အိန္ဒိယနိုင်ငံ မိုင်းတွင်းမှာ ကမ္ဘာ့အကြီးဆုံး မြွေအရိုးစု ရုပ်ကြွင်း ရှာဖွေတွေ့ရှိ

 11749

ရောင်နီ (NP News) - ဧပြီ ၂၀

အိန္ဒိယနိုင်ငံမှာ လီဂနိုက် သတ္တုတွင်းတစ်ခုမှ နှစ်ပေါင်း ၄၇ သန်း သက်တမ်းရှိ မြွေအရိုးကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိခဲ့ပါတယ်။

အရှည် ၁၅ မီတာအထိ အထိ ရှည်လျားတယ်လို့ ခန့်မှန်းခြေရှိတဲ့ မြွေ ကျောရိုး ၂၇ ခု ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ဧပြီ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

Vasuki indicus လို့ အမည်ပေးထားတဲ့ အဆိုပါ မြွေကြီးဟာ မျက်မှောက်ခေတ် စပါးအုံးမြွေကြီးနဲ့ ဆင်တူမယ်လို့ ဆိုပါတယ်။

၎င်းရဲ့ကြီးမားတဲ့ အရွယ်အစားကိုထည့်သွင်းစဉ်းစားမယ်ဆိုရင် Vasuki ဟာ အန်နာကွန်ဒါနဲ့ စပါးအုံးမြွေတွေလို သားကောင်ကို နှေးကွေးစွာ ချောင်းမြောင်းအမဲလိုက်တဲ့ မြွေအမျိုးအစားဖြစ်ပြီး၊ ကမ်းရိုးတန်းနားက စိမ့်တောတွေ ထဲမှာ နေထိုင်လေ့ရှိတယ် လို့ Indian Institute of Technology Roorkee (IITR) မှ palaeontology မှ ပါရဂူ ဘွဲ့လွန်သုတေသနပညာရှင် ဒေါက်တာ ဒီဘာဂျက်ဒက်တာ က ပြောကြားခဲ့ပါတယ်။

Vasuki အကြွင်းအကျန်အရ အလေးချိန် ခန့်မှန်း မက်ထရစ်တစ်တန် ရှိမယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်။

အဆိုပါမြွေကြီးဟာ ၂၀၀၉ ခုနှစ်က ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေးတွင်းတစ်ခုထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ သမိုင်းမတင်မီခေတ် မြွေကြီးဖြစ်တဲ့ Titanoboa နဲ့ ခေတ်ပြိုင်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

Vasuki မြွေကြီး စားသောက်ခဲ့တဲ့ အစားအစာတွေကို သေချာ မခန့်မှန်းနိုင်ပေမယ့် ၎င်းရဲ့ အရွယ်အစားအရ မိကျောင်းများ၊ လိပ်များ၊ ငါးတို့ကို စေားသောက်ခဲ့မယ်လို့ ယူဆထားပါတယ်။

Vasuki ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၉၀ ခန့်က ပေါ်ထွန်းခဲ့တဲ့ Madtsoiidae မြွေမျိုးရိုးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၂,၀၀၀ ခန့်က မျိုးသုဉ်းသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါမြွေတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀ ခန့်က အိန္ဒိယတိုက်ငယ်မှ ယူရေးရှား တောင်ပိုင်းနဲ့ မြောက်အာဖရိကကို ပျံ့နှံ့သွားခဲ့ခြင်းဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံ မိုင္းတြင္းမွာ ကမာၻ႔အႀကီးဆုံး ေႁမြအ႐ိုးစု ႐ုပ္ႂကြင္း ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - ဧၿပီ ၂၀

အိႏၵိယႏိုင္ငံမွာ လီဂႏိုက္ သတၱဳတြင္းတစ္ခုမွ ႏွစ္ေပါင္း ၄၇ သန္း သက္တမ္းရွိ ေႁမြအ႐ိုးေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ား ေတြ႕ရွိခဲ့ပါတယ္။

