AA အဖွဲ့ခေါင်းဆောင်သည် လူမျိုးရေးပဋိပက္ခဖြစ်ပွားရန် လုပ်ဆောင်နေကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတုံ့ပြန်

 4302

မြူနစ် (NP News) - ဧပြီ ၁၉

ရခိုင်လက်နက်ကိုင် AA အဖွဲ့ခေါင်းဆောင်သည် လူမျိုးရေးပဋိပက္ခဖြစ်ပွားရန် လုပ်ဆောင်နေကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဧပြီ ၁၈ ရက်)ညပိုင်းတွင် ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီရေးသားချက်များ၊ ဖော်ပြချက်များသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားအောင်၊ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် ယုတ်မာတဲ့ လုပ်ကြံဖန်တီးရေးသားမှုများသာဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်”ဟု နစကပြောခွင့်ရက ဆိုသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ ရေးသားဖော်ပြသော The Indian Express သတင်းဌာနကိုလည်း နစကအနေဖြင့် အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားသည့်အခါတိုင်းတွင် ဘူးသီးတောင်မြို့သည် များသောအားဖြင့် ပဋိပက္ခကို ထိန်းသိမ်းနိုင်သည့်အခြေအနေရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဘာကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်လည်းဆိုတော့ အဲဒီမှာရှိတဲ့မွတ်စလင်အဖွဲ့အစည်းတွေ၊ ရခိုင်အဖွဲ့အစည်းတွေ၊ တပ်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့စတဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရဝန်ထမ်းတွေက အမြဲတမ်းညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်ခဲ့တဲ့အတွက် ဘူးသီးတောင်မြို့ပေါ်မှာ မွတ်စလင်အများစု နေထိုင်တယ်ဆိုပေမယ့် ပဋိပက္ခအနည်းငယ်ရှိကောင်းရှိမယ်။ ကြီးကြီးမားမားဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်မရှိခဲ့ဘူး။ ဒီအချိန်ကျမှ AA အနေနဲ့ ဒါကို လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်”ဟု ၎င်းက ထပ်မံပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခဖြစ်စဉ်များသည် ၁၉၄၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၁၂ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ဖူးသည်။ “အဲဒီမှာ ကျွန်တော်တို့ပြည်သူလူထု ရှင်းရှင်းလင်းလင်းသိဖို့က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်တုန်းကမှ စတင်ခဲ့တာမရှိဘူး။ လူမျိုးစုဘက်တစ်ဖက်ဖက်ကသာ စတင်ခဲ့တာရှိတယ်။ အဲဒီစတင်ခဲ့တဲ့ ပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပြန်လည်ထိန်းသိမ်းရတာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခဖြစ်ရင် ဘယ် လောက်အထိ ထိန်းသိမ်းရခက်ခဲတယ်ဆိုတာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းပိုင်းအားလုံးသိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် AA အဖွဲ့အနေဖြင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်ရှိ မွတ်စလင်ကျေးရွာများတွင် နေထိုင်သော ဒေသခံများကိုလည်း ၎င်းတို့နှင့်ပူးပေါင်း ပြောဆိုခြိမ်းခြောက်မှုများရှိနေကြောင်း နစကဘက်က ဆိုထားသည်။ လက်ရှိတွင် နစကအနေဖြင့် ဘူးသီးတောင်၊ မောင်တော်ဒေသ လုံခြုံမှုရှိစေရေးနှင့် ၎င်းဒေသရှိ တိုင်းရင်းသားများ၊ မွတ်စလင်များအားလုံးအနေဖြင့် ပဋိပက္ခများ မဖြစ်ပွားရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း နစကပြောခွင့်ရက ထုတ်ဖော်အသိပေးထားသည်။

zawgyi version
AA အဖြဲ႕ေခါင္းေဆာင္သည္ လူမ်ိဳးေရးပဋိပကၡျဖစ္ပြားရန္ လုပ္ေဆာင္ေနေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းတုံ႔ျပန္
ျမဴနစ္ (NP News) - ဧၿပီ ၁၉

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေခါင္းေဆာင္သည္ လူမ်ိဳးေရးပဋိပကၡျဖစ္ပြားရန္ လုပ္ေဆာင္ေနေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုံ႔ျပန္ေျပာဆိုထားသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ဧၿပီ ၁၈ ရက္)ညပိုင္းတြင္ ရခိုင္ျပည္နယ္အေျခအေနႏွင့္ပတ္သက္၍ ရွင္းလင္းေျပာဆိုရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းတုံ႔ျပန္ခဲ့ျခင္းျဖစ္သည္။

“အၾကမ္းဖက္ AA ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္ကလည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ျမန္မာႏိုင္ငံတြင္ ဟိႏၵဴဘာသာဝင္ ၁၆၀၀ နဲ႔ ဗုဒၶဘာသာဝင္ ၁၂၀ ကို အစၥလာမၼစ္အၾကမ္းဖက္အဖြဲ႕ေတြက ဖမ္းဆီးထားတယ္ဆိုၿပီးေတာ့ ေရးသားထားတာကို ေတြ႕ရပါတယ္။ ဒီေရးသားခ်က္မ်ား၊ ေဖာ္ျပခ်က္မ်ားသည္ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွာ လူမ်ိဳးေရး ပဋိပကၡျဖစ္ပြားေအာင္၊ တပ္မေတာ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို အထင္အျမင္လြဲေအာင္ တမင္သက္သက္ ယုတ္မာတဲ့ လုပ္ႀကံဖန္တီးေရးသားမႈမ်ားသာျဖစ္တယ္ဆိုတာကို ကြၽန္ေတာ္ေျပာခ်င္ပါတယ္”ဟု နစကေျပာခြင့္ရက ဆိုသည္။

