ဂျပန်ရေတပ်ရဟတ်ယာဉ်နှစ်စင်း စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်နေစဉ်အချိန်အတွင်း ပျက်ကျ

 740

Pika (NP News) - ဧပြီ ၂၁

ဂျပန်ရေကြောင်းခုခံကာကွယ်ရေးတပ်ဖွဲ့ရဲ့ရဟတ်ယာဉ်(၂)စင်းဟာ ဧပြီလ(၂၀)ရက် နှောင်းပိုင်းက ပစိဖိတ် သမုဒ္ဒရာမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း ပျက်ကျခဲ့ပြီး တပ်ဖွဲ့ဝင်(၁)ဦး သေဆုံးကာ အခြား(၇)ဦး ပျောက်ဆုံးနေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ဧပြီလ(၂၁)ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

အဲဒီရဟတ်ယာဉ်နှစ်စင်းဟာ ညအချိန်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း Izu ကျွန်းစု Torishima ကျွန်းအရှေ့ဘက် (၂၇၀)ကီလိုမီတာအကွာရေပြင်မှာ ပျက်ကျခဲ့တာလို့လည်း သိရပါတယ်။ ရဟတ်ယာဉ်နှစ်စင်းဟာ စစ်ရေးလေ့ကျင့်မှုအတွင်း အချင်းချင်းတိုက်မိခဲ့ပုံပေါ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Minoru Kihara က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Izu ကျွန်းစုဟာ တိုကျိုမြို့တောင်ဘက်မှာ တည်ရှိတယ်လို့လည်း သိရပါတယ်။ တပ်ဖွဲ့ဝင်(၄)ဦးစီ တင်ဆောင်လာ တဲ့ SH-60K ရဟတ်ယာဉ်နှစ်စင်းဟာ ည(၁ဝ)နာရီ (၃၈)မိနစ်နဲ့ (၁၁)နာရီ (၄)မိနစ်တို့မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာလို့လည်း သိရပါတယ်။ ဂျပန်ရေကြောင်းခုခံကာကွယ်ရေးတပ်ဖွဲ့ဟာ အရေးပေါ်အချက်ပြ မှုကို ည(၁ဝ)နာရီ (၃၉)မိနစ်မှာ လက်ခံရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ရဟတ်ယာဉ်နှစ်စင်းလုံးရဲ့ပျံသန်းမှုမှတ်တမ်းတင်တဲ့စက်တွေကို ပျက်ကျရာနေရာအနီးမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ပန်ကာဒလက်တွေနဲ့ အခြားအပျက်အစီးတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ Minoru Kihara က ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း SH-60K ရဟတ်ယာဉ်နှစ်စင်း ပျက်ကျရတဲ့အကြောင်းအရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်း လင်းလင်း မသိရှိရသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္ေရတပ္ရဟတ္ယာဥ္ႏွစ္စင္း စစ္ေရးေလ့က်င့္မႈလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ပ်က္က်
Pika (NP News) - ဧၿပီ ၂၁

ဂ်ပန္ေရေၾကာင္းခုခံကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ရဟတ္ယာဥ္(၂)စင္းဟာ ဧၿပီလ(၂၀)ရက္ ေႏွာင္းပိုင္းက ပစိဖိတ္ သမုဒၵရာမွာ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ပ်က္က်ခဲ့ၿပီး တပ္ဖြဲ႕ဝင္(၁)ဦး ေသဆုံးကာ အျခား(၇)ဦး ေပ်ာက္ဆုံးေနတယ္လို႔ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးက ဧၿပီလ(၂၁)ရက္မွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

အဲဒီရဟတ္ယာဥ္ႏွစ္စင္းဟာ ညအခ်ိန္မွာ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း Izu ကြၽန္းစု Torishima ကြၽန္းအေရွ႕ဘက္ (၂၇၀)ကီလိုမီတာအကြာေရျပင္မွာ ပ်က္က်ခဲ့တာလို႔လည္း သိရပါတယ္။ ရဟတ္ယာဥ္ႏွစ္စင္းဟာ စစ္ေရးေလ့က်င့္မႈအတြင္း အခ်င္းခ်င္းတိုက္မိခဲ့ပုံေပၚတယ္လို႔ ကာကြယ္ေရးဝန္ႀကီး Minoru Kihara က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

Izu ကြၽန္းစုဟာ တိုက်ိဳၿမိဳ႕ေတာင္ဘက္မွာ တည္ရွိတယ္လို႔လည္း သိရပါတယ္။ တပ္ဖြဲ႕ဝင္(၄)ဦးစီ တင္ေဆာင္လာ တဲ့ SH-60K ရဟတ္ယာဥ္ႏွစ္စင္းဟာ ည(၁ဝ)နာရီ (၃၈)မိနစ္နဲ႔ (၁၁)နာရီ (၄)မိနစ္တို႔မွာ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာလို႔လည္း သိရပါတယ္။ ဂ်ပန္ေရေၾကာင္းခုခံကာကြယ္ေရးတပ္ဖြဲ႕ဟာ အေရးေပၚအခ်က္ျပ မႈကို ည(၁ဝ)နာရီ (၃၉)မိနစ္မွာ လက္ခံရရွိခဲ့တယ္လို႔လည္း သိရပါတယ္။

ရဟတ္ယာဥ္ႏွစ္စင္းလုံးရဲ႕ပ်ံသန္းမႈမွတ္တမ္းတင္တဲ့စက္ေတြကို ပ်က္က်ရာေနရာအနီးမွာ ရွာေဖြေတြ႕ရွိခဲ့ၿပီး ပန္ကာဒလက္ေတြနဲ႔ အျခားအပ်က္အစီးေတြကိုလည္း ေတြ႕ရွိခဲ့ရတယ္လို႔ Minoru Kihara က ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း SH-60K ရဟတ္ယာဥ္ႏွစ္စင္း ပ်က္က်ရတဲ့အေၾကာင္းအရင္းကို လက္ရွိအခ်ိန္အထိ ရွင္းရွင္း လင္းလင္း မသိရွိရေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.