ပူတာအိုရှိ ဦးတေဇပိုင် မလိခဟိုတယ်တွင် ဂတ်စ်အိုးယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ(၂)လုံး မီးလောင်ဆုံးရှုံးခဲ့

 1061

စော (NP News) - ဧပြီ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ဦးတေဇပိုင် မလိခဟိုတယ်၌ ဂတ်စ်အိုးယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ (၂)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ပူတာအိုခရိုင်မီးသတ်စခန်းထံမှ သိရသည်။

မီးလောင်မှုဖြစ်စဉ်သည် ယ‌နေ့ (ဧပြီလ ၂၀ရက်)၊ နံနက် (၆)နာရီခွဲဝန်းကျင်အချိန်တွင် ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်ရှိ မလိခဟိုတယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဘယ်ကနေစလောင်တာလဲဆိုတော့ ဂတ်စ်အိုးယိုစိမ့်တာကနေ လောင်တာပါ။ မီးဖိုဆောင်ရယ်၊ ထမင်းစားဆောင်ရယ် အဲဒါလေးလောင်သွားတာပါ ”ဟု ပူတာအိုခရိုင်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုကြောင့် အဆောက်အအုံ(၂)လုံး နှင့် အခြားပစ္စည်းများ ပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မီးလောင်မှုအား ပူတာအိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၇)နာရီ ဝန်းကျင်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးတေဇပိုင် Milikaha Lodge Hotel အနေဖြင့် ဟိုတယ်၏ စားသောက်ခန်းအသေး၊ မီးဖိုချောင်နှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဘန်ဂလိုတစ်ခု၏ ခေါင်မိုးတို့တွင်သာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဟိုတယ်၏ လုပ်ငန်းလည်ပတ်မှု အလုံးစုံကို ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မလိခဟိုတယ်၏ management အနေဖြင့် နောင်တွင် ယခုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် လိုအပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟိုတယ်သည် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ပူတာအိုရွိ ဦးေတဇပိုင္ မလိခဟိုတယ္တြင္ ဂတ္စ္အိုးယိုစိမ့္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အေဆာက္အအုံ(၂)လုံး မီးေလာင္ဆုံးရႈံးခဲ့
ေစာ (NP News) - ဧၿပီ ၂၀

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕ရွိ ဦးေတဇပိုင္ မလိခဟိုတယ္၌ ဂတ္စ္အိုးယိုစိမ့္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အေဆာက္အအုံ (၂)လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း ပူတာအိုခ႐ိုင္မီးသတ္စခန္းထံမွ သိရသည္။

မီးေလာင္မႈျဖစ္စဥ္သည္ ယ‌ေန႔ (ဧၿပီလ ၂၀ရက္)၊ နံနက္ (၆)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ပူတာအိုၿမိဳ႕၊ မူလာရွီးဒီရပ္ကြက္ရွိ မလိခဟိုတယ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ဘယ္ကေနစေလာင္တာလဲဆိုေတာ့ ဂတ္စ္အိုးယိုစိမ့္တာကေန ေလာင္တာပါ။ မီးဖိုေဆာင္ရယ္၊ ထမင္းစားေဆာင္ရယ္ အဲဒါေလးေလာင္သြားတာပါ ”ဟု ပူတာအိုခ႐ိုင္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ အေဆာက္အအုံ(၂)လုံး ႏွင့္ အျခားပစၥည္းမ်ား ပ်က္စီးဆုံးရႈံးမႈရွိခဲ့ေသာ္လည္း လူထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

မီးေလာင္မႈအား ပူတာအိုၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၂)စီး၊ သေႏၶမီးသတ္တပ္ဖြဲဝင္မ်ားျဖင့္ သြားေရာက္ျငႇိမ္းသတ္ခဲ့ရာ နံနက္ (၇)နာရီ ဝန္းက်င္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဦးေတဇပိုင္ Milikaha Lodge Hotel အေနျဖင့္ ဟိုတယ္၏ စားေသာက္ခန္းအေသး၊ မီးဖိုေခ်ာင္ႏွင့္ ၎ႏွင့္ဆက္စပ္လ်က္ရွိသည့္ ဘန္ဂလိုတစ္ခု၏ ေခါင္မိုးတို႔တြင္သာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ဟိုတယ္၏ လုပ္ငန္းလည္ပတ္မႈ အလုံးစုံကို ထိခိုက္မႈမရွိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ မလိခဟိုတယ္၏ management အေနျဖင့္ ေနာင္တြင္ ယခုျဖစ္စဥ္မ်ိဳး ထပ္မံမျဖစ္ပြားေစရန္အတြက္ လိုအပ္သည့္ ေဘးအႏၲရာယ္ကင္းရွင္းေရး အစီအမံမ်ားကို ‌ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဟိုတယ္သည္ ပုံမွန္အတိုင္း လည္ပတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.