မီးတောင်ပေါက်ကွဲမှုကြောင့် အင်ဒိုနီးရှားမြောက်ပိုင်းတွင် လူပေါင်း ၁၁,၀၀၀ ကျော် ရွှေ့ ပြောင်းခဲ့ရ

 395

ALynn (NP News) - ဧပြီ ၁၈

အင်ဒိုနီးရှားမြောက်ပိုင်းရှိ မီးတောင် အကြိမ်ကြိမ်ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၁,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပြီး ဒေသတွင်း လေကြောင်းခရီးသွားလာမှုများကိုပါ ထိခိုက်လာစေကြောင်း သိရသည်။

မြောက်ပိုင်းဆူလာဝေစီပြည်နယ်ရှိ Ruang တောင်သည် ပြီးခဲ့သည့် အင်္ဂါနေ့ (ဧပြီလ ၁၆ ရက်)က စတင်ပေါက်ကွဲခဲ့သည်။ ထို့နောက် ဗုဒ္ဓဟူးနေ့တွင် ထပ်မံ၍ ၄ ကြိမ်ပေါက်ကွဲမှုဖြစ်ပြီး နောက် အင်ဒိုနီးရှားမီးတောင်အေဂျင်စီက မီးတောင်ပေါက်ကွဲမှုသတိပေးချက်အဆင့်ကို ၄ အဖြစ် သတ်မှတ်ခဲ့သည်။ အစောပိုင်းတွင် လူ ၈၀၀ ကျော်ခန့် အနီးပတ်ဝန်းကျင်ရှိ Tagulandang ကျွန်းသို့ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ရသည်။ သို့သော် ယနေ့နံနက် (ဧပြီလ ၁၈ ရက်) တွင် အာဏာပိုင်များက ပေါက်ကွဲမှုဇုန်သည် ပိုမိုကျယ်ပြန့်လာနိုင်သောကြောင့် လူများထပ်မံပြောင်းရွှေ့ဖို့လိုအပ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် အာဏာပိုင်များက ယခင် ၁၈၇၁ ခုနှစ်က မီးတောင်ပေါက်ကွဲမှုဖြစ်ရပ်ကဲ့သို့ ပင်လယ်ထဲသို့ မီးတောင်ပြိုကျပြီး ဆူနာမီဖြစ်ပေါ်လာနိုင်သည့် အရေးကိုလည်း ပူပန်နေကြသည်။

အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီဥက္ကဋ္ဌ၏ ဖော်ပြချက်အရ မီးတောင်ပေါက်ကွဲမှု ပထမအဆင့်တွင် အမြင့် ၂ ကီလိုမီတာအထိ ပြာမှုန်များတက်သွားပြီး ဒုတိယအကြိမ်တွင်မူ ၂ ဒသမ ၅ ကီလိုမီတာ အထိပေါက်ကွဲသွားကြောင်း သိရသည်။

လေကြောင်းအာဏာပိုင်များက Sam Ratulangi အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၁၈ ရက်၊ ညနေပိုင်းအထိ ပိတ်ထားရန် ကြေညာခဲ့သည်။ ၎င်းလေဆိပ်သည် တရုတ်၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများကို ပြေးဆွဲလျက်ရှိသော လေဆိပ်လည်းဖြစ်သည်။ ထို့ပြင် ၎င်းမီးတောင်ပေါက်ကွဲမှုကြောင့် အိမ်နီးချင်းမလေးရှားနိုင်ငံ၏ Kota Kinabalu အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းပြေးဆွဲမှုများကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ၎င်းလေဆိပ်သည် ဘော်နီယို ကျွန်းပေါ်တွင်ရှိပြီး Ruang မီးတောင်နှင့် ၁,၁၀၀ ကီလိုမီတာအကွာတွင်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင်ပေါင်း ၁၂၀ ခန့်ရှိသည်။ ၂၀၁၈ ခုနှစ်ကလည်း Anak Krakatoa မီးတောင်ပေါက်ကွဲမှုကြောင့် ဆူမားတြားနှင့် ဂျာဗားကျွန်းတို့တွင် ဆူနာမီဖြစ်ပေါ်ကာ လူရာနှင့်ချီသေဆုံးခဲ့သည်။

zawgyi version
မီးေတာင္ေပါက္ကြဲမႈေၾကာင့္ အင္ဒိုနီးရွားေျမာက္ပိုင္းတြင္ လူေပါင္း ၁၁,၀၀၀ ေက်ာ္ ေ႐ႊ႕ ေျပာင္းခဲ့ရ
ALynn (NP News) - ဧၿပီ ၁၈

