မလေးရှားမှာ အမျိုးသမီးတစ်ဦးက Down Syndrome ရောဂါရှိတဲ့ အမျိုးသားကို ဓာတ်လှေကားထဲ ရေနွေးပူနဲ့ ပက်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရ

 623

ရောင်နီ (NP News) - ဧပြီ ၂၁

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်မှာ ဓာတ်လှေကားအတွင်း Down Syndrome ရောဂါရှိတဲ့ အမျိုးသားတစ်ဦးကို ရေနွေးပူပူနဲ့ပက်ခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါ အမျိုးသမီးကို ဧပြီ ၁၉ ရက် ည ၉ နာရီ ၂၀ မိနစ်မှာ သူမနေထိုင်တဲ့ Bayan Lepas တိုက်ခန်းမှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမကို အဆိုပါ ကိုယ်ထိလက်ရောက် စော်ကားမှုအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် Down Syndrome ရောဂါရှိတဲ့အမျိုးသားတစ်ဦးဟာ ၁၆ လွှာရှိ ၎င်းရဲ့ တိုက်ခန်းကို ပြန်လာစဉ် အဆောက်အအုံ ဓာတ်လှေကားအတွင်း ရေနွေးနဲ့ ပက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ရဲ့ CCTV ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး အမျိုးသမီးရဲ့ လုပ်ရပ်ကို ဝေဖန်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ အဆိုပါ ရေနွေးနဲ့အပတ်ခံရသူရဲ့ ညီမဖြစ်သူက ရဲတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမျိူးသားဟာ ပီနန်ဆေးရုံမှာ ကုသမှု ခံယူနေပြီး အမျိုးသားရဲ့ ခန္ဓာကိုယ် အရှေ့နဲ့ နောက်ကျောမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆေးအရာရှိတွေက အတည်ပြုခဲ့ပါတယ်။

zawgyi version
မေလးရွားမွာ အမ်ိဳးသမီးတစ္ဦးက Down Syndrome ေရာဂါရွိတဲ့ အမ်ိဳးသားကို ဓာတ္ေလွကားထဲ ေရေႏြးပူနဲ႔ ပက္ခဲ့မႈေၾကာင့္ ဖမ္းဆီးခံခဲ့ရ
ေရာင္နီ (NP News) - ဧၿပီ ၂၁

မေလးရွားႏိုင္ငံ၊ ပီနန္ျပည္နယ္မွာ ဓာတ္ေလွကားအတြင္း Down Syndrome ေရာဂါရွိတဲ့ အမ်ိဳးသားတစ္ဦးကို ေရေႏြးပူပူနဲ႔ပက္ခဲ့တဲ့ အသက္ ၃၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။

အဆိုပါ အမ်ိဳးသမီးကို ဧၿပီ ၁၉ ရက္ ည ၉ နာရီ ၂၀ မိနစ္မွာ သူမေနထိုင္တဲ့ Bayan Lepas တိုက္ခန္းမွာပဲ ဖမ္းဆီးရမိခဲ့တယ္လို႔ မေလးရွား ရဲတပ္ဖြဲ႕က ေျပာပါတယ္။ သူမကို အဆိုပါ ကိုယ္ထိလက္ေရာက္ ေစာ္ကားမႈအတြက္ စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ Down Syndrome ေရာဂါရွိတဲ့အမ်ိဳးသားတစ္ဦးဟာ ၁၆ လႊာရွိ ၎ရဲ႕ တိုက္ခန္းကို ျပန္လာစဥ္ အေဆာက္အအုံ ဓာတ္ေလွကားအတြင္း ေရေႏြးနဲ႔ ပက္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ရဲ႕ CCTV ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔သြားၿပီး အမ်ိဳးသမီးရဲ႕ လုပ္ရပ္ကို ေဝဖန္မႈေတြ အမ်ားအျပား ရွိခဲ့ပါတယ္။ အဆိုပါ ေရေႏြးနဲ႔အပတ္ခံရသူရဲ႕ ညီမျဖစ္သူက ရဲတပ္ဖြဲ႕ဆီ အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ အမ်ိဴးသားဟာ ပီနန္ေဆး႐ုံမွာ ကုသမႈ ခံယူေနၿပီး အမ်ိဳးသားရဲ႕ ခႏၶာကိုယ္ အေရွ႕နဲ႔ ေနာက္ေက်ာမွာ မီးေလာင္ဒဏ္ရာေတြ ရရွိခဲ့တယ္လို႔ ေဆးအရာရွိေတြက အတည္ျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.