စစ်ဘက်ဆိုင်ရာ အကြီးစားပြင်ဆင်မှုတစ်ရပ်ကို တရုတ်သမ္မတရှီကျင့်ဖျင် ထုတ်ပြန် ကြေညာ

 1440

Pika (NP News) - ဧပြီ ၂၁

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ပေါင်းစပ်စစ်ပွဲကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တာဝန်ယူမယ့် သတင်းထောက်ပံ့ရေးတပ်ဖွဲ့အသစ်ကို ဖန်တီးခဲ့ပြီး စစ်ဘက်ဆိုင်ရာ အကြီးစားပြန်လည်ပြင်ဆင်မှုတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။

ရှီကျင့်ဖျင်ဟာ ဧပြီလ(၁၉)ရက်နေ့က ဘေဂျင်းမြို့မှာကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ယခုလိုထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ခေတ်သစ်မှာ စစ်တပ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ၊ သိပ္ပံပညာတွေ၊ စွမ်းရည်အသစ်တွေနဲ့အတူ ကိုယ်ပိုင်စွမ်းဆောင်ရည်ကို မြှင့်တင်ရမယ်လို့ ရှီကျင့်ဖျင်ကပြောဆိုခဲ့ပါတယ်။ ရှီကျင့်ဖျင်ဟာ အသစ်ဖန်တီးထားတဲ့ တပ်ဖွဲ့ကို သတင်းအချက်အလက်စနစ်ကွန်ရက်တွေကို ပေါင်းစည်းဖို့နဲ့ အသုံးပြုဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးမယ့် မဟာဗျူဟာမြောက်တပ်ဖွဲ့အသစ်တစ်ခုလို့ ဖော်ပြပြောဆိုခဲ့ပါတယ်။ ရှီကျင့်ဖျင်က 'ဒီတပ်ဖွဲ့အသစ်ဟာ ခေတ်မီစစ်ပွဲတွေမှာ တရုတ်စစ်တပ်ရဲ့ အရည်အသွေးမြင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းတွေကို မြှင့်တင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါလိမ့်မယ်။”လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရှီကျင့်ဖျင်ဟာ ဗိုလ်ချုပ်ကြီးဘိုင်ရီကို စစ်ဘက်ဌာနခွဲအသစ်ရဲ့ တပ်မှူးအဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးလီဝေကို political commissar အဖြစ် ခန့်အပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ချော့မွေ့တဲ့သတင်းအချက်အလက်လင့်တွေ၊ ပေါင်းစည်းထားတဲ့ သတင်းရင်းမြစ်တွေနဲ့ သတင်းအချက်အလက်ကာကွယ်ရေးကို အားကောင်းအောင်လုပ်ဆောင်ဖို့ကလည်း အရေးကြီးတယ်လို့ ရှီကျင့်ဖျင်က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ရှီကျင့်ဖျင်ရဲ့ ပြန်လည်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး Wu Qian က မှတ်ချက်ပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ Wu Qian က'လက်ရှိအချိန်မှာ တရုတ်စစ်တပ်မှာ ကြည်းတပ်၊ရေတပ်၊လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့အပြင် နောက်ထပ်တပ်ဖွဲ့လေးခုဖြစ်တဲ့ အာကာသတပ်ဖွဲ့၊ဆိုက်ဘာအာကာသတပ်ဖွဲ့၊သတင်းအချက်အလက်ထောက်ပံ့ရေးတပ်ဖွဲ့နဲ့ ပူးတွဲထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့တို့ ရှိလာပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
စစ္ဘက္ဆိုင္ရာ အႀကီးစားျပင္ဆင္မႈတစ္ရပ္ကို တ႐ုတ္သမၼတရွီက်င့္ဖ်င္ထုတ္ျပန္ေၾကညာ
Pika (NP News) - ဧၿပီ ၂၁

တ႐ုတ္သမၼတရွီက်င့္ဖ်င္ဟာ ေပါင္းစပ္စစ္ပြဲကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ တာဝန္ယူမယ့္ သတင္းေထာက္ပံ့ေရးတပ္ဖြဲ႕အသစ္ကို ဖန္တီးခဲ့ၿပီး စစ္ဘက္ဆိုင္ရာ အႀကီးစားျပန္လည္ျပင္ဆင္မႈတစ္ရပ္ကို ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။