အရွည္ ၁၅ မီတာအထိ အထိ ရွည္လ်ားတယ္လို႔ ခန္႔မွန္းေျခရွိတဲ့ ေႁမြ ေက်ာ႐ိုး ၂၇ ခု ျပန္လည္ေတြ႕ရွိခဲ့တယ္လို႔ သိပၸံပညာရွင္ေတြက ဧၿပီ ၁၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

Vasuki indicus လို႔ အမည္ေပးထားတဲ့ အဆိုပါ ေႁမြႀကီးဟာ မ်က္ေမွာက္ေခတ္ စပါးအုံးေႁမြႀကီးနဲ႔ ဆင္တူမယ္လို႔ ဆိုပါတယ္။

၎ရဲ႕ႀကီးမားတဲ့ အ႐ြယ္အစားကိုထည့္သြင္းစဥ္းစားမယ္ဆိုရင္ Vasuki ဟာ အန္နာကြန္ဒါနဲ႔ စပါးအုံးေႁမြေတြလို သားေကာင္ကို ေႏွးေကြးစြာ ေခ်ာင္းေျမာင္းအမဲလိုက္တဲ့ ေႁမြအမ်ိဳးအစားျဖစ္ၿပီး၊ ကမ္း႐ိုးတန္းနားက စိမ့္ေတာေတြ ထဲမွာ ေနထိုင္ေလ့ရွိတယ္ လို႔ Indian Institute of Technology Roorkee (IITR) မွ palaeontology မွ ပါရဂူ ဘြဲ႕လြန္သုေတသနပညာရွင္ ေဒါက္တာ ဒီဘာဂ်က္ဒက္တာ က ေျပာၾကားခဲ့ပါတယ္။

Vasuki အႂကြင္းအက်န္အရ အေလးခ်ိန္ ခန္႔မွန္း မက္ထရစ္တစ္တန္ ရွိမယ္လို႔ အၾကမ္းဖ်င္း ခန႔္မွန္းထားပါတယ္။

အဆိုပါေႁမြႀကီးဟာ ၂၀၀၉ ခုႏွစ္က ကိုလံဘီယာႏိုင္ငံ ေျမာက္ပိုင္းရွိ ေက်ာက္မီးေသြးတြင္းတစ္ခုထဲက ရွာေဖြေတြ႕ရွိခဲ့တဲ့ သမိုင္းမတင္မီေခတ္ ေႁမြႀကီးျဖစ္တဲ့ Titanoboa နဲ႔ ေခတ္ၿပိဳင္ျဖစ္မယ္လို႔ ခန္႔မွန္းထားပါတယ္။

Vasuki ေႁမြႀကီး စားေသာက္ခဲ့တဲ့ အစားအစာေတြကို ေသခ်ာ မခန္႔မွန္းႏိုင္ေပမယ့္ ၎ရဲ႕ အ႐ြယ္အစားအရ မိေက်ာင္းမ်ား၊ လိပ္မ်ား၊ ငါးတို႔ကို ေစားေသာက္ခဲ့မယ္လို႔ ယူဆထားပါတယ္။

Vasuki ဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၉၀ ခန႔္က ေပၚထြန္းခဲ့တဲ့ Madtsoiidae ေႁမြမ်ိဳး႐ိုးရဲ႕ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ ၁၂,၀၀၀ ခန႔္က မ်ိဳးသုဥ္းသြားခဲ့တာ ျဖစ္ပါတယ္။

အဆိုပါေႁမြေတြဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၅၀ ခန႔္က အိႏၵိယတိုက္ငယ္မွ ယူေရးရွား ေတာင္ပိုင္းနဲ႔ ေျမာက္အာဖရိကကို ပ်ံ႕ႏွံ႔သြားခဲ့ျခင္းျဖစ္မယ္လို႔ ခန္႔မွန္းထားပါတယ္။

Related news

© 2021. All rights reserved.