင်းလည်း သိရသည်။ ထို့ပြင် WADG ကုမ္ပဏီသည် အစောပိုင်းဒီဇိုင်းအဆင့်များမှ ဆောက်လုပ်မှုများကို ကြီးကြပ်ရေး၊ သတ်မှတ်ချက်များနှင့် တင်ဒါ စာရွက်စာတမ်းများအတွက် ကူညီပံ့ပိုးပေးမှုအထိ ပါဝင်ခဲ့ကြောင်းသိရသည်။

အဆင့်မြင့်သော နံရံစနစ် ထောက်ပံ့ပေးသော Specwall ကုမ္ပဏီသည် Ciel Tower အတွက် ၎င်း၏ နံရံစနစ်များ ကို အသုံးပြုရန် စာချုပ်ချုပ်ဆိုခဲ့သည်။ အထူးအကြံပေးအတိုင်ပင်ခံကုမ္ပဏီ AESG သည် Ciel Tower ၏ အပြင်ပန်းနှင့် အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးဌာနအင်ဂျင်နီယာအဖြစ် ၂၀၁၈ ခုနှစ်တွင်ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

ဓာတ်လှေကားနှင့် စက်လှေကားကုမ္ပဏီ တစ်ခုဖြစ်သည့် TK Elevator သည် Ciel Tower အတွက် မြန်နှုန်းမြင့် ဓာတ်လှေကား(၁၅)စင်းကို တည်ဆောက်ပေးနေကြောင်းသိရသည်။ ကွန်ကရစ်စစ်ဆေးမှု၊ဖြတ်တောက်မှုနှင့် စစ်ဆေးမှုများလုပ်ဆောင်ရန်အတွက် အူတိုင် တူးဖော်ခြင်းများ ပံ့ပိုးပေးသည့် Al Sarh Technical Services ကုမ္ပဏီလည်း Ciel Tower တည်ဆောက်မှုတွင် ပါဝင်ကြောင်းသိရသည်။

zawgyi version
ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕မွာ တည္ေဆာက္ေနတဲ့ ကမာၻ႔အျမင့္ဆုံးမိုးေမွ်ာ္တိုက္ဟိုတယ္အေဆာက္အအုံျဖစ္လာမယ့္ Ciel Tower အေၾကာင္း
Pika (NP News) - ဧၿပီ ၁၉

ယူေအအီးအေျခစိုက္ အိမ္ၿခံေျမကုမၸဏီ The First Group သည္ ဒူဘိုင္းၿမိဳ႕တြင္ Ciel Tower ဟုေခၚသည့္ မိုးေမွ်ာ္ တိုက္ ဟိုတယ္အေဆာက္အအုံတစ္ခုကို တည္ေဆာက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ Ciel Tower သည္ ကမာၻေပၚတြင္ အျမင့္ဆုံး ဟိုတယ္အေဆာက္အအုံတစ္ခု ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း လည္းသိရသည္။ အျမင့္ေပ (၃၆၅) မီတာ အထိရွိလာမည့္ Ciel Tower တြင္ အထပ္ေပါင္း(၈၂)ထပ္ပါရွိမည္ျဖစ္ၿပီး ဇိမ္ခံ အခန္းေပါင္း (၁၀၄၂)ခန္း ႏွင့္ ဝန္ေဆာင္မႈတိုက္ခန္းမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ အိမ္ၿခံေျမကုမၸဏီ The First Group သည္ Ciel Tower တည္ေဆာက္မႈကို ၂၀၁၆ ခုႏွစ္ ေမလတြင္ စတင္ခဲ့ျခင္း ျဖစ္သည္။ ထို႔ျပင္ ၂၀၂၄ ခုႏွစ္ ပထမႏွစ္ဝက္တြင္ Ciel Tower တည္ေဆာက္မႈ ၿပီး စီးမည္ျဖစ္ေၾကာင္းလည္းသိရသည္။

Dubai Marina ခ႐ိုင္အလယ္တြင္ရွိေသာ မိုးေမွ်ာ္တိုက္ Ciel Tower သည္ Marina Walk ႏွင့္ Marina Mall တို႔ကဲ့သို႔ေသာ ေက်ာ္ၾကားသည့္ေနရာမ်ား အနီးတြင္ တည္ရွိေၾကာင္းလည္းသိရသည္။

Ciel Tower တြင္ ညစာစားပြဲ ခင္းက်င္း က်င္းပမည့္ေနရာ၊ ေရႏွင့္သက္ဆိုင္ေသာ အားကစားမ်ားႏွင့္ အျခား ျပင္ပအားကစားလႈပ္ရွားမႈမ်ား လုပ္ေဆာင္ႏိုင္မည့္ေနရာမ်ားလည္းပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ Ciel Tower ၏ဒီဇိုင္းသည္ Palm Jumeirah Blue ?Waters Island ?Dubai Harbour ႏွင့္ အာေရဗ်ပင္လယ္ေကြ႕တို႔ကဲ့သို႔ေသာ အထင္ကရေနရာမ်ားကို ၃၆၀ ဒီဂရီျမင္ကြင္းမ်ား ျမင္ႏိုင္ရန္ရည္႐ြယ္ၿပီး တည္ေဆာက္ထားျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။

