ဆီးရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်း ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

 850

Pika(NP News) - ဧပြီ ၂၂

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းဟာ ဒုံးကျည်အနည်းဆုံး(၅)စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့အီရတ်လုံခြုံရေးအရာရှိနှစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဧပြီလ(၂၁)ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီတိုက်ခိုက်မှုအတွင်း လူအသေအပျောက် ရှိ/မရှိဆိုတာကိုတော့ လက်ရှိအချိန်အထိ အတည်ပြုနိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အီရတ်အခြေ စိုက် Kataib Hezbollah လက်နက်ကိုင်အဖွဲ့က နောက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Kataib Hezbollah လက်နက်ကိုင်အဖွဲ့က 'မကြာသေးမီက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ အစပဲရှိပါသေးတယ်'လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ အီရတ်နဲ့ဆီးရီးယားတို့မှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့ ပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ အီရန်ကျောထောက်နောက်ခံပြု Kataib Hezbollah လက်နက်ကိုင်အဖွဲ့ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေအပေါ် တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ရပ်တန့်ခဲ့ပါတယ်။ စစ်သွေးကြွအဖွဲ့တွေဟာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ ယခုနှစ်ဖေဖော်ဝါရီလအတွင်း အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ပေါင်း(၁၅၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို စစ်သွေးကြွအဖွဲ့တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်သား(၃)ဦးသေဆုံးပြီး အခြားစစ်သား (၄၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဧပြီလ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သေးငယ်သော ထရပ်ကားပေါ်မှာတပ်ဆင်ထားတဲ့ ဒုံးကျည်လောင်ချာတစ်ခုလည်းပါဝင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကပြောကြားခဲ့ပါတယ်။ အဲဒီထရပ်ကားဟာ မပစ်လွှတ်ရသေးတဲ့ ဒုံးကျည်ပေါက်ကွဲမှုနဲ့အတူ မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အီရတ်စစ်ဘက်အရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမည်မသိတဲ့ စစ်သွေးကြွတွေဟာ အခြားယာဉ်တစ်စီးနဲ့ ထွက်ပြေးသွားခဲ့တယ်လို့လည်း သိရပါတယ်။ အီရတ်နိုင်ငံ Baghdad မြို့မြောက်ဖက်မှာရှိတဲ့ အီရတ်စစ်ဌာနချုပ်တစ်ခုမှာ အသေခံဗုံးခွဲမှုဖြစ်ပွားပြီးတော့ တစ်ရက်အကြာမှာ ဒီတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အသေခံဗုံးခွဲမှုအတွင်း အီရတ်ရဲ့ Popular Mobilization Units (PMU)က အဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး အခြားလူ(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ အသေခံဗုံးခွဲမှုမှာ ပါဝင်ပတ်သက်တာမျိုးမရှိဘူးလို့ အစ္စရေးနဲ့အမေရိကန်စစ်ဘက်အရာရှိတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

zawgyi version
ဆီးရီးယားရွိ အေမရိကန္စစ္အေျခစိုက္စခန္း ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရ
Pika(NP News) - ဧၿပီ ၂၂

ဆီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ အေမရိကန္စစ္အေျခစိုက္စခန္းဟာ ဒုံးက်ည္အနည္းဆုံး(၅)စင္းနဲ႔ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရတယ္လို႔ အမည္မေဖာ္လိုတဲ့အီရတ္လုံၿခဳံေရးအရာရွိႏွစ္ဦးရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ဧၿပီလ(၂၁)ရက္ေန႔မွာ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့လည္း အဲဒီတိုက္ခိုက္မႈအတြင္း လူအေသအေပ်ာက္ ရွိ/မရွိဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ အတည္ျပဳႏိုင္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္တပ္ဖြဲ႕ေတြအေပၚ တိုက္ခိုက္မႈေတြကို ျပန္လည္စတင္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ အီရတ္အေျခ စိုက္ Kataib Hezbollah လက္နက္ကိုင္အဖြဲ႕က ေနာက္ပိုင္းမွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ Kataib Hezbollah လက္နက္ကိုင္အဖြဲ႕က 'မၾကာေသးမီက ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ဟာ အစပဲရွိပါေသးတယ္'လို႔ ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ဟာ အီရတ္နဲ႔ဆီးရီးယားတို႔မွာရွိတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ ပစ္မွတ္ေတြကို လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ အီရန္ေက်ာေထာက္ေနာက္ခံျပဳ Kataib Hezbollah လက္နက္ကိုင္အဖြဲ႕ဟာ ေဒသတြင္းမွာရွိတဲ့ အေမရိကန္စစ္စခန္းေတြအေပၚ တိုက္ခိုက္မႈေတြကို ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလမွာ ရပ္တန႔္ခဲ့ပါတယ္။ စစ္ေသြးႂကြအဖြဲ႕ေတြဟာ အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလနဲ႔ ယခုႏွစ္ေဖေဖာ္ဝါရီလအတြင္း အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႕ေတြကို ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ အႀကိမ္ေပါင္း(၁၅၀)ေက်ာ္ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့လေတြအတြင္း ေဂ်ာ္ဒန္ႏိုင္ငံမွာရွိတဲ့ အေမရိကန္စစ္အေျခစိုက္စခန္းကို စစ္ေသြးႂကြအဖြဲ႕ေတြက ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာေၾကာင့္ စစ္သား(၃)ဦးေသဆုံးၿပီး အျခားစစ္သား (၄၀)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ဧၿပီလ(၂၁)ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈအတြင္း ေသးငယ္ေသာ ထရပ္ကားေပၚမွာတပ္ဆင္ထားတဲ့ ဒုံးက်ည္ေလာင္ခ်ာတစ္ခုလည္းပါဝင္ခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနကေျပာၾကားခဲ့ပါတယ္။ အဲဒီထရပ္ကားဟာ မပစ္လႊတ္ရေသးတဲ့ ဒုံးက်ည္ေပါက္ကြဲမႈနဲ႔အတူ မီးေလာင္ကြၽမ္းသြားခဲ့တယ္လို႔ အီရတ္စစ္ဘက္အရာရွိတစ္ဦးကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အမည္မသိတဲ့ စစ္ေသြးႂကြေတြဟာ အျခားယာဥ္တစ္စီးနဲ႔ ထြက္ေျပးသြားခဲ့တယ္လို႔လည္း သိရပါတယ္။ အီရတ္ႏိုင္ငံ Baghdad ၿမိဳ႕ေျမာက္ဖက္မွာရွိတဲ့ အီရတ္စစ္ဌာနခ်ဳပ္တစ္ခုမွာ အေသခံဗုံးခြဲမႈျဖစ္ပြားၿပီးေတာ့ တစ္ရက္အၾကာမွာ ဒီတိုက္ခိုက္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ အေသခံဗုံးခြဲမႈအတြင္း အီရတ္ရဲ႕ Popular Mobilization Units (PMU)က အဖြဲ႕ဝင္တစ္ဦးေသဆုံးခဲ့ၿပီး အျခားလူ(၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ အဆိုပါ အေသခံဗုံးခြဲမႈမွာ ပါဝင္ပတ္သက္တာမ်ိဳးမရွိဘူးလို႔ အစၥေရးနဲ႔အေမရိကန္စစ္ဘက္အရာရွိေတြက ထုတ္ျပန္ေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.