အင္ဒိုနီးရွားေျမာက္ပိုင္းရွိ မီးေတာင္ အႀကိမ္ႀကိမ္ေပါက္ကြဲမႈေၾကာင့္ လူေပါင္း ၁၁,၀၀၀ ေက်ာ္ ေ႐ႊ႕ေျပာင္းခဲ့ရၿပီး ေဒသတြင္း ေလေၾကာင္းခရီးသြားလာမႈမ်ားကိုပါ ထိခိုက္လာေစေၾကာင္း သိရသည္။

ေျမာက္ပိုင္းဆူလာေဝစီျပည္နယ္ရွိ Ruang ေတာင္သည္ ၿပီးခဲ့သည့္ အဂၤါေန႔ (ဧၿပီလ ၁၆ ရက္)က စတင္ေပါက္ကြဲခဲ့သည္။ ထို႔ေနာက္ ဗုဒၶဟူးေန႔တြင္ ထပ္မံ၍ ၄ ႀကိမ္ေပါက္ကြဲမႈျဖစ္ၿပီး ေနာက္ အင္ဒိုနီးရွားမီးေတာင္ေအဂ်င္စီက မီးေတာင္ေပါက္ကြဲမႈသတိေပးခ်က္အဆင့္ကို ၄ အျဖစ္ သတ္မွတ္ခဲ့သည္။ အေစာပိုင္းတြင္ လူ ၈၀၀ ေက်ာ္ခန႔္ အနီးပတ္ဝန္းက်င္ရွိ Tagulandang ကြၽန္းသို႔ ေျပာင္းေ႐ႊ႕မႈမ်ား ျပဳလုပ္ခဲ့ရသည္။ သို႔ေသာ္ ယေန႔နံနက္ (ဧၿပီလ ၁၈ ရက္) တြင္ အာဏာပိုင္မ်ားက ေပါက္ကြဲမႈဇုန္သည္ ပိုမိုက်ယ္ျပန႔္လာႏိုင္ေသာေၾကာင့္ လူမ်ားထပ္မံေျပာင္းေ႐ႊ႕ဖို႔လိုအပ္မည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။ ထို႔ျပင္ အာဏာပိုင္မ်ားက ယခင္ ၁၈၇၁ ခုႏွစ္က မီးေတာင္ေပါက္ကြဲမႈျဖစ္ရပ္ကဲ့သို႔ ပင္လယ္ထဲသို႔ မီးေတာင္ၿပိဳက်ၿပီး ဆူနာမီျဖစ္ေပၚလာႏိုင္သည့္ အေရးကိုလည္း ပူပန္ေနၾကသည္။

အင္ဒိုနီးရွား ဘူမိေဗဒေအဂ်င္စီဥကၠ႒၏ ေဖာ္ျပခ်က္အရ မီးေတာင္ေပါက္ကြဲမႈ ပထမအဆင့္တြင္ အျမင့္ ၂ ကီလိုမီတာအထိ ျပာမႈန္မ်ားတက္သြားၿပီး ဒုတိယအႀကိမ္တြင္မူ ၂ ဒသမ ၅ ကီလိုမီတာ အထိေပါက္ကြဲသြားေၾကာင္း သိရသည္။

ေလေၾကာင္းအာဏာပိုင္မ်ားက Sam Ratulangi အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဧၿပီလ ၁၈ ရက္၊ ညေနပိုင္းအထိ ပိတ္ထားရန္ ေၾကညာခဲ့သည္။ ၎ေလဆိပ္သည္ တ႐ုတ္၊ စင္ကာပူႏွင့္ ေတာင္ကိုရီးယားႏိုင္ငံမ်ားကို ေျပးဆြဲလ်က္ရွိေသာ ေလဆိပ္လည္းျဖစ္သည္။ ထို႔ျပင္ ၎မီးေတာင္ေပါက္ကြဲမႈေၾကာင့္ အိမ္နီးခ်င္းမေလးရွားႏိုင္ငံ၏ Kota Kinabalu အျပည္ျပည္ဆိုင္ရာေလဆိပ္၏ ေလေၾကာင္းေျပးဆြဲမႈမ်ားကိုလည္း အေႏွာင့္အယွက္ျဖစ္ေစခဲ့သည္။ ၎ေလဆိပ္သည္ ေဘာ္နီယို ကြၽန္းေပၚတြင္ရွိၿပီး Ruang မီးေတာင္ႏွင့္ ၁,၁၀၀ ကီလိုမီတာအကြာတြင္ရွိသည္။ အင္ဒိုနီးရွားႏိုင္ငံတြင္ မီးေတာင္ရွင္ေပါင္း ၁၂၀ ခန႔္ရွိသည္။ ၂၀၁၈ ခုႏွစ္ကလည္း Anak Krakatoa မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ဆူမားၾတားႏွင့္ ဂ်ာဗားကြၽန္းတို႔တြင္ ဆူနာမီျဖစ္ေပၚကာ လူရာႏွင့္ခ်ီေသဆုံးခဲ့သည္။

Related news

© 2021. All rights reserved.