မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီအမှတ်(၂)တံတား၌ တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်၊ အရပ်သားများစွာ ထိုင်းဘက်တွင် စစ်ဘေးရှောင်နေရ

2420

မြူနစ် (NP News) - ဧပြီ ၂၀
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီအမှတ်(၂)တံတားတွင် တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားများစွာ ထိုင်းနိုင်ငံဘက်ခြမ်းတွင် စစ်ဘေးရှောင်နေရလျက်ရှိကြောင်း သတင်းရရှိသည်။
မြဝတီအမှတ်(၂)တံတားအနီးတွင်ရှိနေသော တပ်မတော်လုံခြုံရေးအဖွဲ့ကို KNLA၊ PDF ပူးပေါင်းအဖွဲ့များက ယမန်နေ့(ဧပြီ ၁၉ ရက်)၊ ညပိုင်းတွင် ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း မြဝတီမြို့ခံများက ပြောသည်။
“အမှတ်(၂)တံတားကို မနေ့ညလောက်ကတည်းက ဒရော့ဗုံးချတယ်။ ချပြီးတော့ ညက တည်းက သူတို့ ဝိုင်းထားတယ်။ တော်လျှောက်တိုက်နေတယ်။ တံတား(၂)မှာက (၂၇၅)တပ်ကနေ ရွေ့သွားတဲ့အဖွဲ့တွေရှိတယ်။ တံတားက နယ်စပ်ဘက်ကို တအားရောက်တယ်။ အဲဒီအဖွဲ့တွေကို KNLA က တိုက်တာပေါ့။ အသေအပျောက်စာရင်းတော့ မသိရသေးဘူး။ အခု တော့ တပ်မတော်ဘက်က လေယာဉ် Y-12 နဲ့ ဗုံးကြဲနေတာရှိတယ်”ဟု မြဝတီမြို့ခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် မြဝတီမြို့ အမှတ်(၂)တံတားအနီးတွင် လက်နက်ငယ်ပစ်ခတ်မှုများမှာ ရပ်တန့်နေလျက်ရှိသော်လည်း ဗုံးကြဲတိုက်ခိုက်သည့်ဖြစ်စဉ်များမှာ ဆက်လက်ရှိနေသေးကြောင်း ယနေ့(ဧပြီ ၂၀ ရက်)၊ နံနက် ၉ နာရီအချိန်ခန့်တွင် မြဝတီမြို့ခံများက ပြောသည်။
ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသည့် အမှတ်(၂)တံတားသည် မြဝတီမြို့၏ အမှတ်(၅)ရပ်ကွက်အတွင်း တည်ရှိသော တံတားတစ်စင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားသောဧရိယာရှိ ဒေသခံပြည်သူများအနေဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရွှေ့ပြောင်းစစ်ဘေးရှောင်နေလျက်ရှိကြောင်း သိရသည်။
“တိုက်ပွဲစဖြစ်တုန်းကတော့ စစ်ဘေးရှောင်တွေကို ထိုင်းဘက်က လက်မခံသေးဘူး။ ဒီနေ့ (ဧပြီ ၂၀ ရက်) မနက် ၈ နာရီ လောက်အထိကို ထိုင်းဘက်က လက်မခံဘူး။ ပိတ်ထားတယ်။ ဒါပေမဲ့ မနက် ၉ နာရီလောက်မှာ ဖွင့်ပေးတယ်။ လက်ခံနေတယ်ပေါ့။ စုစုပေါင်း စစ်ဘေးရှောင် (၂၀၀)ကျော်လောက်ကို လက်ခံထားတယ်လို့ သိရတယ်” ဟု မြဝတီမြို့ခံက ဆက်လက်ပြောသည်။
အထက်ပါကဲ့သို့ အမှတ်(၂)တံတားအနီးတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြဝတီမြို့လယ်ခေါင်တွင် ပြည်သူလူထုအနေဖြင့် ပုံမှန်နေထိုင်သွားလာနေလျက်ရှိကြောင်း သိရသည်။
KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းအတွင်းက မြဝတီမြို့အနီးရှိ တပ်မတော်၏ ခလရ(၂၇၅)တပ်ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်ဘက်က ဆုတ်ခွာပေးခဲ့ရသည့်အခြေအနေရှိခဲ့သည်။

