ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းအပ်လက်ခံပြီး ကြိုတင်စာသင်ကြားခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူမည်

 8008

Pearl (NP News) - ဧပြီ ၂၂

လာမည့် ပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းအပ်လက်ခံပြီး ကြိုတင် စာသင်ကြားခြင်း ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီဌာနက ပြီးခဲ့သည့် ရက်ပိုင်းက အထက်ပါကဲ့သို့ သတိပေးထုတ် ပြန်ထားခြင်း ဖြစ်သည်။

ပုဂ္ဂလိက ကျောင်းအချို့သည် ကြိုတင်ကျောင်းအပ်လက်ခံပြီး စာသင်ကြားခြင်းပြုလုပ်နေကြောင်း သတင်းများအရ အခြေခံပညာဦးစီးဌာနအနေဖြင့် မြို့နယ်ပညာရေးရုံးများမှတစ်ဆင့် အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကအခြေခံကျောင်းများကို အသိပေးဆောင်ရွက်ရန် နှင့် လိုက်နာမှုမရှိသောကျောင်းများအား ပုဂ္ဂလိက ပညာရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ကို သိရှိကြောင်း ဝန်ခံကတိရေးထိုးစေရန် ထုတ်ပြန်ထားသည်။

ထို့ပြင် ညွှန်ကြားချက်အားဖောက်ဖျက်ကြောင်းပေါ်ပေါက်ပါက စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းအား ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

zawgyi version
ပုဂၢလိကေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းအပ္လက္ခံၿပီး ႀကိဳတင္စာသင္ၾကားျခင္းျပဳလုပ္ပါက ဥပေဒအရ အေရးယူမည္
Pearl (NP News) - ဧၿပီ ၂၂

လာမည့္ ပညာသင္ႏွစ္အတြက္ ပုဂၢလိကေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းအပ္လက္ခံၿပီး ႀကိဳတင္ စာသင္ၾကားျခင္း ျပဳလုပ္ပါက ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီဌာနက ၿပီးခဲ့သည့္ ရက္ပိုင္းက အထက္ပါကဲ့သို႔ သတိေပးထုတ္ ျပန္ထားျခင္း ျဖစ္သည္။

ပုဂၢလိက ေက်ာင္းအခ်ိဳ႕သည္ ႀကိဳတင္ေက်ာင္းအပ္လက္ခံၿပီး စာသင္ၾကားျခင္းျပဳလုပ္ေနေၾကာင္း သတင္းမ်ားအရ အေျခခံပညာဦးစီးဌာနအေနျဖင့္ ၿမိဳ႕နယ္ပညာေရး႐ုံးမ်ားမွတစ္ဆင့္ အမ်ိဳးသားသင္႐ိုးၫႊန္းတမ္းျဖင့္ သင္ၾကားေသာ ပုဂၢလိကအေျခခံေက်ာင္းမ်ားကို အသိေပးေဆာင္႐ြက္ရန္ ႏွင့္ လိုက္နာမႈမရွိေသာေက်ာင္းမ်ားအား ပုဂၢလိက ပညာေရးဥပေဒအရ အေရးယူေဆာင္႐ြက္မည္ကို သိရွိေၾကာင္း ဝန္ခံကတိေရးထိုးေစရန္ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ၫႊန္ၾကားခ်က္အားေဖာက္ဖ်က္ေၾကာင္းေပၚေပါက္ပါက စစ္ေဆးေတြ႕ရွိခ်က္အေပၚ မူတည္၍ သက္ဆိုင္ရာ ပညာေရးဝန္ထမ္းအား ထိေရာက္စြာ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ‌ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.