အဆိုပါသတင္းမ်ားႏွင့္ပတ္သက္၍ ေရးသားေဖာ္ျပေသာ The Indian Express သတင္းဌာနကိုလည္း နစကအေနျဖင့္ အျပင္းအထန္ကန႔္ကြက္ရႈတ္ခ်ထားသည္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ႏွင့္ ေမာင္ေတာေဒသတို႔တြင္ လူမ်ိဳးေရးပဋိပကၡ ျဖစ္ပြားသည့္အခါတိုင္းတြင္ ဘူးသီးေတာင္ၿမိဳ႕သည္ မ်ားေသာအားျဖင့္ ပဋိပကၡကို ထိန္းသိမ္းႏိုင္သည့္အေျခအေနရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“ဘာေၾကာင့္ ထိန္းထိန္းသိမ္းသိမ္းလုပ္ႏိုင္လည္းဆိုေတာ့ အဲဒီမွာရွိတဲ့မြတ္စလင္အဖြဲ႕အစည္းေတြ၊ ရခိုင္အဖြဲ႕အစည္းေတြ၊ တပ္နဲ႔ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕စတဲ့ လုံၿခဳံေရးဆိုင္ရာ အဖြဲ႕အစည္းေတြ၊ အစိုးရဝန္ထမ္းေတြက အၿမဲတမ္းညႇိညႇိႏႈိင္းႏႈိင္း တိုင္တိုင္ပင္ပင္လုပ္ခဲ့တဲ့အတြက္ ဘူးသီးေတာင္ၿမိဳ႕ေပၚမွာ မြတ္စလင္အမ်ားစု ေနထိုင္တယ္ဆိုေပမယ့္ ပဋိပကၡအနည္းငယ္ရွိေကာင္းရွိမယ္။ ႀကီးႀကီးမားမားျဖစ္တဲ့ ျဖစ္႐ိုးျဖစ္စဥ္မရွိခဲ့ဘူး။ ဒီအခ်ိန္က်မွ AA အေနနဲ႔ ဒါကို လူမ်ိဳးေရးပဋိပကၡအသြင္ေဆာင္ေအာင္ လုပ္ေဆာင္ေနျခင္းသာျဖစ္ပါတယ္”ဟု ၎က ထပ္မံေျပာသည္။

ရခိုင္ျပည္နယ္အတြင္း၌ ျဖစ္ပြားခဲ့ေသာ လူမ်ိဳးေရးပဋိပကၡျဖစ္စဥ္မ်ားသည္ ၁၉၄၂ ခုႏွစ္၊ ၁၉၈၈ ခုႏွစ္၊ ၂၀၁၂ ခုႏွစ္တို႔တြင္ ျဖစ္ပြားခဲ့ဖူးသည္။ “အဲဒီမွာ ကြၽန္ေတာ္တို႔ျပည္သူလူထု ရွင္းရွင္းလင္းလင္းသိဖို႔က ရခိုင္ျပည္နယ္မွာျဖစ္ခဲ့တဲ့ လူမ်ိဳးေရးပဋိပကၡေတြကို တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ အစိုးရဝန္ထမ္းပိုင္းဆိုင္ရာအဖြဲ႕အစည္းေတြက ဘယ္တုန္းကမွ စတင္ခဲ့တာမရွိဘူး။ လူမ်ိဳးစုဘက္တစ္ဖက္ဖက္ကသာ စတင္ခဲ့တာရွိတယ္။ အဲဒီစတင္ခဲ့တဲ့ ပဋိပကၡေတြကို တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ လုံၿခဳံေရးအဖြဲ႕အစည္းေတြနဲ႔ အစိုးရဝန္ထမ္းေတြနဲ႔ ျပန္လည္ထိန္းသိမ္းရတာျဖစ္တယ္။ ရခိုင္ျပည္နယ္မွာ လူမ်ိဳးေရးပဋိပကၡျဖစ္ရင္ ဘယ္ ေလာက္အထိ ထိန္းသိမ္းရခက္ခဲတယ္ဆိုတာ တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ လုံၿခဳံေရးအဖြဲ႕ေတြနဲ႔ အစိုးရဝန္ထမ္းပိုင္းအားလုံးသိတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ျပင္ AA အဖြဲ႕အေနျဖင့္ ဘူးသီးေတာင္ၿမိဳ႕ပတ္ဝန္းက်င္ရွိ မြတ္စလင္ေက်း႐ြာမ်ားတြင္ ေနထိုင္ေသာ ေဒသခံမ်ားကိုလည္း ၎တို႔ႏွင့္ပူးေပါင္း ေျပာဆိုၿခိမ္းေျခာက္မႈမ်ားရွိေနေၾကာင္း နစကဘက္က ဆိုထားသည္။ လက္ရွိတြင္ နစကအေနျဖင့္ ဘူးသီးေတာင္၊ ေမာင္ေတာ္ေဒသ လုံၿခဳံမႈရွိေစေရးႏွင့္ ၎ေဒသရွိ တိုင္းရင္းသားမ်ား၊ မြတ္စလင္မ်ားအားလုံးအေနျဖင့္ ပဋိပကၡမ်ား မျဖစ္ပြားေရးကို ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္းလည္း နစကေျပာခြင့္ရက ထုတ္ေဖာ္အသိေပးထားသည္။

Related news

© 2021. All rights reserved.