အဆိုပါဒီဇိုင္းမွာ မွန္တာဝါႏွစ္ခုကို ခ်ိတ္ဆက္ထားၿပီး အလယ္တြင္ အေပါက္ႀကီးတစ္ခုပါရွိေသာ ဒုလုံးပုံသဏၭာန္ျဖစ္ေၾကာင္းလည္းသိရသည္။ထို႔ျပင္ အဆိုပါမိုးေမွ်ာ္တိုက္တြင္ ျပင္ပမွတိုက္ေသာ ေလမ်ား အေဆာက္အအုံအတြင္း လည္ပတ္ေစႏိုင္ရန္အတြက္ ေလဝင္ေလထြက္ေပါက္မ်ားကို တပ္ဆင္ေပးထားမည္ျဖစ္ၿပီး လာေရာက္လည္ပတ္သူမ်ားကို ေအးေသာလမ်ားအတြင္းတိုက္သည့္ ပင္လယ္ေလကို ခံစားေစႏိုင္ရန္ လုပ္ေဆာင္ ေပးထားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ Ciel Tower ၏ဒီဇိုင္းသည္ ယူေအအီး မီးေဘးႏွင့္ အသက္အႏၲရာယ္ ကင္းရွင္းေရး ကုဒ္ ႏွင့္ပတ္သက္ၿပီး သိသာထင္ရွားေသာစိန္ေခၚမႈတစ္ရပ္ ျဖစ္ေၾကာင္းလည္း သိရသည္။

Ciel Tower ၏ အထပ္တစ္ခုခ်င္းစီရွိ ၾကမ္းျပင္မ်ားတြင္ မီးထိန္းစနစ္တစ္ခုကို ေပါင္းစပ္ ထည့္သြင္း ထားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ထို႔ျပင္ Ciel Tower ၏(၈၁)လႊာတြင္ ရႈခင္းၾကည့္ရႈႏိုင္မည့္ ေနရာတစ္ခုအပါအဝင္ ေခါင္မိုးေပၚတြင္ ေရကူးကန္တစ္ခုႏွင့္ (၆၇)လႊာတြင္ ဘား တစ္ခုတို႔ ပါဝင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။

Ciel Tower ၏အတြင္းပိုင္းတြင္ သစ္ပင္မ်ားႏွင့္ စိမ္းလန္းေသာနံရံမ်ားပါဝင္သည့္ ေဒါင္လိုက္ တန္းစီထားေသာ ရႈခင္းမ်ားပါရွိေသာ မီတာ(၃၀ဝ)ျမင့္သည့္ atrium ကို ျပသထားမည္ျဖစ္ေၾကာင္း လည္းသိရသည္။ အဆိုပါ atrium တြင္ လာေရာက္ လည္ပတ္သူမ်ား အခ်င္းခ်င္းဆက္သြယ္မႈလုပ္ေဆာင္ႏိုင္ရန္ႏွင့္ အပန္းေျဖရန္အတြက္ေနရာလည္း ပါဝင္ မည္ျဖစ္သည္။

Ciel Tower တြင္ (၂၄)နာရီ ဧည့္ႀကိဳေကာင္တာ၊ လုပ္ငန္းသုံးဧည့္ခန္း၊ ညစာစားပြဲအတြက္ ေ႐ြးခ်ယ္စရာမ်ား၊ စားေသာက္ဆိုင္မ်ား ႏွင့္ ေရကူးကန္ ေဘးရွိ စားေသာက္ဆိုင္မ်ားလည္း ပါဝင္မည္ျဖစ္သည္။

