ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း

 10142

စော (NP News) - ဧပြီ ၁၈

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ (ဧပြီလ ၁၇ ရက်)မှ (ဧပြီလ ၂၃ ရက်)အတွင်း အနောက်ဘက်မှ ရွေ့လျားလာသော လေ‌ပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွှေ့လျားလာသော တိမ်တိုက်များနှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းတို့ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စစ်လက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အသိပေးကြေညာထားသည်။

zawgyi version
ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ယခုရက္ပိုင္းအတြင္း အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ဟု မိုးဇလခန႔္မွန္း
ေစာ (NP News) - ဧၿပီ ၁၈

ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ယခုရက္ပိုင္းအတြင္း အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ယမန္ေန႔ (ဧၿပီလ ၁၇ ရက္)မွ (ဧၿပီလ ၂၃ ရက္)အတြင္း အေနာက္ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလ‌ေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း၊ အေရွ႕ဘက္မွ ေ႐ႊ႕လ်ားလာေသာ တိမ္တိုက္မ်ားႏွင့္ အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္းမႈအားေကာင္းျခင္းတို႔ေၾကာင့္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စစ္ကိုင္းတိုင္း (အထက္ပိုင္း)၊ ကခ်င္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ ရွမ္းျပည္ နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုး႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း(ေအာက္ပိုင္း)၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

ျပည္သူမ်ားအေနျဖင့္ အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းႏွင့္အတူ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စစ္လက္ျခင္း၊ မိုးသီးေႂကြျခင္းႏွင့္ မိုးတိမ္ေတာင္ျဖစ္ထြန္းမႈ အားေကာင္းေသာ ေဒသမ်ားတြင္ ေလျပင္းတိုက္ခတ္ျခင္းစသည့္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္သျဖင့္ ႀကိဳတင္သတိျပဳႏိုင္ပါရန္ မိုးဇလက အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.