ဗြိတိန်မှာ နှစ်သန်းပေါင်း ၂၀၀ ကျော်က ရှင်သန်ခဲ့တဲ့ ဧရာမပင်လယ်တွားသွားသတ္တဝါ ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိ

 135

ရောင်နီ (NP News) - ဧပြီ ၁၉

ဗြိတိန်နိုင်ငံ၊ ဆိုမာဆက်ရှိ ကမ်းခြေတစ်ခုမှာ နှစ်သန်းပေါင်း ၂၀၀ ကျော်က ရှင်သန်နေထိုင်ခဲ့တဲ့ကျောက်ဖြစ် ရုပ်ကြွင်းကြီးတွေကို ဗြိတိန် သားအဖ ၂ ဦးက တွေ့ရှိခဲ့ပါတယ်။

၎င်းဟာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး တိရစ္ဆာန်တွေထဲက တစ်ခုလို့လည်း ယူဆရပါတယ်။

သုတေသနပညာရှင်တွေက အဆိုပါအရိုးစုဟာ အိုင်ခ်ျသီယိုဆော (ခေါ် ) ပင်လယ်ကူး တွားသွားသတ္တဝါအမျိုးအစားထဲက စူရန်ဂလာ လို့ခေါ်တဲ့ သတ္တဝါဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ (ဧပြီလ ၁၇ ရက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

Triassic Period ခေတ်ကာလကတည်းက ရှင်သန်ခဲ့တဲ့ သတ္တဝါလို့ နာမည်ပေးထားတဲ့ အဆိုပါ အရိုးစုဟာ အရှည် ၇၂ ပေမှ ၈၅ ပေ (၂၂ - ၂၆ မီတာ) ထိ ရှည်လျားတယ်လို့ သုတေသီတွေက ခန့်မှန်းခဲ့ပါတယ်။

၎င်းဟာ အကြီးဆုံး ရေနေတွားသွားသတ္တဝါဖြစ်ကောင်းဖြစ်နိုင်ပြီး ယနေ့ခေတ် အသက်ရှင်နေဆဲ အကြီးဆုံး မျိုးစိတ်ဖြစ်တဲ့ အကြီးဆုံး baleen ဝေလငါးတွေနဲ့ ပုံစံတူ ဖြစ်နိုင်မယ်လို့ ယူဆထားပါတယ်။

ကုန်းမြေကို ဒိုင်နိုဆောတွေ လွှမ်းမိုးခဲ့သလိုပဲ ဧရာမ ရေနေတွားသွားသတ္တဝါတွေဟာ ကမ္ဘာ့သမုဒ္ဒရာကို အုပ်စိုးကြပါတယ်။

ဒီအရိုးစုတွေထဲက မေးရိုးနှစ်ခုကို ရူဘီရေးနွိုက်နဲ့ သူမရဲ့ဖခင် ဂျက်စတင်ရေးနွိုက်တို့က ၂၀၂၀ ပြည့်နှစ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၎င်းတို့သားအဖက အိုင်ခ်ျသီယိုဆော ကျွမ်းကျင်သူတွေနဲ့ အဆိုပါ ဧရိယာကို ဆက်လက်ရှာဖွေခဲ့ရာမှာ နောက်ထပ်အစိတ်အပိုင်းတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

ကျွမ်းကျင်သူတွေက အဆိုပါ အရိုးစုတွေမှ အိုင်ခ်ျသီယိုဆောနဲ့ပတ်သက်ပြီး ဆက်လက်အဖြေရှာနေပါတယ်။

Zawgyi Version;
ၿဗိတိန္မွာ ႏွစ္သန္းေပါင္း ၂၀၀ ေက်ာ္က ရွင္သန္ခဲ့တဲ့ ဧရာမပင္လယ္တြားသြားသတၱဝါ ႐ုပ္ႂကြင္းမ်ား ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - ဧၿပီ ၁၉

ၿဗိတိန္ႏိုင္ငံ၊ ဆိုမာဆက္ရွိ ကမ္းေျခတစ္ခုမွာ ႏွစ္သန္းေပါင္း ၂၀၀ ေက်ာ္က ရွင္သန္ေနထိုင္ခဲ့တဲ့ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းႀကီးေတြကို ၿဗိတိန္ သားအဖ ၂ ဦးက ေတြ႕ရွိခဲ့ပါတယ္။

၎ဟာ ကမာၻေပၚတြင္ အႀကီးမားဆုံး တိရစာၦန္ေတြထဲက တစ္ခုလို႔လည္း ယူဆရပါတယ္။

သုေတသနပညာရွင္ေတြက အဆိုပါအ႐ိုးစုဟာ အိုင္ခ္်သီယိုေဆာ (ေခၚ ) ပင္လယ္ကူး တြားသြားသတၱဝါအမ်ိဳးအစားထဲက စူရန္ဂလာ လို႔ေခၚတဲ့ သတၱဝါျဖစ္တယ္လို႔ ဗုဒၶဟူးေန႔ (ဧၿပီလ ၁၇ ရက္က အတည္ျပဳခဲ့တာျဖစ္ပါတယ္။

Triassic Period ေခတ္ကာလကတည္းက ရွင္သန္ခဲ့တဲ့ သတၱဝါလို႔ နာမည္ေပးထားတဲ့ အဆိုပါ အ႐ိုးစုဟာ အရွည္ ၇၂ ေပမွ ၈၅ ေပ (၂၂ - ၂၆ မီတာ) ထိ ရွည္လ်ားတယ္လို႔ သုေတသီေတြက ခန႔္မွန္းခဲ့ပါတယ္။

၎ဟာ အႀကီးဆုံး ေရေနတြားသြားသတၱဝါျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ယေန႔ေခတ္ အသက္ရွင္ေနဆဲ အႀကီးဆုံး မ်ိဳးစိတ္ျဖစ္တဲ့ အႀကီးဆုံး baleen ေဝလငါးေတြနဲ႔ ပုံစံတူ ျဖစ္ႏိုင္မယ္လို႔ ယူဆထားပါတယ္။

ကုန္းေျမကို ဒိုင္ႏိုေဆာေတြ လႊမ္းမိုးခဲ့သလိုပဲ ဧရာမ ေရေနတြားသြားသတၱဝါေတြဟာ ကမာၻ႔သမုဒၵရာကို အုပ္စိုးၾကပါတယ္။

ဒီအ႐ိုးစုေတြထဲက ေမး႐ိုးႏွစ္ခုကို ႐ူဘီေရးႏြိဳက္နဲ႔ သူမရဲ႕ဖခင္ ဂ်က္စတင္ေရးႏြိဳက္တို႔က ၂၀၂၀ ျပည့္ႏွစ္မွာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ၎တို႔သားအဖက အိုင္ခ္်သီယိုေဆာ ကြၽမ္းက်င္သူေတြနဲ႔ အဆိုပါ ဧရိယာကို ဆက္လက္ရွာေဖြခဲ့ရာမွာ ေနာက္ထပ္အစိတ္အပိုင္းေတြကို တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။

ကြၽမ္းက်င္သူေတြက အဆိုပါ အ႐ိုးစုေတြမွ အိုင္ခ္်သီယိုေဆာနဲ႔ပတ္သက္ၿပီး ဆက္လက္အေျဖရွာေနပါတယ္။

Related news

© 2021. All rights reserved.