ျမန္မာ-ထိုင္းနယ္စပ္ရွိ ျမဝတီအမွတ္(၂)တံတား၌ တပ္မေတာ္ႏွင့္ KNLA ပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲျဖစ္၊ အရပ္သားမ်ားစြာ ထိုင္းဘက္တြင္ စစ္ေဘးေရွာင္ေနရ
ျမဴနစ္ (NP News) - ဧၿပီ ၂၀
ျမန္မာ-ထိုင္းနယ္စပ္ရွိ ျမဝတီအမွတ္(၂)တံတားတြင္ တပ္မေတာ္ႏွင့္ KNLA ပူးေပါင္းအဖြဲ႕တို႔ၾကားတိုက္ပြဲျဖစ္ပြားခဲ့ၿပီး အရပ္သားမ်ားစြာ ထိုင္းႏိုင္ငံဘက္ျခမ္းတြင္ စစ္ေဘးေရွာင္ေနရလ်က္ရွိေၾကာင္း သတင္းရရွိသည္။
ျမဝတီအမွတ္(၂)တံတားအနီးတြင္ရွိေနေသာ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ကို KNLA၊ PDF ပူးေပါင္းအဖြဲ႕မ်ားက ယမန္ေန႔(ဧၿပီ ၁၉ ရက္)၊ ညပိုင္းတြင္ ဒ႐ုန္းျဖင့္ စတင္တိုက္ခိုက္ခဲ့ေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားက ေျပာသည္။
“အမွတ္(၂)တံတားကို မေန႔ညေလာက္ကတည္းက ဒေရာ့ဗုံးခ်တယ္။ ခ်ၿပီးေတာ့ ညက တည္းက သူတို႔ ဝိုင္းထားတယ္။ ေတာ္ေလွ်ာက္တိုက္ေနတယ္။ တံတား(၂)မွာက (၂၇၅)တပ္ကေန ေ႐ြ႕သြားတဲ့အဖြဲ႕ေတြရွိတယ္။ တံတားက နယ္စပ္ဘက္ကို တအားေရာက္တယ္။ အဲဒီအဖြဲ႕ေတြကို KNLA က တိုက္တာေပါ့။ အေသအေပ်ာက္စာရင္းေတာ့ မသိရေသးဘူး။ အခု ေတာ့ တပ္မေတာ္ဘက္က ေလယာဥ္ Y-12 နဲ႔ ဗုံးႀကဲေနတာရွိတယ္”ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ျမဝတီၿမိဳ႕ အမွတ္(၂)တံတားအနီးတြင္ လက္နက္ငယ္ပစ္ခတ္မႈမ်ားမွာ ရပ္တန႔္ေနလ်က္ရွိေသာ္လည္း ဗုံးႀကဲတိုက္ခိုက္သည့္ျဖစ္စဥ္မ်ားမွာ ဆက္လက္ရွိေနေသးေၾကာင္း ယေန႔(ဧၿပီ ၂၀ ရက္)၊ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ ျမဝတီၿမိဳ႕ခံမ်ားက ေျပာသည္။
ယခုကဲ့သို႔ တိုက္ပြဲျဖစ္ပြားေနသည့္ အမွတ္(၂)တံတားသည္ ျမဝတီၿမိဳ႕၏ အမွတ္(၅)ရပ္ကြက္အတြင္း တည္ရွိေသာ တံတားတစ္စင္းျဖစ္ကာ တိုက္ပြဲျဖစ္ပြားေသာဧရိယာရွိ ေဒသခံျပည္သူမ်ားအေနျဖင့္ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ေ႐ႊ႕ေျပာင္းစစ္ေဘးေရွာင္ေနလ်က္ရွိေၾကာင္း သိရသည္။
“တိုက္ပြဲစျဖစ္တုန္းကေတာ့ စစ္ေဘးေရွာင္ေတြကို ထိုင္းဘက္က လက္မခံေသးဘူး။ ဒီေန႔ (ဧၿပီ ၂၀ ရက္) မနက္ ၈ နာရီ ေလာက္အထိကို ထိုင္းဘက္က လက္မခံဘူး။ ပိတ္ထားတယ္။ ဒါေပမဲ့ မနက္ ၉ နာရီေလာက္မွာ ဖြင့္ေပးတယ္။ လက္ခံေနတယ္ေပါ့။ စုစုေပါင္း စစ္ေဘးေရွာင္ (၂၀၀)ေက်ာ္ေလာက္ကို လက္ခံထားတယ္လို႔ သိရတယ္” ဟု ျမဝတီၿမိဳ႕ခံက ဆက္လက္ေျပာသည္။
အထက္ပါကဲ့သို႔ အမွတ္(၂)တံတားအနီးတြင္ တိုက္ပြဲမ်ားျဖစ္ပြားေနေသာ္လည္း ျမဝတီၿမိဳ႕လယ္ေခါင္တြင္ ျပည္သူလူထုအေနျဖင့္ ပုံမွန္ေနထိုင္သြားလာေနလ်က္ရွိေၾကာင္း သိရသည္။
KNLA၊ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္းက ျမဝတီၿမိဳ႕အနီးရွိ တပ္မေတာ္၏ ခလရ(၂၇၅)တပ္ကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္အတြက္ တပ္မေတာ္ဘက္က ဆုတ္ခြာေပးခဲ့ရသည့္အေျခအေနရွိခဲ့သည္။