သုသာန်အတွင်း၌ မေတ္တာပို့ဆုတောင်းနေသည့် သံဃာတော်(၄)ပါးကို PDF အဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် တစ်ပါးပျံလွန်တော်မူ

 2291

NP News - ဧပြီ ၁၉

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာသုသာန်တစ်ခုအတွင်း၌ မေတ္တာပို့ဆုတောင်းနေသည့် သံဃာတော်(၄)ပါးကို PDF အဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် တစ်ပါးပျံလွန်တော်မူကာ တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန် ထားသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၁၈ ရက်)၊ နံနက် ၁၀နာရီ ၁၅မိနစ်အချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာသုသာန်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ကြံ့ကွင်းကျေးရွာတွင်နေထိုင်သည့် ကျေးရွာနေဒေသခံပြည်သူများက အဆိုပါကျေးရွာသုသာန်၌ သံဃာတော်(၄)ပါးပင့်ဖိတ်၍ မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်နေစဉ် PDF အဖွဲ့ဝင် (၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဝါးသုံးပြူးကျေးရွာ၊ သီရိမာလာကျောင်းတိုက်မှ သက်တော်(၇၃) နှစ်၊ ဝါတော် (၂၂)ဝါရှိ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တပညာဝံသတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ထောက်ကြံ့ကွင်းကျေးရွာ၊ အောင်မြေသာသနာကျောင်းတိုက်မှ သက်တော်(၄၅)နှစ်၊ ဝါတော်(၂၅)ဝါရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကုန္ဒလဇောတိတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

လက်ရှိနစက အစိုးရလက်တွင် အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် သံဃာတော် အပါး (၁၀၀) ခန့် နှင့် သီလရှင် (၃)ပါးတို့ ပျံလွန်တော်မူထားကြောင်း သိရသည်။

zawgyi version
သုသာန္အတြင္း၌ ေမတၱာပို႔ဆုေတာင္းေနသည့္ သံဃာေတာ္(၄)ပါးကို PDF အဖြဲ႕က ေသနတ္ျဖင့္လာေရာက္ပစ္ခတ္မႈေၾကာင့္ တစ္ပါးပ်ံလြန္ေတာ္မူ
NP News - ဧၿပီ ၁၉

မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္ရွိ ေက်း႐ြာသုသာန္တစ္ခုအတြင္း၌ ေမတၱာပို႔ဆုေတာင္းေနသည့္ သံဃာေတာ္(၄)ပါးကို PDF အဖြဲ႕က ေသနတ္ျဖင့္လာေရာက္ပစ္ခတ္မႈေၾကာင့္ တစ္ပါးပ်ံလြန္ေတာ္မူကာ တစ္ပါးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ ထားသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၁၈ ရက္)၊ နံနက္ ၁၀နာရီ ၁၅မိနစ္အခ်ိန္တြင္ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ေထာက္ႀကံ့ကြင္းေက်း႐ြာသုသာန္၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေထာက္ႀကံ့ကြင္းေက်း႐ြာတြင္ေနထိုင္သည့္ ေက်း႐ြာေနေဒသခံျပည္သူမ်ားက အဆိုပါေက်း႐ြာသုသာန္၌ သံဃာေတာ္(၄)ပါးပင့္ဖိတ္၍ ေမတၱာပို႔ဆုေတာင္းပြဲ ျပဳလုပ္ေနစဥ္ PDF အဖြဲ႕ဝင္ (၂)ဦးက ဆိုင္ကယ္တစ္စီးျဖင့္ေရာက္ရွိလာကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဝါးသုံးျပဴးေက်း႐ြာ၊ သီရိမာလာေက်ာင္းတိုက္မွ သက္ေတာ္(၇၃) ႏွစ္၊ ဝါေတာ္ (၂၂)ဝါရွိ ေက်ာင္းထိုင္ ဆရာေတာ္ ဘဒၵႏၲပညာဝံသတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေထာက္ႀကံ့ကြင္းေက်း႐ြာ၊ ေအာင္ေျမသာသနာေက်ာင္းတိုက္မွ သက္ေတာ္(၄၅)ႏွစ္၊ ဝါေတာ္(၂၅)ဝါရွိ ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏၲ ကုႏၵလေဇာတိတြင္လည္း က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ဆရာေတာ္အား ေတာင္တြင္းႀကီးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိနစက အစိုးရလက္တြင္ အၾကမ္းဖက္သတ္ျဖတ္ခံရမႈေၾကာင့္ သံဃာေတာ္ အပါး (၁၀၀) ခန႔္ ႏွင့္ သီလရွင္ (၃)ပါးတို႔ ပ်ံလြန္ေတာ္မူထားေၾကာင္း သိရသည္။

Picture

Saya Ams

19/04/2024 16:59

အလွန်အဆင်နိမ့်ဥာဏ်နည်းရက်စက်သောလုပ်ရပ်ကိုလက်ခံနိုင်စရာမရှိပါ

Related news

© 2021. All rights reserved.