လာမည့်ရက်ပိုင်းအတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်

 1155

ယွန်း(NP News) - ဧပြီ ၂၁

လာမည့်ရက်ပိုင်းအတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကက ယနေ့(ဧပြီ ၂၁ ရက်)တွင် ထုတ်ပြန်သည့် ဧပြီလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

ဧပြီတတိယ(၁၀)ရက်ပတ်အတွင်း စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ရှမ်း နှင့် ချင်းတို့တွင် ၃ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

အလားတူ ရန်ကုန် အပါအဝင် နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ ကယား၊ ကရင် နှင့် မွန်တို့တွင်လည်း ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။

ထို့ပြင် အဆိုပါကာလအတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ကယား နှင့် မွန်တို့၌ နေ့အပူချိန်များသည် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်အထက် ပိုနိုင်ကြောင်း သိရသည်။

မိုးဇလအနေဖြင့် ဧပြီလ ၁၇ ရက်မှ ဧပြီလ ၂၃ ရက်အတွင်း အနောက်ဘက်မှ ရွေ့လျားလာသော လေ‌ပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွှေ့လျားလာသော တိမ်တိုက်များနှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းတို့ကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်းကို ပြီးခဲ့သည့် ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

zawgyi version
လာမည့္ရက္ပိုင္းအတြင္း ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္
ယြန္း(NP News) - ဧၿပီ ၂၁

လာမည့္ရက္ပိုင္းအတြင္း ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနကက ယေန႔(ဧၿပီ ၂၁ ရက္)တြင္ ထုတ္ျပန္သည့္ ဧၿပီလ တတိယ(၁၀)ရက္ပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

ဧၿပီတတိယ(၁၀)ရက္ပတ္အတြင္း စစ္ကိုင္း၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း ႏွင့္ ခ်င္းတို႔တြင္ ၃ ရက္မွ ၅ ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

အလားတူ ရန္ကုန္ အပါအဝင္ ေနျပည္ေတာ္၊ စစ္ကိုင္းေအာက္ပိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင္၊ ကယား၊ ကရင္ ႏွင့္ မြန္တို႔တြင္လည္း ၁ ရက္မွ ၂ ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထားသည္။

ထို႔ျပင္ အဆိုပါကာလအတြင္း ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ရွမ္း၊ ကယား ႏွင့္ မြန္တို႔၌ ေန႔အပူခ်ိန္မ်ားသည္ ဧၿပီလပ်မ္းမွ်အပူခ်ိန္၏ ၁ ဒသမ ၅ ဒီဂရီဆဲလ္စီးယက္အထက္ ပိုႏိုင္ေၾကာင္း သိရသည္။

မိုးဇလအေနျဖင့္ ဧၿပီလ ၁၇ ရက္မွ ဧၿပီလ ၂၃ ရက္အတြင္း အေနာက္ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလ‌ေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း၊ အေရွ႕ဘက္မွ ေ႐ႊ႕လ်ားလာေသာ တိမ္တိုက္မ်ားႏွင့္ အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္းမႈအားေကာင္းျခင္းတို႔ေၾကာင့္ အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းႏိုင္ေၾကာင္းကို ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.