ရွီက်င့္ဖ်င္ဟာ ဧၿပီလ(၁၉)ရက္ေန႔က ေဘဂ်င္းၿမိဳ႕မွာက်င္းပတဲ့ အခမ္းအနားတစ္ခုမွာ ယခုလိုထုတ္ျပန္ေၾကညာခဲ့တာပဲျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ေခတ္သစ္မွာ စစ္တပ္ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးစားေပးေဆာင္႐ြက္ရမွာျဖစ္ၿပီး ျပဳျပင္ေျပာင္းလဲမႈေတြ၊ သိပၸံပညာေတြ၊ စြမ္းရည္အသစ္ေတြနဲ႔အတူ ကိုယ္ပိုင္စြမ္းေဆာင္ရည္ကို ျမႇင့္တင္ရမယ္လို႔ ရွီက်င့္ဖ်င္ကေျပာဆိုခဲ့ပါတယ္။ ရွီက်င့္ဖ်င္ဟာ အသစ္ဖန္တီးထားတဲ့ တပ္ဖြဲ႕ကို သတင္းအခ်က္အလက္စနစ္ကြန္ရက္ေတြကို ေပါင္းစည္းဖို႔နဲ႔ အသုံးျပဳဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ ပံ့ပိုးကူညီမႈေတြ လုပ္ေဆာင္ေပးမယ့္ မဟာဗ်ဴဟာေျမာက္တပ္ဖြဲ႕အသစ္တစ္ခုလို႔ ေဖာ္ျပေျပာဆိုခဲ့ပါတယ္။ ရွီက်င့္ဖ်င္က 'ဒီတပ္ဖြဲ႕အသစ္ဟာ ေခတ္မီစစ္ပြဲေတြမွာ တ႐ုတ္စစ္တပ္ရဲ႕ အရည္အေသြးျမင့္တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းေတြကို ျမႇင့္တင္ဖို႔အတြက္ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္လာပါလိမ့္မယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ရွီက်င့္ဖ်င္ဟာ ဗိုလ္ခ်ဳပ္ႀကီးဘိုင္ရီကို စစ္ဘက္ဌာနခြဲအသစ္ရဲ႕ တပ္မႉးအျဖစ္ ခန႔္အပ္ခဲ့ၿပီး ဗိုလ္ခ်ဳပ္ႀကီးလီေဝကို political commissar အျဖစ္ ခန႔္အပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ေခ်ာ့ေမြ႕တဲ့သတင္းအခ်က္အလက္လင့္ေတြ၊ ေပါင္းစည္းထားတဲ့ သတင္းရင္းျမစ္ေတြနဲ႔ သတင္းအခ်က္အလက္ကာကြယ္ေရးကို အားေကာင္းေအာင္လုပ္ေဆာင္ဖို႔ကလည္း အေရးႀကီးတယ္လို႔ ရွီက်င့္ဖ်င္က မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ ရွီက်င့္ဖ်င္ရဲ႕ ျပန္လည္ျပင္ဆင္မႈေတြနဲ႔ပတ္သက္ၿပီး ကာကြယ္ေရးဝန္ႀကီး Wu Qian က မွတ္ခ်က္ျပဳေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ Wu Qian က'လက္ရွိအခ်ိန္မွာ တ႐ုတ္စစ္တပ္မွာ ၾကည္းတပ္၊ေရတပ္၊ေလတပ္နဲ႔ ဒုံးက်ည္တပ္ဖြဲ႕အျပင္ ေနာက္ထပ္တပ္ဖြဲ႕ေလးခုျဖစ္တဲ့ အာကာသတပ္ဖြဲ႕၊ဆိုက္ဘာအာကာသတပ္ဖြဲ႕၊သတင္းအခ်က္အလက္ေထာက္ပံ့ေရးတပ္ဖြဲ႕နဲ႔ ပူးတြဲေထာက္ပံ့ပို႔ေဆာင္ေရးတပ္ဖြဲ႕တို႔ ရွိလာပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.