Ciel Tower တြင္ ေနာက္ထပ္ပါဝင္မည့္ အရာမ်ားမွာ ဘားတစ္ခု၊ ႏိုက္ကလပ္တစ္ခုႏွင့္ Spa တစ္ခုတို႔ျဖစ္ ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဧည့္သည္မ်ားအေနျဖင့္ ကိုယ္ကာယေလ့က်င့္မႈစင္တာ၊စီးပြားေရးစင္တာႏွင့္ အျခားဝန္ေဆာင္မႈမ်ားကို အသုံးျပဳႏိုင္မည္လည္းျဖစ္သည္။ အဆိုပါမိုးေမွ်ာ္တိုက္ ဟိုတယ္အေဆာက္အအုံတြင္ ေခါင္မိုးေပၚရွိေရကူးကန္တစ္ခုႏွင့္ ရဟတ္ယာဥ္ဆင္းသက္ႏိုင္မည့္ကြင္းတစ္ခုလည္း ပါဝင္မည္ ျဖစ္ေၾကာင္းသိရသည္။ ၂၀၁၉ ခုႏွစ္တြင္ Ciel Tower သည္ International Property Awards ပြဲတြင္ အေကာင္းဆုံးႏိုင္ငံတကာ ဟိုတယ္ဗိသုကာ ပညာ၊ အေကာင္းဆုံးဟိုတယ္ဗိသုကာပညာအာေရဗ်ႏွင့္ အေကာင္းဆုံး အထပ္ျမင့္ဗိသုကာပညာအာေရဗ် တို႔အတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ခံခဲ့ရေၾကာင္းသိရသည္။

Ciel Tower ကို ၿဗိတိန္အေျခစိုက္ ဗိသုကာပညာႏွင့္ အင္ဂ်င္နီယာကုမၸဏီ NORR Group က ဒီဇိုင္းဆြဲထား ျခင္းျဖစ္သည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံ အေျခစိုက္ ေဆာက္လုပ္ေရးကုမၸဏီ China Rail way 18th Bureau သည္ Ciel Tower ကို တည္ေဆာက္ရန္အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္းသိရသည္။

Ciel Tower ၏ တည္ေဆာက္ပုံဆိုင္ရာ ခ်ိတ္ဆက္မႈမ်ားအတြက္ Dextra Group ကုမၸဏီက Bartec couplers (၁၈၀ဝဝဝ)ခု ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
Siderise Group ကုမၸဏီသည္ မီးဒဏ္ကို ႏွစ္နာရီၾကာခံႏိုင္ေသာ Siderise CW-FS120 Curtain Wall Firestops မ်ားအပါအဝင္ မီးႏွင့္ အပူတို႔ကိုကာကြယ္ေပးႏိုင္ေသာ ေျဖရွင္းခ်က္မ်ားကို ပံ့ပိုးေပးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

WADG ကုမၸဏီသည္ တယ္လီဖုန္းဆက္သြယ္ေရး၊ လုံၿခဳံေရးႏွင့္ ေဖ်ာ္ေျဖေရးစနစ္မ်ားအတြက္ ဒီဇိုင္းဝန္ေဆာင္မႈ မ်ားကို လုပ္ေဆာင္ေနၿပီး အေဆာက္အအုံတစ္ခုလုံးတြင္ နည္းပညာႏွင့္ အျခားအရာမ်ား ေပါင္းစပ္မႈအတြက္ အာမခံ ေပးထားေၾကာင္းလည္း သိရသည္။ ထို႔ျပင္ WADG ကုမၸဏီသည္ အေစာပိုင္းဒီဇိုင္းအဆင့္မ်ားမွ ေဆာက္လုပ္မႈမ်ားကို ႀကီးၾကပ္ေရး၊ သတ္မွတ္ခ်က္မ်ားႏွင့္ တင္ဒါ စာ႐ြက္စာတမ္းမ်ားအတြက္ ကူညီပံ့ပိုးေပးမႈအထိ ပါဝင္ခဲ့ေၾကာင္းသိရသည္။

အဆင့္ျမင့္ေသာ နံရံစနစ္ ေထာက္ပံ့ေပးေသာ Specwall ကုမၸဏီသည္ Ciel Tower အတြက္ ၎၏ နံရံစနစ္မ်ား ကို အသုံးျပဳရန္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္။ အထူးအႀကံေပးအတိုင္ပင္ခံကုမၸဏီ AESG သည္ Ciel Tower ၏ အျပင္ပန္းႏွင့္ အေဆာက္အအုံ ျပဳျပင္ထိန္းသိမ္းေရးဌာနအင္ဂ်င္နီယာအျဖစ္ ၂၀၁၈ ခုႏွစ္တြင္ခန႔္အပ္ခံခဲ့ရေၾကာင္း သိရသည္။

ဓာတ္ေလွကားႏွင့္ စက္ေလွကားကုမၸဏီ တစ္ခုျဖစ္သည့္ TK Elevator သည္ Ciel Tower အတြက္ ျမန္ႏႈန္းျမင့္ ဓာတ္ေလွကား(၁၅)စင္းကို တည္ေဆာက္ေပးေနေၾကာင္းသိရသည္။ ကြန္ကရစ္စစ္ေဆးမႈ၊ျဖတ္ေတာက္မႈႏွင့္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ရန္အတြက္ အူတိုင္ တူးေဖာ္ျခင္းမ်ား ပံ့ပိုးေပးသည့္ Al Sarh Technical Services ကုမၸဏီလည္း Ciel Tower တည္ေဆာက္မႈတြင္ ပါဝင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.